မည်သူသည် ငါတို့၏ဘုရားသခင်ထာဝရဘုရားနှင့် တူသနည်း။ ကိုယ်တော်သည် မြင့်မြတ်သောအရပ်၌ စိုးစံတော်မူ၏။
ဟေရှာယ 46:5 - မြန်မာ့စံမီသမ္မာကျမ်း သင်တို့သည် ငါ့ကိုမည်သူနှင့်နှိုင်းယှဉ်မည်နည်း။ မည်သူ့ကို ငါနှင့်တူသည်ဟု သတ်မှတ်မည်နည်း။ မည်သူ့ကို ငါနှင့်တူသည်ဟု နှိုင်းယှဉ်မည်နည်း။ Common Language Bible ``သင်တို့သည်ငါ့အားအဘယ်သူနှင့် နှိုင်းယှဉ်ကြပါမည်နည်း။ ငါနှင့်တူသောအခြားဘုရားရှိပါသေး သလော။ Garrad Bible ငါ့ ကို မည် သူ နှင့် ထပ် တူ ပုံ ပြ၍ နှိုင်း ယှဉ် တု ဖက် ကြ မည် နည်း။ Judson Bible သင်တို့သည် ငါ့ကို အဘယ်သူနှင့် ပုံပြကြမည်နည်း။ အဘယ်သူနှင့် တူစေကြမည်နည်း။ တူအောင် အဘယ်သူနှင့် ခိုင်းနှိုင်းကြမည်နည်း။ |
မည်သူသည် ငါတို့၏ဘုရားသခင်ထာဝရဘုရားနှင့် တူသနည်း။ ကိုယ်တော်သည် မြင့်မြတ်သောအရပ်၌ စိုးစံတော်မူ၏။
အို ဘုရားရှင်၊ ဘုရားများထဲတွင် ကိုယ်တော်နှင့်တူသောဘုရားမရှိပါ။ ကိုယ်တော်ပြုတော်မူသောအမှုများနှင့်တူသော အမှုလည်း မရှိပါ။
အကြောင်းမူကား မိုးကောင်းကင်တွင် မည်သူ့ကို ထာဝရဘုရားနှင့်နှိုင်းယှဉ်နိုင်ပါသနည်း။ ကောင်းကင်သားတို့တွင် မည်သူသည် ထာဝရဘုရားနှင့်တူပါသနည်း။
ကောင်းကင်ဗိုလ်ခြေအရှင်ဘုရားသခင်ထာဝရဘုရား၊ မည်သူသည် ကိုယ်တော်ကဲ့သို့ ခွန်အားကြီးပါသနည်း။ အို ထာဝရဘုရား၊ ကိုယ်တော်၏သစ္စာတော်သည် ကိုယ်တော်ကိုဝန်းရံလျက်ရှိပါ၏။
အို ထာဝရဘုရား၊ ဘုရားတို့တွင် အဘယ်မည်သောဘုရားသည် ကိုယ်တော်နှင့်တူပါသနည်း။ သန့်ရှင်းခြင်းကြောင့် ဘုန်းကြီးတော်မူသော၊ ဘုန်းအသရေကြောင့် ကြောက်ရွံ့ဖွယ်ဖြစ်တော်မူသော၊ အံ့ဖွယ်သောအမှုကိုပြုတော်မူသော ကိုယ်တော်နှင့် အဘယ်သူတူပါသနည်း။
ဘုရားသခင်သည် မည်သူနှင့်တူသနည်း။ သင်သည် ဘုရားသခင်ကို မည်သည့်ပုံသဏ္ဌာန်နှင့် နှိုင်းယှဉ်မည်နည်း။
သန့်ရှင်းသောအရှင်က “သင်တို့သည် ငါ့ကို မည်သူနှင့်နှိုင်းယှဉ်မည်နည်း။ မည်သူသည် ငါနှင့်တူသနည်း”ဟု မိန့်တော်မူ၏။
ယာကုပ်အမျိုး၏ဝေစုဖြစ်သောဘုရားသခင်သည် ထိုကဲ့သို့မဟုတ်။ အကြောင်းမူကား ကိုယ်တော်သည် အရာခပ်သိမ်းကို ပုံဖော်ဖန်ဆင်းသောအရှင်ဖြစ်၏။ အစ္စရေးလူမျိုးသည် ကိုယ်တော်၏အမွေတော်အမျိုးအနွယ်ဖြစ်၏။ ကိုယ်တော်၏နာမတော်ကား ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားပေတည်း။
ခရစ်တော်သည် ဘုရားသခင်၏အသွင်သဏ္ဌာန်ရှိသော်လည်း ဘုရားသခင်နှင့်တန်းတူဖြစ်ခြင်းကို ဆုပ်ကိုင်ထားရမည့်အရာဟု မမှတ်ယူဘဲ
သားတော်သည် မမြင်ရသောဘုရားသခင်၏ပုံသဏ္ဌာန်တော်ဖြစ်ပြီး ဖန်ဆင်းတော်မူသောအရာအားလုံးတို့တွင် သားဦးဖြစ်တော်မူ၏။
သားတော်သည် ဘုရားသခင်၏ဘုန်းတော်ရောင်ခြည်နှင့် ဇာတိအဖြစ်တော်တို့ကို ထင်ဟပ်သောပုံသဏ္ဌာန်ဖြစ်တော်မူပြီး မိမိ၏တန်ခိုးနှင့်ပြည့်စုံသော နှုတ်ကပတ်တော်အားဖြင့် အရာခပ်သိမ်းကိုတည်စေ၍ အပြစ်များအတွက် စင်ကြယ်ခြင်းဝတ်ကိုပြုပြီးလျှင် အထက်ကောင်းကင်၌ ဘုန်းတန်ခိုးရှင်၏လက်ယာဘက်တွင် ထိုင်တော်မူ၏။
ထို့ပြင် နဂါးသည် သားရဲအား အခွင့်အာဏာကိုပေးအပ်သဖြင့် သူတို့သည် နဂါးကိုကိုးကွယ်ကြ၏။ သူတို့က “မည်သူသည် သားရဲနှင့်တူသနည်း။ မည်သူသည် သူ့ကို တိုက်ခိုက်နိုင်သနည်း”ဟု ဆိုလျက် သားရဲကိုလည်းကိုးကွယ်ကြ၏။