သူသည် ကျန်တစ်ပိုင်းဖြင့် သူ၏ဘုရားဖြစ်သော ရုပ်တုဆင်းတုကို ထုလုပ်တတ်၏။ ထိုရုပ်တုကို ပျပ်ဝပ်ကိုးကွယ်လျက် ‘ကိုယ်တော်သည် အကျွန်ုပ်၏ဘုရားဖြစ်ပါ၏။ အကျွန်ုပ်ကို ကယ်တင်တော်မူပါ’ဟု ဆုတောင်းတတ်၏။
ထိုနောက်သူသည်အခြားကျန်ရှိသောသစ် သားဖြင့်ရုပ်တုတစ်ခုကိုထုလုပ်ပြီးလျှင် ဦးချဝတ်ပြု၍ ထိုရုပ်တုအား``အရှင်သည် ကျွန်တော်မျိုး၏ဘုရားဖြစ်တော်မူပါ၏။ ကျွန်တော်မျိုးအားကယ်မတော်မူပါ'' ဟု ဆုတောင်းပတ္ထနာပြုတတ်၏။
ကျန် တစ် ဝက် ကို ကိုယ့် ဘု ရား အ ဖြစ် ရုပ် ပွား ဆင်း တု လုပ် ပြီး လျှင် ပျပ် ဝပ် ရှိ ခိုး ရာ ကိုယ် တော် သည် အ ကျွန်ုပ် ဘု ရား ဖြစ် တော် မူ ပါ၏။ ကယ် တော် မူ ပါ ဟူ၍ လည်း ကောင်း ဆို လေ့ ရှိ သည် တ ကား။
ကျန်သောအပိုင်းကိုလည်းယူ၍ ရုပ်တုတည်းဟူသော ဘုရားကို လုပ်တတ်၏။ ထိုရုပ်တုရှေ့မှာ ပျပ်ဝပ်၍ ကိုးကွယ်တတ်၏။ ကိုယ်တော်သည် အကျွန်ုပ်၏ဘုရား ဖြစ်တော်မူ၏။ အကျွန်ုပ်ကိုကယ်တင်တော်မူပါဟူ၍ ဆုတောင်းတတ်၏။
ထို့ကြောင့် သူတို့ကိုပေးသောနွားအား ယူ၍အသင့်ပြင်ပြီး “အို ဗာလဘုရား၊ အကျွန်ုပ်တို့ကို ထူးတော်မူပါ”ဟု နံနက်အချိန်မှ မွန်းတည့်အချိန်ထိ ဗာလဘုရား၏နာမကိုခေါ်ကြ၏။ သို့သော် တုံ့ပြန်မှုမရှိ။ ထူးသံလည်း မကြားရ။ သူတို့သည် မိမိတို့တည်ထားသောယဇ်ပလ္လင်ပတ်ပတ်လည်တွင် ကခုန်ယိမ်းထိုးလျက်နေကြ၏။
ထို့ကြောင့် သူတို့သည် အသံကျယ်လောင်စွာအော်ခေါ်သည်သာမက သူတို့ဓလေ့အတိုင်း ကိုယ်ကိုဓားလှံတို့ဖြင့်ထိုးမွှမ်းသဖြင့် သူတို့ကိုယ်ပေါ်တွင် သွေးသံရဲရဲဖြစ်လေ၏။
သူတို့ပြည်သည် ရုပ်တုများနှင့်ပြည့်၍ သူတို့သည် မိမိတို့လက်ဖြင့်လုပ်သောအရာ၊ မိမိတို့လက်ချောင်းများဖြင့် ပြုလုပ်သောအရာတို့ကို ရှိခိုးကိုးကွယ်ကြ၏။
သူသည် မိမိဘုရား နိသရုတ်ဝတ်ကျောင်း၌ ရှိခိုးကိုးကွယ်နေစဉ် သားတော် အာဒြမ္မေလက်နှင့်ရှရေဇာတို့သည် သူ့ကို ဓားဖြင့် သတ်ပြီးလျှင် အာရရတ်ပြည်သို့ ထွက်ပြေးသွားကြ၏။ သူ၏သားတော်ဧသရဟဒ္ဒုန်သည် သူ့အရိုက်အရာကို ဆက်ခံလေ၏။
လူသည် ထိုအပင်တို့ကို ထင်းအဖြစ်သုံး၏။ တစ်ပိုင်းကိုယူ၍ မီးလှုံ၏။ မီးမွှေး၍လည်း မုန့်ဖုတ်တတ်၏။ ဘုရားရုပ်တုကိုလည်း ပြုလုပ်၍ ကိုးကွယ်တတ်၏။ ရုပ်တုဆင်းတုထုလုပ်၍ ပျပ်ဝပ်တတ်၏။
သစ်တစ်ပိုင်းကို မီးရှို့၏။ ထိုသစ်တစ်ပိုင်းအပေါ်၌ပင် အသားကိုကင်၏။ အသားကင်ကို ဝစွာစား၏။ မီးလှုံ၍ ‘အယ်၊ ငါနွေးပြီ။ မီးကိုတွေ့ပြီ’ဟု ဆိုတတ်၏။
လူမျိုးအပေါင်းတို့လက်မှ ထွက်ပြေးလွတ်မြောက်လာသောသူတို့၊ စုရုံး၍ လာကြလော့။ အတူတကွ ချဉ်းကပ်ကြလော့။ သစ်သားရုပ်တုဆင်းတုကို ဆောင်ထားသောသူ၊ မကယ်တင်နိုင်သောဘုရားထံ ဆုတောင်းသောသူတို့သည် အသိဉာဏ်မရှိ။
ရွှေကို အိတ်ထဲမှသွန်ချသောသူ၊ ငွေကို ချိန်ခွင်နှင့်ချိန်သောသူတို့သည် ပန်းထိမ်သမားကိုငှားရမ်း၍ ဘုရားရုပ်တုထုလုပ်စေပြီး ပျပ်ဝပ်ကိုးကွယ်ကြ၏။
သူတို့က သစ်ပင်အား ‘အကျွန်ုပ်၏ဖခင်’၊ ကျောက်တုံးအား ‘အကျွန်ုပ်တို့ကိုမွေးဖွားသူ’ဟု ဆိုကြ၏။ ငါ့ကိုကား မျက်နှာလွှဲ၍ ကျောခိုင်းသွားကြ၏။ သို့သော် ဒုက္ခရောက်ချိန်၌ ‘ထတော်မူပါ၊ အကျွန်ုပ်တို့ကိုကယ်တော်မူပါ’ဟု ဆိုတတ်ကြ၏။
အကျွန်ုပ်တို့ ကိုးကွယ်သောဘုရားသခင်သည် မီးတောက်လောင်နေသောမီးပြင်းဖိုထဲမှ အကျွန်ုပ်တို့ကို ကယ်တင်နိုင်ပါ၏။ အရှင်မင်းကြီးလက်မှလည်း အကျွန်ုပ်တို့ကို ကယ်တင်တော်မူလိမ့်မည်။
ထို့ကြောင့် ယခု ငါအမိန့်ထုတ်ပြန်မည်။ မည်သည့်လူမျိုး၊ မည်သည့်တိုင်းနိုင်ငံသား၊ မည်သည့်ဘာသာစကားပြောဆိုသောသူမဆို ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့၏ဘုရားသခင်ကို ဆန့်ကျင်ပြောဆိုလျှင် သူ့ကို အပိုင်းပိုင်းခုတ်ဖြတ်ပစ်မည်။ သူ့အိမ်ကိုလည်း မစင်ပုံဖြစ်စေမည်။ ဤဘုရားကဲ့သို့ ကယ်နုတ်နိုင်သောဘုရားမရှိ”ဟု အမိန့်ထုတ်ပြန်လေ၏။
ထို့ကြောင့် ရှင်ဘုရင်အမိန့်ပေး၍ သူတို့သည်လည်း ဒံယေလကို ခေါ်လာကြပြီး ခြင်္သေ့တွင်းထဲသို့ ပစ်ချလိုက်လေ၏။ ရှင်ဘုရင်ကလည်း ဒံယေလအား “သင် အမြဲကိုးကွယ်သောသင်၏ဘုရားသခင်သည် သင့်ကိုကယ်တင်တော်မူပါစေသော”ဟု မိန့်ဆို၏။
ဒံယေလကို ခြင်္သေ့ရန်မှကယ်တင်တော်မူသောဘုရားသခင်သည် မိုးကောင်းကင်နှင့် မြေကြီးပေါ်တွင် မစကယ်တင်တော်မူသောဘုရား၊ အံ့ဖွယ်နိမိတ်လက္ခဏာကို ပြတော်မူသောဘုရား ဖြစ်တော်မူ၏”ဟူ၍ ပါရှိ၏။
သူတို့သည် အပြစ်ကို အထပ်ထပ်ကျူးလွန်ကြ၏။ သူတို့ကိုယ်ပိုင်ဉာဏ်ဖြင့် သူတို့အဖို့ ငွေရုပ်တုကို လုပ်ကြ၏။ ထိုရုပ်တုအားလုံးသည် လက်မှုပညာသည်တို့၏လက်ရာသက်သက်သာ ဖြစ်၏။ ထိုသူတို့က “ယဇ်ပူဇော်သောလူတို့သည် နွားသငယ်ရုပ်တုကိုနမ်းကြစေ”ဟု ဆိုကြ၏။
သင်တတ်မြောက်သောမှော်အတတ်များကို သင့်ထံမှ ငါဖယ်ရှားပစ်မည်။ ဗေဒင်ဟောသောသူများလည်း သင်၌ ရှိတော့မည်မဟုတ်။
သစ်သားကို ‘နိုးပါ’ဟု ပြောသောသူ၊ စကားမပြောတတ်သောကျောက်တုံးကို ‘ထပါ’ဟု ပြောသောသူသည် အမင်္ဂလာရှိ၏။ ထိုအရာသည် သင်တို့ကို သွန်သင်ပြနိုင်မည်လော။ ထိုအရာကို ရွှေ၊ ငွေတို့ဖြင့်မွမ်းမံထား၏။ ထိုအရာ၌ အသက်အလျှင်းမရှိ။
ဤအမှုအရာသည် ငါတို့၏လုပ်ငန်းကို နာမည်ပျက်စေမည်ဟု စိုးရိမ်ရသည်သာမက ကြီးမြတ်သောအာတေမိနတ်ဘုရားမ၏ဗိမာန်သည် ပမာဏပြုစရာမရှိတော့ဘဲ အာရှပြည်နှင့် ကမ္ဘာတစ်ဝန်းလုံးကိုးကွယ်သည့် နတ်ဘုရားမ၏ခန့်ညားထည်ဝါမှုသည်လည်း ကွယ်ပျောက်သွားတော့မည်ဟု စိုးရိမ်ရ၏”ဟု ပြောဆိုလေ၏။