စိတ်အားငယ်သောသူတို့အား “အားယူကြလော့။ မကြောက်ကြနှင့်။ ကြည့်ရှုလော့။ သင်တို့၏ဘုရားသခင်သည် လက်စားချေရန် ကြွလာမည်။ အကျိုးအပြစ်ပေးရန် ကြွလာမည်။ ဘုရားသခင်ကိုယ်တော်တိုင်ကြွလာ၍ သင်တို့ကို ကယ်တင်တော်မူမည်”ဟု ဆိုကြလော့။
ဟေရှာယ 41:6 - မြန်မာ့စံမီသမ္မာကျမ်း သူတို့အချင်းချင်း ကူညီမစကြ၏။ မိမိညီအစ်ကိုအား “အားယူလော့”ဟု ဆိုကြ၏။ Common Language Bible လက်မှုပညာသည်တို့သည်အချင်းချင်းကူညီ ရိုင်းပင်းလျက်အားပေးစကားပြောကြားကြ၏။ Garrad Bible အ ပေါင်း အ ဖော် ညီ အစ် ကို အ ချင်း ချင်း ကူ ညီ လျက်၊ အား ယူ လော့ ဟု ဆို ကြ သည့် အ တိုင်း၊ Judson Bible အိမ်နီးချင်း တစ်ယောက်ကိုတစ်ယောက် မစ၍၊ ညီအစ်ကိုချင်း တစ်ယောက်ကိုတစ်ယောက်၊ မစိုးရိမ်နှင့်ဟု ဆိုကြ၏။ |
စိတ်အားငယ်သောသူတို့အား “အားယူကြလော့။ မကြောက်ကြနှင့်။ ကြည့်ရှုလော့။ သင်တို့၏ဘုရားသခင်သည် လက်စားချေရန် ကြွလာမည်။ အကျိုးအပြစ်ပေးရန် ကြွလာမည်။ ဘုရားသခင်ကိုယ်တော်တိုင်ကြွလာ၍ သင်တို့ကို ကယ်တင်တော်မူမည်”ဟု ဆိုကြလော့။
ပန်းတဉ်းသမားသည် ရုပ်တုဆင်းတုကိုသွန်းလုပ်တတ်၏။ ပန်းထိမ်သမားသည်လည်း ထိုရုပ်တုကိုရွှေဖြင့်မွမ်းမံပြီး ငွေဆွဲကြိုးများ လုပ်ပေးတတ်၏။
ကမ်းရိုးတန်းဒေသတို့သည် မြင်၍ ကြောက်ရွံ့ကြပြီ။ မြေကြီးစွန်းတို့သည် ကြောက်ရွံ့တုန်လှုပ်ကြပြီ။ သူတို့သည် ချဉ်းကပ်လာကြပြီ။
ပန်းတဉ်းသမားသည် ပန်းထိမ်သမားကို အားပေး၏။ တူနှင့်အချောသပ်သောသူသည် ပေပေါ်တွင် ထုသောသူကို အားပေး၏။ ဂဟေဆက်ထားသည်မှာ “ကောင်းသည်”ဟု ဆို၏။ သူတို့သည် ရုပ်တုကို ခိုင်ခံ့စေရန် သံဖြင့် ရိုက်ထားကြ၏။
ပန်းပဲသမားသည် သံကို မီးညှပ်ဖြင့် မီးခဲပေါ်တင်၍ အလုပ်လုပ်၏။ သူသည် တူဖြင့်ပုံသွင်းတတ်၏။ သူ၏လက်ရုံးခွန်အားဖြင့် လုပ်ဆောင်တတ်၏။ သူသည် ဆာလောင်မွတ်သိပ်၍ ခွန်အားမရှိ။ ရေမသောက်ရသဖြင့် အားအင်ကုန်ခန်းတတ်၏။