သူတို့သည် ထိုရုပ်တုကို ပခုံးပေါ်ထမ်း၍ သယ်ဆောင်သွားကြ၏။ ထိုရုပ်တုသည် ချထားသောနေရာ၌ မတ်တတ်နေရ၏။ နေရာမှမရွေ့နိုင်။ အော်ဟစ်အသနားခံသောသူကိုလည်း ပြန်မထူးနိုင်။ သူ့ကိုလည်း ဆင်းရဲဒုက္ခထဲမှ မကယ်တင်နိုင်။
ဟေရှာယ 41:28 - မြန်မာ့စံမီသမ္မာကျမ်း ငါကြည့်ရှုသောအခါ တစ်စုံတစ်ယောက်မျှမရှိ။ ငါမေးမြန်းသောအခါ သူတို့ထဲတွင် ပြန်ဖြေကြားနိုင်သောသူ တစ်ယောက်မျှမရှိ၊ အကြံပေးနိုင်သောသူ တစ်ယောက်မျှမရှိ။ Common Language Bible ငါသည်ဘုရားများကိုကြည့်လိုက်သောအခါ သူတို့သည်ငါ့အားစကားတစ်ခွန်းတစ်လေ ကိုမျှမပြောကြ။ ငါမေးသည့်မေးခွန်းများကိုလည်းအဘယ် သူမျှ ပြန်၍မဖြေနိုင်ကြ။ Garrad Bible ငါ မေး မြန်း သော အ ခါ ၎င်း တို့ အ နက် စ ကား တုံ့ ပြန်၍ အ ကြံ ပေး တတ် သူ မ ရှိ။ ရှာ ဖွေ ရာ လည်း တစ် ဦး တစ် ယောက် မျှ မ ရှိ ချေ။ Judson Bible သူတို့ကို ငါကြည့်ရှုသောအခါ၊ တစ်စုံတစ်ယောက်မျှ မရှိ။ သူတို့တွင် သတိပေးသောသူ တစ်ယောက်မျှမရှိ။ ပြန်ပြောစေခြင်းငှာ သူတို့ကို ငါမေးမြန်းသော်လည်း၊ |
သူတို့သည် ထိုရုပ်တုကို ပခုံးပေါ်ထမ်း၍ သယ်ဆောင်သွားကြ၏။ ထိုရုပ်တုသည် ချထားသောနေရာ၌ မတ်တတ်နေရ၏။ နေရာမှမရွေ့နိုင်။ အော်ဟစ်အသနားခံသောသူကိုလည်း ပြန်မထူးနိုင်။ သူ့ကိုလည်း ဆင်းရဲဒုက္ခထဲမှ မကယ်တင်နိုင်။
ငါလာသောအခါ အဘယ်ကြောင့် လူတစ်ယောက်မျှမရှိသနည်း။ ငါခေါ်သောအခါ အဘယ်ကြောင့် ထူးသောသူမရှိသနည်း။ ငါ့လက်သည် မရွေးနုတ်နိုင်လောက်အောင် တိုလွန်းသလော။ ငါ၌ ကယ်တင်နိုင်သောတန်ခိုးမရှိသလော။ ငါဆုံးမသဖြင့် ပင်လယ်သည် ခန်းခြောက်၏။ ငါသည် မြစ်တို့ကို တောကန္တာရဖြစ်စေ၍ ငါးတို့သည် ရေမရှိသောကြောင့် အပုပ်နံ့ထွက်ကြ၏။ ရေငတ်၍သေကြ၏။
ကိုယ်တော်သည် ကြားဝင်စေ့စပ်သောသူတစ်ဦးတစ်ယောက်မျှမရှိကြောင်းကို မြင်၍ အံ့ဩတော်မူ၏။ ထို့ကြောင့် ကိုယ်တော်၏လက်ရုံးတော်သည် ကယ်တင်ခြင်းအမှုကိုပြု၍ ကိုယ်တော်၏ဖြောင့်မတ်ခြင်းသည် ကိုယ်တော့်ကိုထောက်မပေး၏။
ငါကြည့်လိုက်သော် ကူညီမစမည့်သူမရှိ။ ထောက်မမည့်သူလည်းမရှိသည်ကို ငါအံ့ဩ၏။ ထို့ကြောင့် ငါ့လက်ရုံးသည် ကယ်တင်ခြင်းအမှုကိုပြုပြီ။ ငါ့အမျက်ဒေါသသည် ငါ့ကိုထောက်မပြီ။
ဓားဘေးကို ငါစီမံထားပြီ။ သင်တို့အားလုံးသည် သတ်ဖြတ်သူရှေ့၌ လည်စင်းပေးရလိမ့်မည်။ အကြောင်းမူကား ငါခေါ်သောအခါ သင်တို့မထူး။ ငါမိန့်သောအခါ သင်တို့နားမထောင်။ ငါ့မျက်မှောက်၌ မကောင်းမှုကိုပြု၍ ငါမနှစ်သက်သောအရာကို သင်တို့ရွေးချယ်သောကြောင့်ဖြစ်၏”ဟု မိန့်တော်မူ၏။
ထိုအခါ ရှင်ဘုရင်၏ပညာရှိအပေါင်းတို့သည် အခစားဝင်ကြ၏။ သို့သော် စာကို မဖတ်နိုင်၊ အနက်အဓိပ္ပာယ်ကိုလည်း မဖော်ပြပေးနိုင်ကြ။