သင်၏ပညာရှိတို့သည် အဘယ်မှာနည်း။ သူတို့သည် အီဂျစ်ပြည်နှင့်ပတ်သက်၍ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား ကြံစည်တော်မူသောအရာကို သင့်အား ပြောပြကြပါစေ။ ဖော်ပြကြပါစေ။
ဟေရှာယ 41:23 - မြန်မာ့စံမီသမ္မာကျမ်း သင်တို့သည် ဘုရားများဖြစ်သည်ကို ငါတို့သိရှိနိုင်မည့်အကြောင်း နောင်ဖြစ်လာမည့်အရာတို့ကို ပြောပြကြလော့။ ငါတို့အားလုံး မြင်၍ အံ့ဩတုန်လှုပ်သွားအောင် ကောင်းသောအမှုကိုဖြစ်စေ၊ ဆိုးညစ်သောအမှုကိုဖြစ်စေ လုပ်ပြကြလော့။ Common Language Bible အနာဂတ်၌အဘယ်အရာဖြစ်မည်ကို ငါတို့အား ဖော်ပြကြလော့။ သို့မှသာလျှင်သင်တို့သည်ဘုရားများဖြစ် ကြောင်း ငါတို့သိရှိကြလိမ့်မည်။ ကောင်းသောအမှုကိုပြုကြလော့။ သို့တည်းမဟုတ်ဘေးအန္တရာယ်တစ်ခုခုကို သက်ရောက်စေကြလော့။ ငါတို့အားစိုးရွံ့ကြောက်လန့်တုန်လှုပ်အောင် ပြုကြလော့။ Garrad Bible သင် တို့ သည် ဘု ရား များ မှန် ကြောင်း ငါ တို့ သိ ကြ စေ ရန်၊ အ နာ ဂတ် အ ရာ များ ကို မ ဖော် မ ပြ နိုင် က၊ ငါ တို့ ရှု ကြည့်၍ အံ့ ဩ ကြ စေ ခြင်း ငှာ၊ အ ကောင်း ကို ဖြစ် စေ၊ အ ဆိုး ကို ဖြစ် စေ၊ ပြု ကြ လော့။ Judson Bible သင်တို့သည် ဘုရားဖြစ်သည်ကို ငါတို့သိရမည်အကြောင်း၊ ဖြစ်လတ္တံ့သော အရာတို့ကို ပြကြလော့။ အချင်းချင်း တစ်ယောက်ကိုတစ်ယောက် ကြည့်ရှုတွေ့မြင်မည် အကြောင်း၊ ကောင်းသောအမှု၊ ဆိုးသောအမှု တစ်စုံတစ်ခုကို ပြုကြလော့။ |
သင်၏ပညာရှိတို့သည် အဘယ်မှာနည်း။ သူတို့သည် အီဂျစ်ပြည်နှင့်ပတ်သက်၍ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား ကြံစည်တော်မူသောအရာကို သင့်အား ပြောပြကြပါစေ။ ဖော်ပြကြပါစေ။
ကြည့်ရှုလော့။ ယခင်ဟောခဲ့သောအရာတို့သည် ဖြစ်လာပြီ။ အသစ်သောအရာတို့ကို ငါဟောပြော၏။ ထိုအရာတို့ ဖြစ်မလာမီ သင်တို့ကို ငါသိစေ၏။
လူမျိုးအပေါင်းတို့သည် အတူတကွစုရုံးကြ၏။ လူတို့သည် စုဝေးကြ၏။ သူတို့တွင် မည်သူသည် ဤအမှုကို ပြောကြားမည်နည်း။ ယခင်ကဖြစ်ပျက်ခဲ့သောအရာတို့ကို ကျွန်ုပ်တို့အား မည်သူ ကြားသိစေမည်နည်း။ သူတို့မှန်ကန်ကြောင်းသက်သေပြရန် သူတို့၏သက်သေများကို ယူဆောင်လာကြပါစေ။ လူတို့သည် ကြား၍ မှန်သည်ဟု ပြောဆိုကြပါစေ။
ပြောပြကြလော့။ တင်ပြကြလော့။ သူတို့ အတူတကွတိုင်ပင်ကြပါစေ။ ဤအမှုကို ရှေးကာလမှစ၍ မည်သူကြားသိစေခဲ့သနည်း။ ထိုအချိန်မှစ၍ မည်သူပြောကြားခဲ့သနည်း။ ငါထာဝရဘုရားပင် မဟုတ်လော။ ငါမှတစ်ပါး အခြားဘုရားမရှိ။ ငါသည် ဖြောင့်မတ်သောဘုရား၊ ကယ်တင်သောအရှင်ဖြစ်၏။ ငါမှတစ်ပါး အခြားမရှိ။
ငါသည် သင့်ကို အမည်ဖြင့်ခေါ်သော အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရား ဖြစ်တော်မူကြောင်းကို သင်သိရှိစေရန် အမှောင်ထဲမှဥစ္စာဘဏ္ဍာ၊ လျှို့ဝှက်သောအရပ်မှဝှက်ထားသောဘဏ္ဍာတို့ကို သင့်အားငါပေးမည်။
သူတို့သည် ထိုရုပ်တုကို ပခုံးပေါ်ထမ်း၍ သယ်ဆောင်သွားကြ၏။ ထိုရုပ်တုသည် ချထားသောနေရာ၌ မတ်တတ်နေရ၏။ နေရာမှမရွေ့နိုင်။ အော်ဟစ်အသနားခံသောသူကိုလည်း ပြန်မထူးနိုင်။ သူ့ကိုလည်း ဆင်းရဲဒုက္ခထဲမှ မကယ်တင်နိုင်။
ထိုအရာသည် သခွားခင်းရှိ စာခြောက်ရုပ်နှင့်တူ၏။ စကားလည်းမပြောနိုင်။ လမ်းလည်းမလျှောက်နိုင်သဖြင့် ထမ်းသွားရ၏။ အန္တရာယ်မပေးနိုင်သလို ကောင်းကျိုးလည်း မပေးနိုင်သောကြောင့် ထိုအရာတို့ကို မကြောက်ကြနှင့်”ဟု မိန့်တော်မူ၏။
သင်တို့သည် ငါ့အိပ်မက်ကို မဖော်ပြနိုင်လျှင် သင်တို့အဖို့ အပြစ်ဒဏ်တစ်ခုကို ငါချမှတ်ထားပြီးဖြစ်၏။ အခြေအနေပြောင်းလိုပြောင်းငြား သင်တို့ပူးပေါင်းပြီး ငါ့ကို မလိမ့်တပတ် လျှောက်တင်ကြ၏။ ငါ့အား အိပ်မက်ကိုသာ ပြောပြလော့။ သင်တို့သည် အိပ်မက်ကိုပြောပြနိုင်လျှင် အနက်အဓိပ္ပာယ်ကိုလည်း ဖွင့်ပြနိုင်မည်ကို ငါသိရမည်”ဟု မိန့်ဆို၏။
ထိုအခြင်းအရာဖြစ်ပျက်လာသောအခါ ငါသည် ထိုအရှင်ဖြစ်ကြောင်း သင်တို့ယုံကြည်ကြရန် ထိုအခြင်းအရာမဖြစ်ပျက်မီ ယခုကပင် သင်တို့အား ငါပြောနှင့်ပြီ။
ရှေးကာလမှစ၍ ဤအမှုအရာများကို သိစေတော်မူသောထာဝရဘုရား မိန့်တော်မူ၏’ဟူ၍ ရေးထားသည့်အတိုင်းဖြစ်၏။