Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဟေ​ရှာ​ယ 41:23 - Common Language Bible

23 အ​နာ​ဂတ်​၌​အ​ဘယ်​အ​ရာ​ဖြစ်​မည်​ကို ငါ​တို့​အား ဖော်​ပြ​ကြ​လော့။ သို့​မှ​သာ​လျှင်​သင်​တို့​သည်​ဘု​ရား​များ​ဖြစ် ကြောင်း ငါ​တို့​သိ​ရှိ​ကြ​လိမ့်​မည်။ ကောင်း​သော​အ​မှု​ကို​ပြု​ကြ​လော့။ သို့​တည်း​မ​ဟုတ်​ဘေး​အန္တ​ရာယ်​တစ်​ခု​ခု​ကို သက်​ရောက်​စေ​ကြ​လော့။ ငါ​တို့​အား​စိုး​ရွံ့​ကြောက်​လန့်​တုန်​လှုပ်​အောင် ပြု​ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

23 သင် တို့ သည် ဘု ရား များ မှန် ကြောင်း ငါ တို့ သိ ကြ စေ ရန်၊ အ နာ ဂတ် အ ရာ များ ကို မ ဖော် မ ပြ နိုင် က၊ ငါ တို့ ရှု ကြည့်၍ အံ့ ဩ ကြ စေ ခြင်း ငှာ၊ အ ကောင်း ကို ဖြစ် စေ၊ အ ဆိုး ကို ဖြစ် စေ၊ ပြု ကြ လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

23 သင်​တို့​သည် ဘု​ရား​ဖြစ်​သည်​ကို ငါ​တို့​သိ​ရ​မည်​အ​ကြောင်း၊ ဖြစ်​လ​တ္တံ့​သော အ​ရာ​တို့​ကို ပြ​ကြ​လော့။ အ​ချင်း​ချင်း တစ်​ယောက်​ကို​တစ်​ယောက် ကြည့်​ရှု​တွေ့​မြင်​မည် အ​ကြောင်း၊ ကောင်း​သော​အ​မှု၊ ဆိုး​သော​အ​မှု တစ်​စုံ​တစ်​ခု​ကို ပြု​ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

23 သင်​တို့​သည် ဘုရား​များ​ဖြစ်​သည်​ကို ငါ​တို့​သိရှိ​နိုင်​မည့်​အကြောင်း နောင်​ဖြစ်လာ​မည့်​အရာ​တို့​ကို ပြောပြ​ကြ​လော့​။ ငါ​တို့​အားလုံး မြင်​၍ အံ့ဩ​တုန်လှုပ်​သွား​အောင် ကောင်း​သော​အမှု​ကို​ဖြစ်စေ​၊ ဆိုးညစ်​သော​အမှု​ကို​ဖြစ်စေ လုပ်ပြ​ကြ​လော့​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေ​ရှာ​ယ 41:23
13 ပူးပေါင်းရင်းမြစ်များ  

အို အီ​ဂျစ်​မင်း၊ သင်​၏​အ​တိုင်​ပင်​ခံ​ပ​ညာ​ရှိ များ​ကား​အ​ဘယ်​မှာ​နည်း။ အီ​ဂျစ်​ပြည်​အ​တွက် အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​အ​ဘယ်​သို့ အ​ကြံ​အ​စည်​တော်​ရှိ​သည်​ကို​သူ​တို့​အား မေး​မြန်း​ပါ​လော့။-


ငါ​ကြို​တင်​ဟော​ကြား​ခဲ့​သည့်​အ​မှု​အ​ရာ​များ သည် ယ​ခု​ဖြစ်​ပျက်​လာ​လေ​ပြီ။ ယ​ခု​တစ်​ဖန်​ငါ​သည်​သင့်​အား​ဆန်း​သစ်​သည့် အ​မှု​အ​ရာ​များ​ကို ယင်း​တို့​အ​စ​ပြု​၍​မ​ပေါ်​ပေါက်​မီ​ပင်​ဖော်​ပြ ပါ​အံ့။''


လူ​မျိုး​တ​ကာ​တို့​အား​တ​ရား​စီ​ရင်​ရာ​သို့ ဆင့်​ခေါ်​ကြ​လော့။ သူ​တို့​၏​အ​ဘယ်​မည်​သော​ဘု​ရား​တို့​သည် အ​နာ​ဂတ်​ဟော​စ​တမ်း​ကို​ထုတ်​နိုင်​ပါ​သ​နည်း။ အ​ဘယ်​မည်​သော​ဘု​ရား​တို့​သည်​ယ​ခု​ဖြစ် ပျက်​ဆဲ အ​မှု​အ​ရာ​များ​ကို​ကြို​တင်​ဟော​ကြား​ခဲ့​ပါ သ​နည်း။ ထို​ဘု​ရား​တို့​သည်​မိ​မိ​တို့​မှန်​ကန်​၍​နေ ကြောင်း အ​ထောက်​အ​ထား​ပြ​နိုင်​ရန်​နှင့် မိ​မိ​တို့​ပြော​ဆို​ခဲ့​သည့်​အ​တိုင်း​ဟုတ်​မှန်​၍ နေ​ပုံ​ကို အ​ကိုး​အ​ကား​ပြ​နိုင်​ရန်၊ အ​သိ​သက်​သေ​များ​ကို​ခေါ်​ဆောင်​ခဲ့​ကြ​ပါ​စေ။


လာ​ရောက်​၍​သင်​တို့​၏​အ​မှု​ကို​ရုံး​တော်​သို့ တင်​ကြ​လော့။ တ​ရား​ခံ​တို့​သည်​အ​ချင်း​ချင်း​တစ်​ဦး​နှင့် တစ်​ဦး တိုင်​ပင်​နှီး​နှော​ရကြ​၏။ ဖြစ်​ပျက်​မည့်​အ​မှု​အ​ရာ​ကို​အ​ဘယ်​သူ​သည် ကြို​တင်​ဖော်​ပြ​ပါ​သ​နည်း။ ရှေး​မ​ဆွ​က​ပင်​လျှင်​ကြို​တင်​ဟော​ကြား​ခဲ့ ပါ​သ​နည်း။ ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​မျိုး​တော်​ကို ကယ်​တင်​သည့်​ဘု​ရား မ​ဟုတ်​ပါ​လော။ ငါ​မှ​တစ်​ပါး​အ​ခြား​အ​ဘယ်​ဘု​ရား​မျှ မ​ရှိ။


မှောင်​မိုက်​သည့်​ဘဏ္ဍာ​တိုက်​များ​နှင့်​လျှို့​ဝှက် သည့် အ​ရပ်​တွင် သိမ်း​ဆည်း​ထား​သည့်​ပစ္စည်း​ဥစ္စာ​ရ​တ​နာ များ​ကို သင့်​အား​ငါ​ပေး​မည်။ ထို​အ​ခါ​ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော် မူ​ကြောင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် သည် သင့်​ကို​ရွေး​ချယ်​၍​ခန့်​ထား​တော်​မူ​ပြီ ဖြစ်​ကြောင်း​ကို​သင်​သိ​ရှိ​ရ​လိမ့်​မည်။


သူ​တို့​သည်​ထို​ဘု​ရား​ကို​ပ​ခုံး​ထက်​တွင် ထမ်း​၍ ဆောင်​ယူ​ကာ​နေ​ရာ​ချထား​၏။ ဘု​ရား​သည်​လည်း​မိ​မိ​တည်​ရှိ​သည့် နေ​ရာ​မှ မ​ရွေ့​မ​လျား​နိုင်​ရပ်​လျက်​သာ​နေ​၏။ အ​ကယ်​၍​သူ့​အား​တစ်​စုံ​တစ်​ယောက်​သော သူ​က ဆု​တောင်း​ပတ္ထ​နာ​ပြု​ပါ​မူ​သူ​သည်​အ​ဖြေ မ​ပေး​နိုင်။ ထို​သူ့​အား​ဘေး​အန္တရာယ်​မှ​လည်း​မ​ကယ်​နိုင်။


ဤ​သို့​သော​ရုပ်​တု​များ​သည်​သ​ခွား​ခင်း​ရှိ စာ​ချောက်​ရုပ်​များ​နှင့်​တူ​၍​စ​ကား​မ​ပြော တတ်​ကြ။ သူ​တို့​သည်​လမ်း​မ​လျှောက်​နိုင်​သ​ဖြင့် သူ​တို့​ကို သယ်​ဆောင်​ပေး​ရ​ကြ​၏။ သူ​တို့​သည်​သင်​တို့​အား​ဘေး​ဥ​ပဒ်​ကို​လည်း ကောင်း၊ ကောင်း​ကျိုး​ကို​လည်း​ကောင်း​မ​ပေး​နိုင်​ကြ။ သင်​တို့​သည်​သူ​တို့​အား​မ​ကြောက်​ကြ​နှင့်'' ဟု​မိန့်​တော်​မူ​၏။


အ​ကယ်​၍​ငါ​၏​အိပ်​မက်​ကို​သင်​တို့​မ​ဖော် ပြ​နိုင်​ပါ​က သင်​တို့​ကို​အ​ပိုင်း​ပိုင်း​ဖြတ်​ကာ သင်​တို့​အိမ်​များ​ကို​ပြာ​ပုံ​ဖြစ်​စေ​ရန်​ငါ စိတ်​ပိုင်း​ဖြတ်​ထား​ပြီ။ သင်​တို့​သည်​နောင်​အ​ခါ ၌​အ​ခြေ​အ​နေ​ပြောင်း​လဲ​လာ​လိမ့်​မည်​ဟု မျှော်​လင့်​ကာ ငါ့​အား​လိမ်​လည်​ပြော​ဆို​ရန် အ​ချင်း​ချင်း​တိုင်​ပင်​ထား​ကြ​ပြီ။ ငါ​၏ အိပ်​မက်​ကို​ငါ့​အား​ဖော်​ပြ​ကြ​လော့။ ထို သို့​ဖော်​ပြ​နိုင်​လျှင်​အိပ်​မက်​၏​အ​နက်​ကို လည်း​သင်​တို့​ဖွင့်​နိုင်​ကြောင်း​ငါ​သိ​ရှိ​ရ လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။


ထို​သို့​ဖြစ်​ပျက်​လာ​သော​အ​ခါ `ငါ​သည်​ငါ ဖြစ်​သည်​အ​တိုင်း​ငါ​ဖြစ်​သည်​ကို' သင်​တို့ ယုံ​ကြည်​လာ​ကြ​စေ​ရန်​ယ​ခု​က​ပင်​ကြို တင်​၍​သင်​တို့​အား​ငါ​ပြော​နှင့်​ပြီ။-


ဤ​ကား​ရှေး​ကာ​လ​၌​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သော​ဗျာ​ဒိတ်​တော်​ဖြစ်​သ​တည်း' ဟု​ဖော်​ပြ​ပါ​ရှိ​သည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ