ဟေရှာယ 41:2 - မြန်မာ့စံမီသမ္မာကျမ်း
ဖြောင့်မတ်သောသူကို အရှေ့အရပ်မှ ပေါ်ထွန်းစေသောသူကား မည်သူနည်း။ သူ့ထံ လူမျိုးတကာတို့ကို အပ်နှံသောသူ၊ သူ့အား ရှင်ဘုရင်တို့ကို အုပ်စိုးရသောအခွင့် ပေးသောသူကား မည်သူနည်း။ ထိုသူတို့ကို သူ၏ဓားဖြင့် မြေမှုန့်ကဲ့သို့ဖြစ်စေ၍ သူ၏လေးဖြင့် ဖွဲကဲ့သို့လွင့်စေသောသူကား မည်သူနည်း။
အခန်းကိုကြည့်ပါ။
အရှေ့ပြည်မှစစ်နိုင်ဘုရင်ကိုအဘယ်သူ ခေါ်ဆောင်တော်မူခဲ့ပါသနည်း။ ရောက်ရှိလေရာအရပ်တို့တွင် သူ့အားအဘယ်သူသည်အောင်မြင်ခွင့်ကို ပေးတော်မူပါသနည်း။ အဘယ်သူသည်သူ့အားဘုရင်တကာတို့ အပေါ်၌လည်းကောင်း လူမျိုးတကာတို့အပေါ်၌လည်းကောင်း အောင်ပွဲကိုခံစေတော်မူပါသနည်း။ သူ၏ဋ္ဌားသည်ရန်သူတို့အားမြေမှုန့်သဖွယ် ခုတ်ချတတ်ပါသည်တကား။ သူ၏လေးမြားတို့သည်လည်းထိုသူတို့ကို လေတိုက်ရာတွင်လွင့်ပါသွားသည့်ဖွဲကဲ့သို့ ကွဲလွင့်စေတတ်ပါသည်တကား။
အခန်းကိုကြည့်ပါ။
ခြေ လှမ်း တိုင်း ဖြင့် အောင် မြင် ခွင့် ရ သော သူ့ ကို အ လင်း ထွက် ရာ အ ရပ် မှ ပေါ် ထွန်း စေ သော အ ရှင် ကား မည် သူ နည်း။ ထို အ ရှင် သည် လူ မျိုး တို့ ကို သူ့ ထံ အပ် နှင်း၍ အ မင်း မင်း တို့ အ ပေါ် တွင် နှိမ် နင်း ခွင့် ရ စေ သ ဖြင့်၊ ဓား ရှေ့ မြေ မုန့် ကဲ့ သို့လည်း ကောင်း၊ လေး ရှေ့ လွင့် သော ဖွဲ ကဲ့ သို့လည်း ကောင်း၊ အပ် ပေး သည် နှင့်
အခန်းကိုကြည့်ပါ။
ဖြောင့်မတ်ခြင်းမင်္ဂလာ လိုက်တတ်သောသူကို အရှေ့ပြည်က၊ အဘယ်သူ ပေါ်လာစေသနည်း။ လူအမျိုးမျိုးတို့ကို သူ၌အပ်၍၊ ရှင်ဘုရင်တို့ကို အုပ်စိုးစေခြင်းငှာ၊ အဘယ်သူစီရင်သနည်း။ ရန်သူတို့ကို သူ၏ဓားရှေ့မှာ မြေမှုန့်ကဲ့သို့လည်းကောင်း၊ သူ၏လေးရှေ့မှာ လွင့်သောဖွဲကဲ့သို့လည်းကောင်း အဘယ်သူဖြစ်စေသနည်း။
အခန်းကိုကြည့်ပါ။