သို့သော် ယာကုပ်၏တန်ခိုးကြီးသောအရှင်၏လက်တော်အားဖြင့်၊ အစ္စရေး၏ကျောက်တည်းဟူသောသိုးထိန်းအားဖြင့် သူ၏လေးသည် တည်ငြိမ်၍ သူ၏လက်မောင်းတို့သည် သန်မာလျက်ရှိ၏။
ဟေရှာယ 40:29 - မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်သည် မောပန်းသောသူတို့ကို ခွန်အားပေးတော်မူ၏။ အစွမ်းမရှိသောသူတို့ကို စွမ်းအားနှင့်ပြည့်စုံစေတော်မူ၏။ Common Language Bible ကိုယ်တော်သည်နွမ်းလျမောပန်းသူတို့ကို အားပေးတော်မူပါ၏။ Garrad Bible ပင် ပန်း သူ့ ကို အား ပေး၍ စွမ်း ရည် မဲ့ သူ ကို လည်း ခွန် အား တိုး တက် စေ တော် မူ၏။ Judson Bible ထိုဘုရားသည် မောသောသူတို့အား၊ ခွန်အားကိုပေးတော်မူ၏။ နွမ်းနယ်သောသူတို့အား၊ အစွမ်းသတ္တိနှင့် ပြည့်စုံသောအခွင့်ကို ပေးတော်မူ၏။ |
သို့သော် ယာကုပ်၏တန်ခိုးကြီးသောအရှင်၏လက်တော်အားဖြင့်၊ အစ္စရေး၏ကျောက်တည်းဟူသောသိုးထိန်းအားဖြင့် သူ၏လေးသည် တည်ငြိမ်၍ သူ၏လက်မောင်းတို့သည် သန်မာလျက်ရှိ၏။
သူတို့က ငါတို့ကို ခြိမ်းခြောက်ပြီး “သူတို့အလုပ်ကို လက်စမသတ်နိုင်ဘဲ အားလျော့သွားလိမ့်မည်”ဟု ဆိုကြ၏။ အို အဖ၊ အကျွန်ုပ်ကို ခွန်အားပေးတော်မူပါ။
ထာဝရဘုရားသည် မိမိ၏လူမျိုးတော်အား အစွမ်းသတ္တိကိုပေးတော်မူ၏။ ထာဝရဘုရားသည် မိမိ၏လူမျိုးတော်အား ငြိမ်းချမ်းခြင်းကောင်းချီးမင်္ဂလာကိုပေးတော်မူ၏။
ကိုယ်တော်၏လူစုတော်သည် ထိုအရပ်၌အခြေချခဲ့ကြပါ၏။ အို ဘုရားသခင်၊ ကိုယ်တော်သည် အဖိနှိပ်ခံရသောသူတို့အတွက် ကိုယ်တော်၏ကောင်းမြတ်တော်မူခြင်းထဲမှ ပြင်ဆင်ပေးတော်မူ၏။
အို ဘုရားသခင်၊ ကိုယ်တော်သည် ကိုယ်တော်၏သန့်ရှင်းရာဌာနတော်၌ အံ့ဩဖွယ်ဖြစ်တော်မူ၏။ အစ္စရေးလူမျိုး၏ဘုရားသခင်သည် လူမျိုးတော်အား အစွမ်းသတ္တိနှင့်ခွန်အားများကိုပေးတော်မူ၏။ ဘုရားသခင်သည် မင်္ဂလာရှိပါစေသော။
မကြောက်နှင့်၊ ငါသည် သင်နှင့်အတူရှိ၏။ မစိုးရိမ်နှင့်။ ငါသည် သင်၏ဘုရားသခင်ဖြစ်၏။ အကယ်စင်စစ် သင့်ကို ခိုင်ခံ့စေမည်။ သင့်ကို ကူညီမစမည်။ ငါ၏ဖြောင့်မတ်သောလက်ယာလက်ဖြင့် သင့်ကို ငါထောက်မမည်။
မောပန်းသောသူအမောပြေစေရန် မည်သို့ပြောဆိုရမည်ကို သိရှိဖို့ ဘုရားရှင်ထာဝရဘုရားသည် ငါ့အား နှုတ်မှုပညာကိုသွန်သင်ပေးတော်မူ၏။ နံနက်တိုင်း ငါ့ကိုနှိုးဆော်တော်မူ၏။ စာသင်သားကဲ့သို့ နားထောင်ဖို့ ငါ့ကိုနှိုးဆော်တော်မူ၏။
ငါသည် ပင်ပန်းနွမ်းနယ်သူကို နှစ်သိမ့်ပေးမည်။ အားငယ်သူအပေါင်းတို့ကို အားပေးမည်”ဟု မိန့်တော်မူ၏။
ငါ ထာဝရဘုရားကြောင့် သူတို့သည် အားပြည့်၍ ငါ့နာမတော်၌ အသက်ရှင်လျှောက်လှမ်းကြလိမ့်မည်”ဟု ထာဝရဘုရားမိန့်တော်မူ၏။
ထို့ကြောင့် ငါတို့သည် စိတ်ပျက်အားလျော့ခြင်းမရှိကြ။ ငါတို့၏ပြင်ပလူ့ခန္ဓာသည် ယိုယွင်းပျက်စီးနေသော်လည်း ငါတို့၏အတွင်းဝိညာဉ်မူကား တစ်နေ့ထက်တစ်နေ့ အသစ်ပြုပြင်ခြင်းကိုခံရ၏။
သင်၏တံခါးကျင်တို့သည် သံနှင့်ကြေးနီဖြစ်မည်။ သင်အသက်ရှင်သမျှကာလပတ်လုံး လုံခြုံစွာနေရမည်။
ငါ့ကိုခွန်အားနှင့်ပြည့်စုံစေတော်မူသောအရှင်အားဖြင့် ခပ်သိမ်းသောအမှုတို့ကို ငါတတ်စွမ်းနိုင်၏။
ထို့ပြင် သင်တို့သည် ကိုယ်တော်၏ဘုန်းအသရေနှင့်ပြည့်စုံသော တန်ခိုးအရှိန်အဝါနှင့်အညီ တန်ခိုးတော်ရှိသမျှတို့ဖြင့် အားဖြည့်ခြင်းကိုခံရလျက် သည်းခံခြင်းနှင့်စိတ်ရှည်ခြင်းအပြည့်အဝရှိသဖြင့်
မီးအရှိန်ကိုငြိမ်းစေခြင်း၊ ဓားဘေးမှလွတ်မြောက်ခြင်း၊ အားနည်းရာမှ အားကြီးလာခြင်း၊ စစ်ပွဲ၌ ခွန်အားနှင့်ပြည့်စုံလာ၍ တိုင်းတစ်ပါးသားတို့၏စခန်းများကိုဖြိုခွင်းခြင်း စသည့်အမှုများကိုပြုခဲ့ကြ၏။
ထိုအခါ ဘုရားသခင်သည် လေဟိအရပ်၌ ချိုင့်ခွက်တစ်ခုပေါ်လာစေ၍ ရေထွက်လာစေ၏။ ရှံဆုန်သည် ထိုရေကိုသောက်သောအခါ ခွန်အားပြည့်၍ ပြန်လည်လန်းဆန်းလာ၏။ ထိုနေရာကို အန်ဟက္ကောရ ဟုခေါ်၍ ယနေ့တိုင်အောင် လေဟိအရပ်၌ ရှိ၏။
သူရဲကောင်းတို့၏လေးသည် ကျိုးလေပြီ။ အားနည်းသောသူတို့မူကား ခွန်အားနှင့်ပတ်စည်းခြင်းကို ခံရလေပြီ။