ငါ့အဖို့ ကြံရွယ်ထားသောအရာကို ပြုတော်မူလိမ့်မည်။ ထိုသို့ ပြုတော်မူမည့်အရာ များစွာရှိသေး၏။
ဟေရှာယ 40:27 - မြန်မာ့စံမီသမ္မာကျမ်း အို ယာကုပ်အမျိုး၊ အို အစ္စရေးလူမျိုး၊ “ထာဝရဘုရားသည် ငါ့လမ်းကို မမြင်။ ငါ၏ဘုရားသခင်သည် ငါ့အမှုကို ဂရုမစိုက်”ဟု အဘယ်ကြောင့်ပြောဆိုရသနည်း။ Common Language Bible အို ဣသရေလအမျိုးသားတို့၊ ထိုသို့ဖြစ်ပါမူ ထာဝရဘုရားသည်သင်တို့၏ဆင်းရဲဒုက္ခ များကို သိတော်မမူဟူ၍သော်လည်းကောင်း သင်တို့၏အမှုကိစ္စများအဆင်ပြေရေးအတွက် စိတ်ဝင်စားတော်မမူဟူ၍သော်လည်းကောင်း အဘယ်ကြောင့်သင်တို့သည် ညည်းညူကြပါသနည်း။ Garrad Bible အို ယာ ကုပ် အ မျိုး၊ ဣ သ ရေ လ အ နွယ်၊ ငါ့ သွား လမ်း သည် ထာ ဝ ရ ဘု ရား ထံ ကွယ် ဝှက် သည် ဟူ၍ လည်း ကောင်း၊ ငါ့ တ ရား အ မှု လည်း ငါ့ ဘု ရား သ ခင် ထံ ကွယ် ပ ပြီ ဟူ၍လည်း ကောင်း၊ အ ဘယ့် ကြောင့် ပြော ဆို သ နည်း။ Judson Bible အို ယာကုပ်အမျိုး၊ သင်သွားသောလမ်းကို ထာဝရဘုရားသိတော်မမူဟု အဘယ်ကြောင့်ပြောသနည်း။ အို ဣသရေလအမျိုး၊ သင့်အမှုကို သင်၏ဘုရားသခင် မှတ်တော်မမူဟု၊ အဘယ်ကြောင့်ဆိုရသနည်း။ |
ငါ့အဖို့ ကြံရွယ်ထားသောအရာကို ပြုတော်မူလိမ့်မည်။ ထိုသို့ ပြုတော်မူမည့်အရာ များစွာရှိသေး၏။
“ငါ့ကို မတရားစီရင်သောဘုရား၊ ငါ့စိတ်ဝိညာဉ်ကို ခါးသီးစွာခံစားရစေသောအနန္တတန်ခိုးရှင် အသက်ရှင်တော်မူသည်နှင့်အညီ
အကြောင်းမှာ ယောဘက ‘ငါဖြောင့်မတ်သော်လည်း ဘုရားသခင်သည် ငါ့အဖို့ တရားမျှတစွာမစီရင်။
အို ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်၏ဘုရားသခင်ဖြစ်တော်မူ၏။ အကျွန်ုပ်သည် ကိုယ်တော့်ကို ချီးမြှောက်ပါမည်။ ကိုယ်တော်၏နာမတော်ကို ချီးမွမ်းပါမည်။ အကြောင်းမူကား ကိုယ်တော်သည် အံ့ဖွယ်သောအမှုကိုပြုတော်မူပြီ။ ရှေးအကြံအစည်တော်တို့ကို မြဲမြံသောသစ္စာနှင့်ပြုတော်မူပြီ။
အို ယာကုပ်အမျိုး၊ ဤအရာတို့ကို သတိရလော့။ အို အစ္စရေးလူမျိုး၊ သင်သည် ငါ၏အစေအပါးဖြစ်၏။ သင့်ကို ငါပုံဖော်ဖန်ဆင်းသည်ဖြစ်၍ သင်သည် ငါ၏အစေအပါးဖြစ်၏။ အို အစ္စရေးလူမျိုး၊ သင့်ကို ငါမေ့လျော့မည်မဟုတ်။
သို့သော် ဇိအုန်မြို့က “ထာဝရဘုရားသည် ငါ့ကိုစွန့်ပယ်တော်မူပြီ။ ဘုရားရှင်သည် ငါ့ကိုမေ့လျော့တော်မူပြီ”ဟု ဆိုလေပြီတကား။
ငါကလည်း “ငါသည် အချည်းနှီးကြိုးစားအားထုတ်ခဲ့ပြီ။ ငါ့ခွန်အားကိုအလဟဿ အချည်းနှီးကုန်စေပြီ။ အကယ်စင်စစ် ငါ့အတွက်တရားမျှတမှုသည် ထာဝရဘုရားထံ၌ရှိ၏။ ငါ့အတွက်ဆုလာဘ်သည် ငါ၏ဘုရားသခင်ထံ၌သာရှိ၏”ဟု ဆို၏။
ငါ ပြင်းစွာအမျက်ထွက်၍ ငါ့မျက်နှာကို သင့်ထံမှ ခေတ္တလွှဲသော်လည်း ထာဝရမေတ္တာကရုဏာဖြင့် သင့်ကိုငါသနားစုံမက်ဦးမည်”ဟု မိန့်တော်မူ၏။
ဒါဝိဒ်သည် စိတ်ထဲတွင် “တစ်နေ့မဟုတ် တစ်နေ့ ရှောလုမင်းကြီးလက်ဖြင့် ငါသေရလိမ့်မည်။ ဖိလိတ္တိပြည်သို့ထွက်ပြေးတိမ်းရှောင်သွားခြင်းထက် ငါ့အတွက် ကောင်းသောနည်းလမ်းမရှိ။ သို့မှ ရှောလုမင်းကြီးသည် ငါ့ကို အစ္စရေးနယ်မြေတွင် ရှာဖွေခြင်းမှ လက်လျှော့ပြီး သူ့လက်မှ လွတ်မြောက်ရလိမ့်မည်”ဟု တွေးမိသဖြင့်