ပန်းတဉ်းသမားသည် ပန်းထိမ်သမားကို အားပေး၏။ တူနှင့်အချောသပ်သောသူသည် ပေပေါ်တွင် ထုသောသူကို အားပေး၏။ ဂဟေဆက်ထားသည်မှာ “ကောင်းသည်”ဟု ဆို၏။ သူတို့သည် ရုပ်တုကို ခိုင်ခံ့စေရန် သံဖြင့် ရိုက်ထားကြ၏။
ဟေရှာယ 40:20 - မြန်မာ့စံမီသမ္မာကျမ်း ဆင်းရဲသားမူကား မဆွေးမြည့်နိုင်သောသစ်သားကိုရွေးယူပြီးလျှင် မလဲနိုင်သောရုပ်တုကို ထုလုပ်ပေးရန် ကျွမ်းကျင်သောပန်းပုဆရာကို ရှာဖွေတတ်၏။ Common Language Bible ငွေ၊ရွှေ၊မတတ်နိုင်သူသည်မဆွေးမြေ့နိုင်သည့် သစ်သားကိုရွေးချယ်တတ်၏။ သူသည်မြဲမြံစွာရပ်တည်နိုင်သည့် ရုပ်တုကိုပြုလုပ်ရန်ကျွမ်းကျင်သူပန်းပု ဆရာကို ရှာတတ်၏။ Garrad Bible မ ပူ ဇော် နိုင် သော ဆင်း ရဲ သား များ မှာ မူ ဆွေး မြေ့ ခဲ သော သစ် တုံး ကို ရွေး ချယ် ပြီး မှ ရုပ် တု ကို ခိုင် ခံ့ စွာ တည် လုပ် စေ ခြင်း ငှာ ကျွမ်း ကျင် သူ ပန်း ပု တစ် ယောက် ကို ရှာ တတ် သည် တ ကား။ Judson Bible အဖိုးထိုက်သော အလှူကို မလှူနိုင်သောသူသည်၊ မဆွေးမြေ့တတ်သော သစ်သားကိုရွေးကောက်ပြီးမှ၊ မြဲမြံသောရုပ်တုကို လုပ်စေခြင်းငှာ၊ လိမ္မာသောလက်သမားကို ရှာတတ်၏။ |
ပန်းတဉ်းသမားသည် ပန်းထိမ်သမားကို အားပေး၏။ တူနှင့်အချောသပ်သောသူသည် ပေပေါ်တွင် ထုသောသူကို အားပေး၏။ ဂဟေဆက်ထားသည်မှာ “ကောင်းသည်”ဟု ဆို၏။ သူတို့သည် ရုပ်တုကို ခိုင်ခံ့စေရန် သံဖြင့် ရိုက်ထားကြ၏။
ပန်းပဲသမားသည် သံကို မီးညှပ်ဖြင့် မီးခဲပေါ်တင်၍ အလုပ်လုပ်၏။ သူသည် တူဖြင့်ပုံသွင်းတတ်၏။ သူ၏လက်ရုံးခွန်အားဖြင့် လုပ်ဆောင်တတ်၏။ သူသည် ဆာလောင်မွတ်သိပ်၍ ခွန်အားမရှိ။ ရေမသောက်ရသဖြင့် အားအင်ကုန်ခန်းတတ်၏။
သူတို့သည် ထိုရုပ်တုကို ပခုံးပေါ်ထမ်း၍ သယ်ဆောင်သွားကြ၏။ ထိုရုပ်တုသည် ချထားသောနေရာ၌ မတ်တတ်နေရ၏။ နေရာမှမရွေ့နိုင်။ အော်ဟစ်အသနားခံသောသူကိုလည်း ပြန်မထူးနိုင်။ သူ့ကိုလည်း ဆင်းရဲဒုက္ခထဲမှ မကယ်တင်နိုင်။
ကောင်းကင်ဘုံရှင်ကို ဆန့်ကျင်၍ ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်၏။ ထိုအရှင်၏ဗိမာန်တော်မှခွက်ဖလားများကို သင့်ရှေ့မှောက်သို့ယူလာစေပြီး သင်မှစ၍ မှူးမတ်များ၊ မိဖုရားများ၊ ကိုယ်လုပ်တော်များသည် ထိုခွက်များဖြင့် စပျစ်ဝိုင်ကိုသောက်ပြီး မျက်စိလည်းမမြင်၊ နားလည်းမကြား၊ ဘာမျှလည်း မသိနိုင်သော ရွှေ၊ ငွေ၊ ကြေးနီ၊ သံ၊ သစ်သား၊ ကျောက်တို့ဖြင့် လုပ်ထားသောဘုရားများကို ထောမနာပြုကြ၏။ သင့်အသက်၊ သင့်ဘဝလမ်းတစ်ခုလုံးကိုပိုင်တော်မူသောဘုရားသခင်ကိုမူ သင်မချီးမြှောက်ခဲ့။
ထိုသို့ စပျစ်ဝိုင်ကိုသောက်ရင်း ရွှေ၊ ငွေ၊ ကြေးနီ၊ သံ၊ သစ်သား၊ ကျောက်တို့ဖြင့် လုပ်ထားသောဘုရားများကို ထောမနာပြုကြ၏။