ငါသည် အခြားသောသူတို့ပြုတတ်သကဲ့သို့ ကိုယ့်အပြစ်ကို ဖုံးကွယ်ဖူးသလော။ ကိုယ့်ဒုစရိုက်ကို စိတ်ထဲ၌ဝှက်ထားဖူးသလော။
ဟေရှာယ 39:4 - မြန်မာ့စံမီသမ္မာကျမ်း ဟေရှာယက “နန်းတော်တွင် မည်သည့်အရာကို မြင်ကြပြီနည်း”ဟု မေးလျှင် ဟေဇကိမင်းကြီးက “နန်းတော်၌ရှိသမျှတို့ကို သူတို့မြင်ကြပြီ။ ဥစ္စာဘဏ္ဍာများထဲမှ သူတို့အား ငါမပြသောအရာတစ်စုံတစ်ခုမျှမရှိ”ဟု ပြန်ဖြေ၏။ Common Language Bible ``သူတို့သည်နန်းတော်တွင်း၌အဘယ်အရာ များကိုတွေ့မြင်သွားကြပါသနည်း'' ဟု မေးမြန်း၏။ ဟေဇကိက``သူတို့သည်နန်းတော်တွင်း၌ရှိ သမျှသောအရာတို့ကိုတွေ့မြင်ကြပါ၏။ ပစ္စည်းသိုလှောင်ခန်းများတွင်သူတို့အားငါ မပြသောအရာတစ်စုံတစ်ခုမျှမရှိ'' ဟု မိန့်တော်မူ၏။ Garrad Bible နန်း တော် တွင် မည် သည့် အ ရာ ကို မြင် ရ ကြ သ နည်း ဟု မေး ပြန် သည့် ကာ လ၊ နန်း တွင်း ရှိ အ ရာ ခပ် သိမ်း ကို မြင် ကြ လေ ပြီ၊ အ ဆောင် အ ရွက် တော် အ နက် အ ကျွန်ုပ် မ ဖွင့် မ ပြ သော အ ရာ တစ် စုံ တစ် ခု မျှ မ ရှိ ဟု၊ ဟေ ဇ ကိ မင်း ပြန် ဆို လေ၏။ Judson Bible နန်းတော်၌ အဘယ်အရာကိုမြင်ကြပြီနည်းဟု မေးပြန်လျှင်၊ ဟေဇကိမင်းက၊ နန်းတော်၌ ရှိသမျှကို မြင်ရကြပြီ။ ဘဏ္ဍာတော်တွင် ငါမပြသောအရာ တစ်စုံတစ်ခုမျှမရှိဟု ပြန်ပြော၏။ |
ငါသည် အခြားသောသူတို့ပြုတတ်သကဲ့သို့ ကိုယ့်အပြစ်ကို ဖုံးကွယ်ဖူးသလော။ ကိုယ့်ဒုစရိုက်ကို စိတ်ထဲ၌ဝှက်ထားဖူးသလော။
ထိုချမ်းသာကြွယ်ဝမှုကို သင်၏မျက်စိဖြင့် ဝေ့ကြည့်လိုက်သောအခါ ၎င်းသည် ရှိတော့မည်မဟုတ်။ အကြောင်းမူကား ၎င်းသည် ရုတ်တရက်အတောင်ပေါက်၍ လင်းယုန်ကဲ့သို့ ကောင်းကင်သို့ပျံသန်းသွားလိမ့်မည်။
မိမိကျူးလွန်သောအပြစ်များကို ဖုံးကွယ်ထားသောသူသည် ကြီးပွားမည်မဟုတ်။ ထိုအပြစ်များကိုဖော်ပြဝန်ခံ၍ စွန့်ပယ်သောသူမူကား ကရုဏာတော်ကိုခံစားရလိမ့်မည်။
ထိုအခါ ပရောဖက်ဟေရှာယသည် ဟေဇကိမင်းကြီးထံသို့လာပြီး “ထိုသူတို့သည် မည်သည့်အကြောင်းကို ပြောဆိုကြသနည်း။ မည်သည့်အရပ်မှ လာကြသနည်း”ဟု မေးလျှင် ဟေဇကိမင်းကြီးက “သူတို့သည် ဝေးလံသောအရပ် ဘေဘီလုံမြို့မှ လာကြပါ၏”ဟု ဆိုလေ၏။
ထိုအခါ ဟေရှာယက ဟေဇကိမင်းကြီးအား “ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားမိန့်တော်မူသောစကားကို နားထောင်လော့။
အို ကွင်းပြင်ရှိငါ့တောင်၊ ပြည်တစ်ပြည်လုံးရှိ အပြစ်များကြောင့် သင်၏ဥစ္စာပစ္စည်း၊ သင်၏ဘဏ္ဍာအလုံးစုံတို့နှင့် သင်အထွတ်အမြတ်ထားရာကုန်းမြင့်တို့ကို လုယူဖျက်ဆီးရာအဖြစ် ငါပေးလိုက်မည်။
ထိုအခါ ယောရှုက အာခန်အား “ငါ့သား၊ အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရား၏ဂုဏ်တော်ကိုချီးမွမ်းလော့။ ကျေးဇူးတော်ကို ချီးမွမ်းလော့။ သင်ပြုသောအမှုကို ငါ့အား ယခုပြောပါလော့။ ဘာမျှ ဖုံးကွယ်မထားနှင့်”ဟု ဆို၏။
ငါတို့သည် ကိုယ့်အပြစ်များကိုဖော်ပြဝန်ခံလျှင် ဘုရားသခင်သည် သစ္စာနှင့်ပြည့်စုံ၍ ဖြောင့်မတ်သောအရှင်ဖြစ်တော်မူသောကြောင့် ငါတို့၏အပြစ်များကိုခွင့်လွှတ်ပြီး ငါတို့ကို မတရားမှုရှိသမျှတို့မှ စင်ကြယ်စေတော်မူ၏။