သင်တို့သည် အကျွန်ုပ်ကို မကောင်းကြံစည်ခဲ့သော်လည်း ယနေ့မြင်ရသည့်အတိုင်း များစွာသောလူတို့အသက်ချမ်းသာရာရစေရန် ဘုရားသခင်သည် ကောင်းကျိုးချမ်းသာအတွက် ကြံစည်တော်မူ၏။
ဟေရှာယ 37:26 - မြန်မာ့စံမီသမ္မာကျမ်း ဤအမှုကို ရှေးယခင်ကပင် ငါချမှတ်ခဲ့ကြောင်း သင်မကြားဖူးသလော။ သင်သည် ခိုင်ခံ့သောမြို့တို့ကို အပျက်အစီးကျောက်ပုံဖြစ်စေမည်ကို ရှေးယခင်ကပင် ငါစီမံထား၍ ယခု ငါဖြစ်စေပြီ။ Common Language Bible ``ရှေးမဆွကပင်လျှင်ဤအမှုအရာများ ကို ငါစီမံခန့်ခွဲထားခဲ့ကြောင်းသင်အဘယ် ၌မျှမကြားဘူးပါသလော။ ယခုထိုအမှု အရာတို့ကိုငါဖြစ်ပွားစေလေပြီ။ ခံတပ် မြို့များကိုအမှိုက်ပုံအဖြစ်သို့ပြောင်းလဲ ပစ်နိုင်သောတန်ခိုးကိုသင့်အားငါပေးအပ် ခဲ့၏။- Garrad Bible သင် မ ကြား မ သိ သ လော။ ယ မန် တွင် ငါ စီ ရင်၍၊ ရှေး ကာ လ က ပင် ပြ ဋ္ဌာန်း ပြီး ဖြစ် သည့် အ တိုင်း၊ ခံ မြို့ များ ကို ပျက် စီး ရာ အ မှိုက် ပုံ ဖြစ် စေ ရန်၊ ယ ခု သင် ပေါ် ထွန်း ရ ပြီ။ Judson Bible ငါသည်အထက်က ဤအမှုကို စီရင်ကြောင်းနှင့်၊ ရှေးကာလ၌ ပြုပြင်ကြောင်းကို သင်သည် မကြားသလော။ ယခုမှာလည်း သင်သည် ခိုင်ခံ့သောမြို့တို့ကို ဖျက်ဆီး၍၊ ကျောက်ပုံ ဖြစ်စေသောသူ ဖြစ်မည်အကြောင်း ငါစီရင်ခန့်ထားလေပြီ။ |
သင်တို့သည် အကျွန်ုပ်ကို မကောင်းကြံစည်ခဲ့သော်လည်း ယနေ့မြင်ရသည့်အတိုင်း များစွာသောလူတို့အသက်ချမ်းသာရာရစေရန် ဘုရားသခင်သည် ကောင်းကျိုးချမ်းသာအတွက် ကြံစည်တော်မူ၏။
အို ထာဝရဘုရား၊ ထတော်မူပါ။ သူ့ကိုထိပ်တိုက်ရင်ဆိုင်၍ ညွတ်တွားစေတော်မူပါ။ ကိုယ်တော်၏ဓားဖြင့် ဆိုးယုတ်သောသူ၏လက်မှ အကျွန်ုပ်၏အသက်ကို ကယ်တင်တော်မူပါ။
အကယ်စင်စစ် လူတို့၏အမျက်ဒေါသသည် ကိုယ်တော်ကိုချီးမွမ်းလိမ့်မည်။ ကိုယ်တော်သည် အမျက်ဒေါသအကြွင်းအကျန်များဖြင့် မိမိကိုယ်မိမိပတ်စည်းတော်မူလိမ့်မည်။
ပုဆိန်သည် သူ့ကိုကိုင်သောသူထက် မိမိကိုယ်မိမိအမွှမ်းတင်မည်လော။ လွှသည် သူ့ကိုအသုံးပြုသောသူထက် မိမိကိုယ်မိမိချီးမြှောက်မည်လော။ ကြိမ်လုံးက ကိုင်မြှောက်သောသူကို ပြန်၍လွှဲယမ်းသကဲ့သို့၊ တောင်ဝှေးက သစ်သားမဟုတ်သောလူကို ပြန်၍ကိုင်မြှောက်သကဲ့သို့ ဖြစ်ပါသည်တကား။
ဒမတ်စကပ်မြို့နှင့်ဆိုင်သောဗျာဒိတ်တော်။ “ကြည့်ရှုလော့။ ဒမတ်စကပ်မြို့သည် မြို့အဖြစ်ရှိနေတော့မည်မဟုတ်။ ယိုယွင်းပျက်စီးရာအစုအပုံ ဖြစ်လိမ့်မည်။
သင်တို့သည် ရေကန်ဟောင်းမှရေကိုသိုလှောင်ရန် မြို့ရိုးနှစ်ခုကြားတွင် ရေလှောင်ကန်ဆောက်လုပ်ကြ၏။ သို့သော် သင်တို့သည် ဤအမှုကို စီရင်တော်မူသောအရှင်ကို မကြည့်ကြ။ ရှေးယခင်ကပင် ဤအမှုကို စီမံထားတော်မူသောအရှင်ကို မမြင်ကြ။
သင်တို့မသိကြသလော။ သင်တို့မကြားဖူးကြသလော။ အစအဦးကတည်းက သင်တို့ကိုမပြောပြခဲ့ကြသလော။ မြေကြီးစတည်ကတည်းက သင်တို့နားမလည်ခဲ့ကြသလော။
သင်မသိသလော။ သင်မကြားဖူးသလော။ ထာဝရဘုရားသည် အစဉ်အမြဲတည်တော်မူသောဘုရားသခင်၊ မြေကြီးစွန်းတိုင်အောင် ဖန်ဆင်းတော်မူသောအရှင် ဖြစ်တော်မူ၏။ ကိုယ်တော်သည် အားအင်ကုန်ခန်းတော်မမူ။ မောပန်းတော်မမူ။ ကိုယ်တော်၏ဉာဏ်ကို စစ်၍မကုန်နိုင်။
ငါသည် အလင်းကိုပုံဖော်ဖန်ဆင်း၏၊ အမှောင်ကိုလည်းဖန်ဆင်း၏။ ငြိမ်းချမ်းမှုကိုဖြစ်စေ၏၊ ဘေးအန္တရာယ်ကိုလည်း ဖြစ်ပေါ်စေ၏။ ဤအရာအားလုံးတို့ကို ငါထာဝရဘုရား စီရင်၏။
မြို့ထဲတွင် တံပိုးမှုတ်သံကြားသောအခါ လူတို့ မထိတ်လန့်ဘဲ နေမည်လော။ ထာဝရဘုရားပြုတော်မမူဘဲ မြို့ထဲတွင် ဘေးအန္တရာယ်ကျရောက်နိုင်မည်လော။
ဘုရားသခင်ချမှတ်ထားသောအကြံအစည်တော်နှင့် ကြိုတင်သိမြင်သောဉာဏ်တော်တို့အရ အပ်နှံခြင်းခံရသောထိုအရှင်ကို သင်တို့သည် တရားမဲ့သောသူတို့လက်ဖြင့် လက်ဝါးကပ်တိုင်ပေါ်၌တင်၍ ကွပ်မျက်ကြ၏။
“ခလုတ်တံသင်းဖြစ်သောကျောက်၊ မှားယွင်းစေသောကျောက်” ဖြစ်၏။ သူတို့သည် နှုတ်ကပတ်တရားကို မယုံကြည်သောကြောင့် ခလုတ်တိုက်ကြ၏။ ထိုသို့ဖြစ်ရန် သူတို့ကို သတ်မှတ်ထားခြင်းလည်းဖြစ်၏။
အကြောင်းမူကား ငါတို့ဘုရားသခင်၏ကျေးဇူးတော်ကို ကာမဂုဏ်လိုက်စားခြင်းအဖြစ်သို့ ပြောင်းလဲစေ၍ တစ်ပါးတည်းသောအရှင်ဖြစ်တော်မူသော ငါတို့၏သခင်ယေရှုခရစ်တော်ကို ငြင်းပယ်ကြသည့် ဘုရားတရားမဲ့သောသူအချို့တို့သည် တိတ်တခိုးဝင်ရောက်လာကြ၏။ သူတို့သည် ဤပြစ်ဒဏ်စီရင်ခြင်းကိုခံရမည်ဟု ရှေးယခင်ကပင် ရေးထားလေပြီ။