သောဒုံမြို့နှင့်ဂေါမောရမြို့မှစ၍ မြစ်ဝှမ်းတစ်ဝှမ်းလုံးကို အပေါ်စီးမှကြည့်လေရာ ထိုအရပ်မှမီးခိုးသည် မီးပြင်းဖိုမှမီးခိုးကဲ့သို့ တက်နေသည်ကိုမြင်လေ၏။
ဟေရှာယ 34:9 - မြန်မာ့စံမီသမ္မာကျမ်း ဧဒုံပြည်၏ချောင်းတို့သည် ကတ္တရာစေးအဖြစ်သို့ ပြောင်းသွားလိမ့်မည်၊ မြေမှုန့်သည် ကန့်အဖြစ်သို့ ပြောင်းသွားလိမ့်မည်။ ထိုပြည်သည် လောင်ကျွမ်းနေသောကတ္တရာစေး ဖြစ်သွားလိမ့်မည်။ Common Language Bible ဧဒုံပြည်မှမြစ်တို့သည်ကတ္တရာစေး အဖြစ်သို့လည်းကောင်း၊ မြေဆီလွှာသည် ကန့်အဖြစ်သို့လည်းကောင်းပြောင်းလဲသွား လိမ့်မည်။ ထိုပြည်တစ်ခုလုံးသည်ကတ္တရာ စေးကဲ့သို့မီးစွဲလောင်၍နေလိမ့်မည်။- Garrad Bible ဆို ခဲ့ သော ပြည် ရှိ မြစ် များ သည် က တ္တ ရာ စေး၊ မြေ လည်း ကန့် ဖြစ် လျက်၊ တစ် ပြည် လုံး က တ္တ ရာ စေး ဖြစ် သည့် အ တိုင်း၊ Judson Bible ထိုပြည်၏မြစ်ရေသည် ထင်းရှူးစေး၊ မြေမှုန့်လည်း ကန့်၊ တစ်ပြည်လုံးလည်း မီးလောင်သောအစေး ဖြစ်လိမ့်မည်။ |
သောဒုံမြို့နှင့်ဂေါမောရမြို့မှစ၍ မြစ်ဝှမ်းတစ်ဝှမ်းလုံးကို အပေါ်စီးမှကြည့်လေရာ ထိုအရပ်မှမီးခိုးသည် မီးပြင်းဖိုမှမီးခိုးကဲ့သို့ တက်နေသည်ကိုမြင်လေ၏။
သူနှင့်မဆိုင်သောသတ္တဝါတို့သည် သူ့တဲ၌နေထိုင်ကြလိမ့်မည်။ သူ့နေရာကို ကန့်မှုန့်များဖြင့် ကြဲထားလိမ့်မည်။
ကိုယ်တော်သည် မီးခဲတို့ကို ဆိုးယုတ်သောသူတို့အပေါ် ရွာကျစေတော်မူလိမ့်မည်။ မီး၊ ကန့်နှင့် ပူလောင်သောလေသည် သူတို့ခွက်ဖလားအတွက် ဝေစုဖြစ်လိမ့်မည်။
အကယ်စင်စစ် တောဖက်အရပ်ကို ရှေးယခင်ကပင် ပြင်ဆင်ထားလေပြီ။ ထိုအရပ်ကို ရှင်ဘုရင်အတွက် အဆင်သင့်ဖြစ်စေပြီ။ ထိုအရပ်သည် နက်၍ကျယ်ဝန်းပြီး မီးရှို့ရန်ထင်းအမြောက်အမြားပုံထား၏။ ထာဝရဘုရား၏ထွက်သက်လေသည် ကန့်ရည်စီးကြောင်းကဲ့သို့ထွက်လာ၍ ထိုအရပ်ကို မီးစွဲလောင်စေမည်။
ထာဝရဘုရားက “ဗောဇရပြည်သည် ထိတ်လန့်စရာ၊ ကဲ့ရဲ့စရာ၊ လူသူကင်းမဲ့ရာ၊ ကျိန်ဆဲစရာ ဖြစ်ရလိမ့်မည်။ ထိုပြည်ထဲရှိမြို့များသည် ပြိုပျက်ရာအစဉ်ဖြစ်ရမည်ဟု ကိုယ့်ကိုယ်ကိုယ် တိုင်တည်၍ကျိန်ဆိုပြီ”ဟု မိန့်တော်မူ၏။
သို့သော် လောတသည် သောဒုံမြို့မှ ထွက်ခွာသွားသောနေ့၌ပင် မိုးကောင်းကင်မှ ကန့်နှင့်မီးရွာသွန်း၍ သူတို့အားလုံးကိုဖျက်ဆီးလေ၏။
‘ထိုပြည်တစ်ပြည်လုံးသည် ကန့်နှင့်ဆား မီးလောင်ထားသကဲ့သို့ဖြစ်၍ မျိုးကြဲ၍မရ၊ အစို့အညှောက်မထွက်နိုင်၊ မြက်ပင်လည်းမပေါက်နိုင်ဘဲ ထာဝရဘုရား၏ပြင်းစွာသောဒေါသအမျက်တော်ဖြင့်ဖြိုလှဲခဲ့သည့် သောဒုံမြို့၊ ဂေါမောရမြို့၊ အာဒမာမြို့၊ ဇေဘိုင်မြို့တို့၏ပျက်စီးခြင်းကဲ့သို့ ဖြစ်လေပြီ’ဟု ဆိုကြလိမ့်မည်။
ထိုကဲ့သို့ပင် သောဒုံမြို့၊ ဂေါမောရမြို့နှင့် ၎င်းတို့၏ပတ်ဝန်းကျင်မြို့များသည်လည်း ထိုသူတို့နည်းတူ တရားနှင့်မညီမေထုန်ပြုခြင်း၌ကျင်လည်၍ သဘာဝနှင့်ဆန့်ကျင်သော သွေးသားတပ်မက်ခြင်းအလိုသို့လိုက်ကြသဖြင့် ထာဝရမီးနှင့်ဆိုင်သော အပြစ်ဒဏ်ကိုခံရလျက် သင်ခန်းစာယူစရာဖြစ်လာကြ၏။
သို့သော် သားရဲသည် ပရောဖက်အတုအယောင်နှင့်အတူ အဖမ်းခံရ၏။ ထိုပရောဖက်အတုအယောင်သည် သားရဲ၏ရှေ့မှောက်၌ နိမိတ်လက္ခဏာများကိုပြုလျက် ထိုနိမိတ်လက္ခဏာများအားဖြင့် သားရဲ၏တံဆိပ်ကိုခံယူ၍ သူ၏ရုပ်တုကိုကိုးကွယ်သောသူတို့အား လှည့်ဖြားသောသူဖြစ်၏။ ထိုသူနှစ်ဦးစလုံးတို့သည် ကန့်နှင့်လောင်သောမီးအိုင်ထဲသို့ အရှင်လတ်လတ်ပစ်ချခြင်းခံရကြ၏။
သို့သော် ကြောက်တတ်သူများ၊ မယုံကြည်သူများ၊ ရွံရှာဖွယ်ကောင်းသူများ၊ လူသတ်သူများ၊ တရားနှင့်မညီမေထုန်ပြုသူများ၊ ပြုစားသောသူများ၊ ရုပ်တုကိုးကွယ်သူများနှင့် လိမ်လည်သောသူအပေါင်းတို့သည် ကန့်နှင့်လောင်သောမီးအိုင်ထဲ၌ မိမိတို့အဖို့ကိုရကြလိမ့်မည်။ ဤသည်ကား ဒုတိယသေခြင်းဖြစ်၏”ဟု မိန့်တော်မူ၏။