အုပ်ချုပ်သူတို့ကို ဘာမျှမဟုတ်သောသူများ၊ မြေကြီးပေါ်ရှိတရားသူကြီးတို့ကို အရာမဝင်သောသူများ ဖြစ်စေတော်မူ၏။
ဟေရှာယ 34:12 - မြန်မာ့စံမီသမ္မာကျမ်း နိုင်ငံတော်ဟု ခေါ်ရလောက်အောင် ထိုပြည်၌ မှူးမတ်မရှိ၊ ဘာမျှမရှိ။ ထိုပြည်၏အကြီးအကဲအပေါင်းတို့သည် အရာရောက်တော့မည်မဟုတ်။ Common Language Bible တိုင်းပြည်ကိုစိုးမိုးအုပ်ချုပ်သည့်ဘုရင်နှင့် ပြည်သူ့ခေါင်းဆောင်အပေါင်းတို့သည်လည်း ရှိကြတော့မည်မဟုတ်။- Garrad Bible မင်း အ ရာ၌ ချီး မြှောက် ရန် မှူး မတ် မ ရှိ၊ အ မတ် မျိုး သုန်း လိမ့် မည်။ Judson Bible မင်းအရာ၌ ချီးမြှောက်ရသော မှူးတော်မတ်တော် မရှိရ။ မင်းရိုးပြတ်ရလိမ့်မည်။ |
အုပ်ချုပ်သူတို့ကို ဘာမျှမဟုတ်သောသူများ၊ မြေကြီးပေါ်ရှိတရားသူကြီးတို့ကို အရာမဝင်သောသူများ ဖြစ်စေတော်မူ၏။
သင်တို့သည် ဘာမျှမဟုတ်သောအရာဖြစ်၏။ သင်တို့၏လုပ်ဆောင်ချက်သည် အချည်းနှီးသက်သက်ဖြစ်၏။ သင်တို့ကို ရွေးချယ်သောသူသည် စက်ဆုပ်ရွံရှာဖွယ်ဖြစ်၏။
ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီးသည် ယောယကိမ်၏သား ယုဒဘုရင်ယေခေါနိမှစ၍ ယုဒပြည်၊ ဂျေရုဆလင်မြို့၌ရှိသောမှူးမတ်များအားလုံးကို ဂျေရုဆလင်မြို့မှ ဘေဘီလုံမြို့သို့ ဖမ်းခေါ်သွားသောအခါ ထိုအသုံးအဆောင်တို့ကို မယူသွားဘဲချန်ထားခဲ့၏။
ဘေဘီလုံဘုရင်သည် ရိဗလမြို့၌ ဇေဒကိမင်းကြီး၏သားတို့ကို ဇေဒကိမင်းကြီး၏ရှေ့မှောက်တွင်ပင် သတ်၏။ ယုဒမှူးမတ်အပေါင်းတို့ကိုလည်း သတ်လေ၏။
ငါသည် ပရောဖက်ပြုဟောပြောနိုင်သောအခွင့်ကိုရရှိ၍ လျှို့ဝှက်နက်နဲသောအရာရှိသမျှနှင့် အသိပညာအလုံးစုံတို့ကို နားလည်သိရှိကာ တောင်များကိုရွှေ့နိုင်သည့် ယုံကြည်ခြင်းအပြည့်အဝရှိသော်လည်း မေတ္တာမရှိလျှင် အချည်းနှီးဖြစ်၏။
ထို့ကြောင့် ရုပ်တုအားပူဇော်ထားသောအရာများကို စားသောက်ခြင်းနှင့်ပတ်သက်၍ ရုပ်တုသည် ဤလောက၌ ဘာမျှမဟုတ်ကြောင်းနှင့် တစ်ဆူတည်းသောဘုရားသခင်မှတစ်ပါး မည်သည့်ဘုရားမျှမရှိကြောင်း ငါတို့သိကြ၏။
ငါသည် မိုက်မဲသောသူဖြစ်ခဲ့လေပြီ။ သင်တို့သည် ငါ့ကို အတင်းအကျပ် ထိုသို့ဖြစ်စေကြ၏။ အမှန်စင်စစ် ငါသည် သင်တို့၏ထောက်ခံချီးကျူးမှုကို ခံထိုက်၏။ အကြောင်းမူကား ငါသည် မပြောပလောက်သောသူဖြစ်သော်လည်း ထိပ်တန်းတမန်တော်များထက် အနည်းငယ်မျှမညံ့ပေ။