ဟေရှာယ 34:11 - မြန်မာ့စံမီသမ္မာကျမ်း11 ငှက်ကြီးဝန်ပို၊ ဖြူကောင်တို့သည် ထိုပြည်ကိုပိုင်ဆိုင်ကြလိမ့်မည်။ ဒီးဒုတ်၊ ကျီးကန်းတို့သည် ထိုပြည်၌နေကြလိမ့်မည်။ ကိုယ်တော်သည် ထိုပြည်ကို လဟာမျဉ်းကြိုး၊ ဗလာနတ္တိချိန်ထုပ်တို့ဖြင့် တန်းတော်မူလိမ့်မည်။ အခန်းကိုကြည့်ပါ။Common Language Bible11 ထိုပြည်သည်ဇီးကွက်များနှင့်ကျီးအတို့ ခိုအောင်းရာဖြစ်လိမ့်မည်။ ကမ္ဘာကိုဖန်ဆင်း တော်မမူမီအခါကကဲ့သို့ပင် ထာဝရ ဘုရားသည်ထိုပြည်ကိုလွတ်လပ်လဟာ ပြင်ကြီးဖြစ်စေတော်မူလိမ့်မည်။- အခန်းကိုကြည့်ပါ။Garrad Bible11 ဝံ ပို နှင့် ဗျိုင်း တို့ သည် အ ပိုင် ရ၍၊ ဇိ ကွက် နှင့် ကျီး အ တို့ လည်း နား နေ ရာ ရ သည့် ပြင်၊ ရော ထွေး ခြင်း ဆိုင် ရာ တာ ကြိုး၊ လ ဟာ ဆိုင် ရာ ချိန် သီး ဖြင့် သတ် မှတ် တော် မူ လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible11 ဝံပိုငှက်နှင့် ဖြူကောင်တို့သည် ထိုပြည်ကို အမွေခံ၍၊ ဣဗိတ်ငှက်နှင့် ကျီးအတို့သည်လည်း နေကြလိမ့်မည်။ ထိုမြေအပေါ်မှာ လွတ်လပ်ခြင်းမျဉ်းကြိုးကိုတန်း၍၊ လဟာမှန်ထုပ်ကို စီရင်တော်မူလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
သူသည် ကျယ်လောင်သောအသံဖြင့်ကြွေးကြော်လျက် “ဘေဘီလုံမြို့ကြီးသည် ပြိုလဲပြီ၊ ပြိုလဲပြီ။ ၎င်းသည် နတ်ဆိုးတို့နေထိုင်ရာအရပ်၊ ညစ်ညူးသောနတ်အပေါင်းတို့၏ခိုအောင်းရာအရပ်၊ ညစ်ညူးသောငှက်အမျိုးမျိုးတို့၏ခိုအောင်းရာအရပ်နှင့် ညစ်ညူး၍ရွံရှာဖွယ်ကောင်းသောသတ္တဝါအပေါင်းတို့၏ခိုအောင်းရာအရပ် ဖြစ်လေပြီ။
ထို့နောက် မောဘပြည်ကိုလည်း တိုက်ခိုက်၏။ မောဘပြည်သားတို့ကို မြေပေါ်တွင်လှဲစေပြီး ကြိုးနှင့်တိုင်းရာ ကြိုးသုံးပုံနှစ်ပုံအတွင်းရောက်နေသူများကို သတ်ပစ်ပြီး ကျန်သုံးပုံတစ်ပုံကို အသက်ချမ်းသာပေး၏။ ဤသို့ဖြင့် မောဘလူမျိုးတို့သည် ဒါဝိဒ်မင်းကြီး၏လက်အောက်ခံဖြစ်လာပြီး အခွန်များကိုဆက်သရ၏။