ခွန်အားကြီးသောသူသည် လောင်စာကဲ့သို့ဖြစ်၍ သူ၏လုပ်ဆောင်ချက်သည် မီးပွားကဲ့သို့ ဖြစ်မည်။ နှစ်မျိုးစလုံး အတူလောင်ကျွမ်း၍ မည်သူမျှငြှိမ်းသတ်မည်မဟုတ်။
ဟေရှာယ 34:10 - မြန်မာ့စံမီသမ္မာကျမ်း နေ့ညမပြတ် မီးငြိမ်းလိမ့်မည်မဟုတ်။ မီးခိုးသည် အစဉ်အမြဲတက်လိမ့်မည်။ ထိုပြည်သည် မျိုးဆက်အဆက်ဆက် တိတ်ဆိတ်ခြောက်ကပ်လိမ့်မည်။ ထိုပြည်ကို ကာလအစဉ်အဆက် မည်သူမျှ ဖြတ်သန်းသွားလာလိမ့်မည်မဟုတ်။ Common Language Bible ယင်းသည်နေ့ရောညဥ့်ပါမီးလောင်လျက်မီး ခိုးများထာဝစဉ်တက်၍နေလိမ့်မည်။ ထို ပြည်သည်လူမျိုးစဉ်ဆက်အဟောသိကံ ဖြစ်၍နေလိမ့်မည်။ ထိုပြည်ကိုနောင်အဘယ် အခါ၌မျှဖြတ်သန်းသွားလာသူရှိလိမ့် မည်မဟုတ်။- Garrad Bible နေ့ ညဉ့် မ ပြတ် မ ငြိမ်း ဘဲ မီး လောင် သ ဖြင့်၊ လူ မျိုး အ ဆက် ဆက် အ ခိုး တက် လျက်၊ မည် သူ မျှ မ လျှောက် မ သွား ဝံ့ ဘဲ ကာ လ အ စဉ် ဆိတ် ညံ ရာ ဖြစ် လိမ့် မည်။ Judson Bible နေ့ညမပြတ် မီးမငြိမ်းရ။ မီးခိုးလည်း အစဉ်တက်လိမ့်မည်။ ထိုပြည်သည် လူမျိုးအစဉ်အဆက် ဆိတ်ညံ၍၊ ကာလအစဉ်အမြဲ အဘယ်သူမျှ မလျှောက်မသွားရ။ |
ခွန်အားကြီးသောသူသည် လောင်စာကဲ့သို့ဖြစ်၍ သူ၏လုပ်ဆောင်ချက်သည် မီးပွားကဲ့သို့ ဖြစ်မည်။ နှစ်မျိုးစလုံး အတူလောင်ကျွမ်း၍ မည်သူမျှငြှိမ်းသတ်မည်မဟုတ်။
ထိုမြို့၌ မျိုးဆက်အဆက်ဆက် ကာလအစဉ် မည်သူမျှမှီတင်းနေထိုင်မည်မဟုတ်။ ထိုမြို့၌ အာရပ်လူမျိုးတစ်ယောက်မျှ တဲဆောက်မည်မဟုတ်။ သိုးထိန်းတစ်ယောက်မျှ သိုးတို့ကိုထိန်းကျောင်းမည်မဟုတ်။
ကြည့်ရှုလော့။ ထာဝရဘုရားသည် ကမ္ဘာမြေကြီးကို ဟင်းလင်းပြင်ဖြစ်စေတော်မူမည်။ လူသူကင်းမဲ့ရာဖြစ်စေတော်မူမည်။ မြေမျက်နှာပြင်ကို တွန့်လိမ်စေတော်မူမည်။ မြေကြီးသားတို့ကို ကွဲလွင့်စေတော်မူမည်။
ထိုအကောင်တို့အတွက် နေရာချပေးတော်မူပြီ။ ကိုယ်တော်၏လက်တော်သည် မျဉ်းကြိုးတန်း၍ နေရာခွဲဝေပေးတော်မူပြီ။ ထိုအကောင်တို့သည် ထိုပြည်ကို အစဉ်အမြဲပိုင်ဆိုင်၍ မျိုးဆက်အဆက်ဆက် နေထိုင်ကြလိမ့်မည်။
သူတို့သည် ငါ့ကိုဆန့်ကျင်ပုန်ကန်သောလူတို့၏အလောင်းကောင်များကို ထွက်ကြည့်ကြလိမ့်မည်။ ထိုအလောင်းကောင်တို့ကိုစားသောလောက်ကောင်သည် မသေ၊ လောင်သောမီးလည်း မငြိမ်း။ လူခပ်သိမ်းတို့အတွက် စက်ဆုပ်ဖွယ်ဖြစ်မည်”ဟု မိန့်တော်မူ၏။
သောဒုံမြို့၊ ဂေါမောရမြို့မှစ၍ အိမ်နီးချင်းမြို့တို့ဖျက်ဆီးခံရသကဲ့သို့ ပျက်စီးမည်။ မည်သူမျှ ထိုပြည်၌ နေထိုင်တော့မည်မဟုတ်။ တည်းခိုသောသူ ရှိတော့မည်မဟုတ်။
ထို့ကြောင့် ဘုရားရှင်ထာဝရဘုရားက “ကြည့်ရှုလော့။ ငါ့အမျက်ဒေါသသည် ဤအရပ်နှင့်တကွ လူ၊ တိရစ္ဆာန်၊ ကွင်းပြင်ရှိသစ်ပင်၊ မြေအသီးအနှံတို့အပေါ် သွန်ချမည်။ ငါ၏ဒေါသသည် မငြိမ်းဘဲတောက်လောင်လိမ့်မည်”ဟု မိန့်တော်မူ၏။
မည်သူမျှ၊ မည်သည့်တိရစ္ဆာန်မျှ ဖြတ်သန်းသွားလာတော့မည်မဟုတ်။ အနှစ်လေးဆယ်ပတ်လုံး နေထိုင်မည့်သူ ရှိတော့မည်မဟုတ်။
မြို့သည် ဘာမျှမကျန်အောင် ပျက်စီး၍ ဟင်းလင်းပြင်ဖြစ်လေပြီ။ လူတို့သည်လည်း စိတ်ပျက်အားလျော့လျက်၊ ကြောက်ဒူးတုန်လျက်၊ ခါးချည့်လျက် မျက်နှာဖြူဖတ်ဖြူရော်ဖြစ်ကြလေပြီ။
သူ့ကိုလောင်ကျွမ်းနေသောမီးမှ မီးခိုးများကိုမြင်၍ ‘မည်သည့်မြို့သည် ဤကြီးမားသောမြို့နှင့်တူသနည်း’ဟု အော်ဟစ်ကြလိမ့်မည်။
ထို့နောက် တစ်ဖန် သူတို့က “ဟာလေလုယာ။ သူ၏မီးခိုးသည် ကမ္ဘာအဆက်ဆက်တက်သွားလျက်ရှိ၏”ဟု ဆိုကြ၏။