ကြည့်ရှုလော့။ ထာဝရဘုရားသည် ကမ္ဘာမြေကြီးကို ဟင်းလင်းပြင်ဖြစ်စေတော်မူမည်။ လူသူကင်းမဲ့ရာဖြစ်စေတော်မူမည်။ မြေမျက်နှာပြင်ကို တွန့်လိမ်စေတော်မူမည်။ မြေကြီးသားတို့ကို ကွဲလွင့်စေတော်မူမည်။
ဟေရှာယ 32:12 - မြန်မာ့စံမီသမ္မာကျမ်း သီးနှံပင်နှင့်ပြည့်ခဲ့သောလယ်ယာ၊ အသီးများစွာသီးခဲ့သောစပျစ်ပင်၊ Common Language Bible သီးနှံကောင်းစွာထွက်သည့်လယ်ယာများနှင့် စပျစ်ဥယျာဉ်များသည်ပျက်စီးသွားပြီ ဖြစ်သဖြင့်လည်းကောင်း၊ ငါ့အမျိုးသား တို့၏မြေယာများကို ဆူးခြုံအမျိုးမျိုး ဖုံးလွှမ်းလျက်နေပြီဖြစ်သဖြင့်လည်းကောင်း၊ သင်တို့သည်ကြေကွဲဝမ်းနည်းလျက်မိမိတို့ ရင်ပတ်များကိုတီးခတ်ကြလော့။ ယခင် အခါကလူတို့ပျော်ရွှင်စွာနေထိုင်ခဲ့ကြ သည့်အိမ်များနှင့် စည်ကားသိုက်မြိုက်စွာရှိ နေခဲ့သည့်မြို့၏အတွက်ငိုကြွေးကြလော့။- Judson Bible ရင်ပတ်ကိုခတ်ခြင်း၊ သာယာသောလယ်ယာနှင့် အသီးများသော စပျစ်နွယ်ပင်အတွက် ညည်းတွားခြင်း ရှိလိမ့်မည်။ |
ကြည့်ရှုလော့။ ထာဝရဘုရားသည် ကမ္ဘာမြေကြီးကို ဟင်းလင်းပြင်ဖြစ်စေတော်မူမည်။ လူသူကင်းမဲ့ရာဖြစ်စေတော်မူမည်။ မြေမျက်နှာပြင်ကို တွန့်လိမ်စေတော်မူမည်။ မြေကြီးသားတို့ကို ကွဲလွင့်စေတော်မူမည်။
စပျစ်ဝိုင်အသစ်သည် ငိုကြွေးမြည်တမ်းရပြီ။ စပျစ်ပင်သည် ညှိုးနွမ်းခြောက်သွေ့သွားပြီ။ စိတ်နှလုံးဝမ်းမြောက်ခဲ့သောသူအပေါင်းတို့သည်လည်း ညည်းတွားကြရလေပြီ။
ဆူးပင်၊ ချုံပင်တို့ပေါက်နေသော ငါ့လူမျိုး၏မြေ၊ အပျော်အပါးများနှင့်စည်ကားခဲ့သောမြို့၊ ဝမ်းမြောက်ပျော်ရွှင်ခဲ့သောမိသားစုအားလုံးအတွက် ရင်ဘတ်စည်တီးကြလော့။
ငါ့လူမျိုးသမီးပျိုတို့ ပျက်စီးသောကြောင့်၊ နို့စို့နို့ညှာကလေးငယ်တို့ မြို့လမ်းမများပေါ်၌ လဲကျသောကြောင့် ငိုရလွန်း၍ မျက်စိမှုန်ဝေကုန်ပြီ။ ငါ့အထဲ၌ ပွက်ပွက်ဆူနေပြီ။ ငါ့အသည်းနှလုံးလည်း မြေပေါ်ကြွေကျလေပြီ။
ပြည်တကာတို့ထက် သာယာဝပြောသောပြည်ဖြစ်၍ ‘နို့နှင့်ပျားရည်စီးသောပြည်’ ဖြစ်သည့် သူတို့အားငါပေးသောပြည်သို့ သူတို့ကို မပို့ဆောင်တော့ဟု တောကန္တာရတွင် ငါကျိန်ဆိုခဲ့၏။
ထိုနေ့တွင်ပင် သူတို့ကို အီဂျစ်ပြည်မှထုတ်ဆောင်ပြီး ပြည်တကာတို့ထက် သာယာဝပြောသောပြည်၊ သူတို့အဖို့ ရွေးချယ်ထားသော ‘နို့နှင့်ပျားရည်စီးသောပြည်’သို့ ပို့ဆောင်ပေးမည်ဟု ကတိသစ္စာပြုခဲ့၏။
ငါ့စပျစ်ပင်ကို ချိုးဖဲ့ပြီး ငါ့သဖန်းပင်တို့ကို ဖျက်ဆီးပစ်လေပြီ။ ပြောင်တလင်းခါအောင်ခွာပြီး လွှင့်ပစ်လေပြီ။ အခက်များလည်း ဖြူခါပြာခါကျလေပြီ။
ဘုရင်မကို သုံ့ပန်းအဖြစ် ဖမ်းခေါ်သွားရန် အမိန့်ထုတ်ဆင့်သဖြင့် သူ၏ကျွန်မတို့သည် ရင်ဘတ်စည်တီးလျက် ချိုးငှက်အသံကဲ့သို့ ညည်းတွားလျက်နေကြ၏။