မိမိကိုယ်မိမိ ယုံကြည်စိတ်ချနေသောသမီးတို့၊ တစ်နှစ်ကျော်လျှင် သင်တို့ ထိတ်လန့်တုန်လှုပ်ရလိမ့်မည်။ အကြောင်းမူကား စပျစ်သီးဆွတ်ခူးခြင်း ရှိမည်မဟုတ်။ သီးနှံရိတ်သိမ်းခြင်း ရှိမည်မဟုတ်။
သင်တို့သည်ယခုအခါကျေနပ်ရောင့်ရဲ လျက်ရှိနေမည်ဖြစ်သော်လည်း နောင်နှစ်ခါ ဤအချိန်၌စိတ်ပျက်ရကြပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော်သင်တို့စုသိမ်းရန် စပျစ်သီးများရရှိမည်မဟုတ်သော ကြောင့်ဖြစ်၏။-
အို လျစ် လျူ နေ သော မိန်း မ တို့၊ တစ် နှစ် လွန် လျှင် အ သီး သုန်း ခြင်း၊ စ ပျစ် သီး ခေါင်း ပါး ခြင်း ဖြစ် အံ့ သော ကြောင့် တုန် လှုပ် ကြ ရ လိမ့် မည်။
သတိမရှိသောမိန်းမတို့၊ သင်တို့သည် တစ်နှစ်လွန်မှ ပူပန်ကြလိမ့်မည်။ အကြောင်းမူကား၊ စပျစ်သီးကို သိမ်းခြင်းအမှုပြတ်လိမ့်မည်။ စပါးအသီးအနှံကို သိမ်းရာကာလမရောက်ရ။
သီးနှံဖြစ်ထွန်းသောမြေ၌ ဝမ်းမြောက်ရွှင်လန်းခြင်း ပျောက်ကွယ်လေပြီ။ စပျစ်ခြံ၌ ရွှင်လန်းစွာသီချင်းဆိုခြင်းမရှိ။ ဝမ်းမြောက်စွာကြွေးကြော်ခြင်းလည်းမရှိ။ စပျစ်သီးနယ်ရာကျင်း၌ စပျစ်သီးနင်းနယ်သောသူမရှိ။ ကြွေးကြော်သံကို ငါရပ်စဲစေပြီ။
ထိုနေ့ရက်၌ စပျစ်ပင်တစ်ထောင်ပါရှိသော တစ်ထောင်တန်စပျစ်ခြံတိုင်းသည် ချုံတော၊ ဆူးတောများဖြစ်သွားလိမ့်မည်။
ထာဝရဘုရားက “ငါသည် သူတို့ကို အကုန်အစင်ဖျက်ဆီးမည်။ စပျစ်ပင်၌ စပျစ်သီးမကျန်။ သဖန်းပင်၌ သဖန်းသီးမကျန်။ အရွက်လည်း ညှိုးနွမ်းသွားလိမ့်မည်။ သူတို့အား ငါပေးသောအရာများကို သူတို့လက်လွတ်ဆုံးရှုံးရလိမ့်မည်”ဟု မိန့်တော်မူ၏။
‘ငါ့ချစ်သူတို့က ငါ့ကိုလက်ဆောင်ပေးသည်’ဟုဆိုသည့် သူ၏စပျစ်ပင်၊ သဖန်းပင်တို့ကိုလည်း ငါဖျက်ဆီး၍ တောအုပ်ဖြစ်စေကာ တောရိုင်းတိရစ္ဆာန်တို့ ကျက်စားရာဖြစ်စေမည်။
အစ္စရေးအမျိုးသားတို့သည် ရှင်ဘုရင်နှင့် အကြီးအကဲ မရှိ၊ ယဇ်ပူဇော်ခြင်း မရှိ၊ အထွတ်အမြတ်ကျောက်တိုင် မရှိ၊ ဧဖုဒ် မရှိ၊ တေရပ်ရုပ်တု မရှိ။ ထိုကဲ့သို့ နေ့ရက်များစွာ နေရလိမ့်မည်။
စပျစ်ပင်ခြောက်သွေ့ပြီ။ သဖန်းပင် ညှိုးနွမ်းပြီ။ သလဲပင်၊ စွန်ပလွံပင်၊ ပန်းသီးပင်အစရှိသောကွင်းပြင်ရှိ အပင်အားလုံးတို့သည်လည်း ခြောက်သွေ့လေပြီ။ စင်စစ် လူသားတို့အဖို့ ပျော်ရွှင်ခြင်းသည် ပျောက်လွင့်သွားလေပြီ။
သေသောက်ကြူးသူတို့၊ ထ၍ငိုကြွေးကြလော့။ စပျစ်ဝိုင်သောက်သူတို့၊ စပျစ်ဝိုင်သစ်ကြောင့် ညည်းတွားကြလော့။ အကြောင်းမူကား သင်တို့နှုတ်သည် စပျစ်ဝိုင်သစ်ကို တို့ထိခွင့်ရတော့မည်မဟုတ်။
ငါ့စပျစ်ပင်ကို ချိုးဖဲ့ပြီး ငါ့သဖန်းပင်တို့ကို ဖျက်ဆီးပစ်လေပြီ။ ပြောင်တလင်းခါအောင်ခွာပြီး လွှင့်ပစ်လေပြီ။ အခက်များလည်း ဖြူခါပြာခါကျလေပြီ။
သဖန်းပင် မပွင့်၊ စပျစ်ပင် မသီး၊ သံလွင်ပင်လည်း မဖြစ်ထွန်း၊ လယ်ယာသီးနှံလည်း မထွက်၊ သိုးခြံမှ သိုးပြတ်၍ တင်းကုပ်များ၌ နွားတစ်ကောင်မျှမရှိသော်လည်း
သူတို့၏ဥစ္စာပစ္စည်းသည် လုယက်ပစ္စည်းဖြစ်လိမ့်မည်။ သူတို့၏အိမ်များသည်လည်း လူသူကင်းမဲ့လိမ့်မည်။ အိမ်ကိုဆောက်သော်လည်း နေရမည်မဟုတ်၊ စပျစ်ခြံစိုက်သော်လည်း စပျစ်ဝိုင်ကို သောက်ရမည်မဟုတ်”ဟု ထာဝရဘုရားမိန့်တော်မူ၏။