ဂျေရုဆလင်မြို့ ခလုတ်တိုက်ပြီ။ ယုဒပြည် လဲကျပြီ။ သူတို့၏စကား၊ သူတို့၏အပြုအမူတို့သည် ထာဝရဘုရားကိုဆန့်ကျင်ကြ၏။ ဘုန်းအသရေတော်ရှေ့တွင် ပုန်ကန်ကြ၏။
ယေရုရှလင်မြို့သည်အမင်္ဂလာရှိပါသည် တကား။ ယုဒပြည်လည်းပြိုပျက်လျက်နေ လေပြီ။ သူတို့ပြုသမျှသောအမှုများနှင့် ပြောသမျှသောစကားများသည် ထာဝရ ဘုရားနှင့်ဆန့်ကျင်ဘက်သာလျှင်ဖြစ်၍ နေ၏။ သူတို့သည်ဘုရားသခင်ကိုယ်တော် တိုင်ကိုလူသိရှင်ကြားစော်ကားကြ၏။-
အ သို့ ဆို သော် အ ပြော အ ဆို အ ပြု အ မူ များ သည် ထာ ဝ ရ ဘု ရား နှင့် ဆန့် ကျင် ဘက် ပြု၍ ဘုန်း ရှိ သော စ က္ခု တော် ရှေ့၊ ငြင်း ပယ် ကြ သော ကြောင့်၊ ယေ ရု ရှ လင် မြို့ ပျက် စီး လျက် ယု ဒ ပြည် လည်း ပြို ပျက် ခဲ့ လေ စွ။
ယေရုရှလင်မြို့ပြိုလဲလျက်၊ ယုဒပြည် ဆုံးရှုံးလျက်ရှိ၏။ အကြောင်းမူကား၊ သူတို့စကားနှင့် သူတို့အကျင့်တို့သည် ထာဝရဘုရား၏ အလိုတော်နှင့်မညီ၊ ဘုန်းကြီးသောမျက်စိတော်တို့ကို ဆန့်ကျင်ဘက်ပြုကြ၏။
ထို့ပြင် ဖိလိတ္တိလူမျိုးတို့သည်လည်း မြေနိမ့်ဒေသရှိမြို့ရွာများနှင့် ယုဒပြည်နေဂေ့အရပ်ကို ဝင်ရောက်တိုက်ခိုက်ပြီး ဗက်ရှေမက်မြို့၊ အာယလုန်မြို့၊ ဂေဒရုတ်မြို့၊ စောခေါမြို့နှင့်ဝန်းကျင်ရှိမြို့ရွာများ၊ တိမနတ်မြို့နှင့်ဝန်းကျင်မြို့ရွာများ၊ ဂိမဇောမြို့နှင့်ဝန်းကျင်မြို့ရွာများကို သိမ်းပိုက်ကာ ထိုနေရာတို့၌ နေထိုင်ကြ၏။
ထို့ကြောင့် ထာဝရဘုရားသည် အဆီးရီးယားဘုရင်၏စစ်သူကြီးတို့ကို ချီလာစေ၍ သူတို့ကိုတိုက်ခိုက်စေ၏။ သူတို့သည် မနာရှေမင်းကြီးကို သံချိတ်များဖြင့်ဖမ်းဆီး၍ ကြေးနီကြိုးများဖြင့် ချည်နှောင်ကာ ဘေဘီလုံမြို့သို့ ခေါ်ဆောင်သွားကြ၏။
တွင်းတူးသောသူသည် ထိုတွင်းထဲသို့ ကျလိမ့်မည်။ ကျောက်တုံးကိုလှိမ့်သောသူသည် သူ့အပေါ်သို့ ထိုကျောက်တုံး ပြန်လိမ့်လာလိမ့်မည်။
သင်တို့ပြည်သည် လူသူကင်းမဲ့လေပြီ။ သင်တို့၏မြို့များကိုလည်း မီးလောင်လေပြီ။ တစ်ပါးအမျိုးသားတို့သည် သင်တို့၏မြေကို သင်တို့ရှေ့၌ ဝါးမျိုကြပြီ။ တစ်ပါးအမျိုးသားတို့ဖျက်ဆီးသဖြင့် လူသူကင်းမဲ့လေပြီ။
ပြိုပျက်ခဲ့သော၊ လူသူကင်းမဲ့ခဲ့သော၊ ဖျက်ဆီးခြင်းခံရသောသင်၏ပြည်သည် နေထိုင်သူများသောကြောင့် ကျဉ်းကျပ်လိမ့်မည်။ သင့်ကို ဝါးမျိုခဲ့သောသူတို့သည်လည်း အဝေးသို့လွင့်သွားကြလိမ့်မည်။
သင်တို့သည် မည်သူ့ကို သရော်ကြသနည်း။ မည်သူ့ကိုပါးစပ်ဟ၍ လျှာထုတ်ပြကြသနည်း။ သင်တို့သည် အပြစ်ကျူးလွန်သောသားသမီးများ၊ မုသားပြောဆိုသောအမျိုးအနွယ်များ ဖြစ်ကြသည်မဟုတ်လော။
သင်တို့လက်သည် သွေးနှင့်လည်းကောင်း၊ သင်တို့လက်ချောင်းသည် ဒုစရိုက်နှင့်လည်းကောင်း ညစ်ညူး၏။ သင်တို့၏နှုတ်သည် မုသားကိုပြောဆို၍ သင်တို့၏လျှာမှ ကောက်ကျစ်သောစကားထွက်၏။
ထိုအခါ ငါက “အို ဘုရားရှင်၊ မည်မျှကြာပါမည်နည်း”ဟု မေးလျှောက်ရာ ကိုယ်တော်က “မြို့တို့သည်ပျက်စီး၍ နေထိုင်သူမရှိ၊ အိမ်တို့တွင် လူမရှိ၊ တစ်ပြည်လုံးသည် ပျက်စီး၍ လူသူကင်းမဲ့သည့်တိုင်အောင်၊
သူတို့အားလုံးသည် ဘုရားတရားမဲ့သောသူ၊ ဆိုးညစ်သောသူတို့ဖြစ်ကြ၏။ သူတို့အားလုံး၏နှုတ်သည်လည်း မိုက်မဲသောစကားကို ပြောဆိုတတ်ကြ၏။ ထို့ကြောင့် ဘုရားရှင်သည် လူပျိုတို့အပေါ် နှစ်သက်တော်မမူ။ မိဘမဲ့နှင့် မုဆိုးမတို့ကို သနားတော်မမူ။ ဤအရာအလုံးစုံဖြစ်စေကာမူ အမျက်တော်မပြေ၊ လက်တော်သည် ဆန့်လျက်ရှိသေး၏။
လူတိုင်း ကိုယ့်စကားကို ဗျာဒိတ်စကားဖြစ်သည်ဟုဆိုလျက် ငါတို့၏ဘုရားသခင်ဖြစ်တော်မူသော၊ အသက်ရှင်တော်မူသော ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏စကားတော်ကို ကပြောင်းကပြန်ဖြစ်စေကြသောကြောင့် ထာဝရဘုရား၏ဗျာဒိတ်တော်ဟူ၍ ဘယ်သောအခါမျှ သင်တို့မပြောရ။
“ယုဒဘုရင်ဟေဇကိမင်းကြီးလက်ထက်တွင် မောရရှက်မြို့သားမိက္ခာက ယုဒလူမျိုးအပေါင်းတို့အား ‘ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ဇိအုန်တောင်သည် လယ်ကဲ့သို့ ထွန်ယက်ခြင်းကိုခံရလိမ့်မည်။ ဂျေရုဆလင်မြို့သည် အပြိုအပျက်ပုံဖြစ်လိမ့်မည်။ အိမ်တော်တည်ရာတောင်သည် တောအုပ်ဖြစ်လိမ့်မည်ဟူ၍ မိန့်တော်မူသည်’ဟု ပရောဖက်ပြုဟောပြောခဲ့သည်ကို
ဤအိမ်တော်ကို ရှိလောအရပ်ကဲ့သို့ ငါဖြစ်စေမည်။ ဤမြို့ကိုလည်း မြေကြီးပေါ်ရှိ လူမျိုးတကာတို့ ကျိန်ဆဲရာမြို့ဖြစ်စေမည်’ဟူ၍ မိန့်တော်မူသည်”ဟု ဆင့်ဆိုလော့။
ကြည့်ရှုလော့။ ဖျက်ဆီးသောသူသည် မိုးတိမ်ကဲ့သို့တက်လာမည်။ သူ၏စစ်ရထားသည် လေပွေကဲ့သို့ ဖြစ်မည်။ သူ၏မြင်းတို့သည် လင်းယုန်ထက်လျင်မြန်၏။ ငါတို့၌ အမင်္ဂလာရှိ၏။ ငါတို့သည် ဖျက်ဆီးခြင်းခံကြရပြီ။
အကြောင်းမူကား ထိုမြို့သူမြို့သားတို့သည် သူတို့ကိုယ်တိုင်မသိ၊ သင်တို့လည်းမသိ၊ သင်တို့ဘိုးဘေးလည်းမသိသော အခြားဘုရားများအား နံ့သာပေါင်းမီးရှို့ပူဇော်ကြ၏၊ ဝတ်ပြုကြ၏။ ထိုသို့သော မကောင်းမှုကိုပြုခြင်းဖြင့် ငါ့အမျက်ကို နှိုးဆော်ကြ၏။
သူ၏အညစ်အကြေးသည် သူ့အဝတ်၌စွန်းနေပြီ။ သူ၏နိဂုံးကို သူမဆင်ခြင်မိခဲ့။ သူသည် အံ့ဩဖွယ်ပြိုလဲသွားလေပြီ။ သူ့ကို နှစ်သိမ့်ပေးမည့်သူလည်းမရှိ။ အို ထာဝရဘုရား၊ ရန်သူတို့သည် အကျွန်ုပ်ကို အောင်နိုင်ကြပြီ။ အကျွန်ုပ်ခံရသော ဆင်းရဲဒုက္ခကို ကြည့်ရှုတော်မူပါ။
တစ်ဖန် ငါ့အား “အချင်းလူသား၊ အစ္စရေးအမျိုးအနွယ်သက်ကြီးဝါကြီးတို့သည် အမှောင်ထဲတွင် မည်သို့ပြုနေကြသည်ကို သင်မြင်ပြီမဟုတ်လော။ ‘ထာဝရဘုရားသည် ပြည်တော်ကို စွန့်တော်မူပြီဖြစ်၍ ငါတို့ကို မြင်တော်မမူ’ဟု ဆိုလျက် အခန်းထဲတွင် ကိုယ်စီမိမိရုပ်တုဖြင့် ဖောက်ပြန်နေကြပြီ”ဟု မိန့်တော်မူ၏။
ထိုအခါ ထာဝရဘုရားက ငါ့အား “အစ္စရေးလူမျိုး၊ ယုဒလူမျိုးတို့ကျူးလွန်သောအပြစ်သည် အလွန်တရာကြီးမား၏။ ပြည်သည် လူသတ်မှုများနှင့် ပြည့်နှက်လျက်ရှိ၏။ မြို့သည်လည်း ဖောက်လှဲဖောက်ပြန်မှုများနှင့် ပြည့်နှက်လျက်နေ၏။ သူတို့က ‘ထာဝရဘုရားသည် ပြည်ကို စွန့်တော်မူပြီ။ ထာဝရဘုရား မြင်တော်မမူ’ဟု ဆိုကြ၏။
အစ္စရေး၏မာနသည် သူတို့မည်သို့သောသူဖြစ်ကြောင်းကို သက်သေပြလေပြီ။ အစ္စရေးနှင့် ဧဖရိမ်တို့သည် ဒုစရိုက်ခလုတ်တိုက်၍ လဲကျကြလိမ့်မည်။ ယုဒသည်လည်း သူတို့နှင့်အတူ ခလုတ်တိုက်လဲကျလိမ့်မည်။
သူတို့ပြန်လှည့်လာသော်လည်း အမြင့်ဆုံးသောအရှင်ထံသို့ မဟုတ်။ သူတို့သည် ကြိုးလျော့နေသောလေးနှင့် တူကြ၏။ အကြီးအကဲတို့သည် မောက်မာသောစကားများကြောင့် ဓားဖြင့် ကျဆုံးရလိမ့်မည်။ အီဂျစ်ပြည်တွင် အထင်အမြင်သေးစရာ ဖြစ်လိမ့်မည်။
သို့ဖြစ်၍ သင်တို့ကြောင့် ဇိအုန်မြို့သည် လယ်ကဲ့သို့ ထွန်ယက်ခြင်းကို ခံရမည်။ ဂျေရုဆလင်မြို့သည်လည်း အပြိုအပျက်ပုံဖြစ်လိမ့်မည်။ အိမ်တော်တည်ရှိရာတောင်သည်လည်း တောအုပ်ဖြစ်လိမ့်မည်။
မြို့သားသူဌေးတို့သည် ရက်စက်ကြမ်းကြုတ်ကြ၏။ မြို့သူမြို့သားတို့သည် အလိမ်အညာစကားကိုသာ ပြောတတ်ကြ၏။ သူတို့၏လျှာသည် လိမ်လည်လှည့်စားသောစကားကိုသာ ဆိုတတ်ကြ၏။
ကိုယ်တော်သည် မကောင်းမှုများကို မမြင်ထိုက်၊ ဆိုးညစ်မှုများကို မကြည့်ထိုက်အောင် သန့်ရှင်းစင်ကြယ်သောမျက်လုံးများ ရှိတော်မူပါ၏။ သို့သော် သစ္စာမရှိသောသူတို့ကို အဘယ်ကြောင့် ကြည့်နေနိုင်ပါသနည်း။ ဆိုးယုတ်သောသူတို့က မိမိထက်ဖြောင့်မတ်သောသူတို့အား ဝါးမျိုနေသည်ကို အဘယ်ကြောင့် ဆိတ်ဆိတ်နေတော်မူပါသနည်း။
ငါတို့သည် သခင်ဘုရားအား သဝန်တိုစေကြသလော။ ငါတို့သည် ကိုယ်တော်ထက် ခွန်အားကြီးကြသလော။
ဤသည်ကား လူအပေါင်းတို့ကိုတရားစီရင်ရန်နှင့် ဘုရားတရားမဲ့စွာဖြင့်ပြုခဲ့သောသူတို့၏ဘုရားတရားမဲ့ခြင်းအမှုအလုံးစုံအတွက်လည်းကောင်း၊ ဘုရားတရားမဲ့သောအပြစ်သားတို့သည် ဘုရားသခင်ကိုဆန့်ကျင်ပြောဆိုသည့် ပြင်းထန်သောစကားအလုံးစုံအတွက်လည်းကောင်း သူတို့အားလုံး၏အပြစ်ကိုဖော်ပြရန်ဖြစ်၏”ဟု ဆိုထား၏။