မနာရှေ နန်းတက်သောအခါ သက်တော်တစ်ဆယ့်နှစ်နှစ်သာရှိပြီး ဂျေရုဆလင်မြို့တွင် ငါးဆယ့်ငါးနှစ်စိုးစံ၏။
ဟေရှာယ 3:4 - မြန်မာ့စံမီသမ္မာကျမ်း ငါသည် သူငယ်တို့ကို သူတို့၏အကြီးအကဲများဖြစ်စေမည်။ ကလေးငယ်တို့သည် သူတို့ကို အုပ်စိုးကြလိမ့်မည်။ Common Language Bible ထာဝရဘုရားသည်အရွယ်မရောက်သေး သောကလေးသူငယ်များအား ပြည်သူ တို့ကိုအုပ်စိုးခွင့်ပေးတော်မူလိမ့်မည်။- Garrad Bible သက် ရွယ် ငယ် သူ တို့ ကို မင်း မြှောက်၍ ထင် တိုင်း အုပ် စိုး ကြ လိမ့် မည်။ Judson Bible ထိုပြည်တွင် သူငယ်တို့ကို မင်းအရာ၌ငါခန့်ထား၍ နို့စို့သူငယ်တို့သည် အုပ်စိုးကြလိမ့်မည်။ |
မနာရှေ နန်းတက်သောအခါ သက်တော်တစ်ဆယ့်နှစ်နှစ်သာရှိပြီး ဂျေရုဆလင်မြို့တွင် ငါးဆယ့်ငါးနှစ်စိုးစံ၏။
ယောရှိ နန်းတက်သောအခါ သက်တော်ရှစ်နှစ်သာရှိသေး၏။ ဂျေရုဆလင်မြို့တွင် သုံးဆယ့်တစ်နှစ် စိုးစံ၏။
ဇေဒကိနန်းတက်သောအခါ သက်တော်နှစ်ဆယ့်တစ်နှစ်ရှိပြီး ဂျေရုဆလင်မြို့တွင် တစ်ဆယ့်တစ်နှစ်စိုးစံ၏။
ယောခတ်နန်းတက်သောအခါ သက်တော်နှစ်ဆယ့်သုံးနှစ်ရှိပြီး ဂျေရုဆလင်မြို့တွင် သုံးလစိုးစံ၏။
ယောယကိမ် နန်းတက်သောအခါ သက်တော်နှစ်ဆယ့်ငါးနှစ်ရှိပြီး ဂျေရုဆလင်မြို့တွင် တစ်ဆယ့်တစ်နှစ်စိုးစံ၏။ သူသည် သူ၏ဘုရားသခင်ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုကို ပြု၏။
ယောယခိမ်နန်းတက်သောအခါ သက်တော်ရှစ်နှစ်ရှိ၏။ ဂျေရုဆလင်မြို့တွင် သုံးလ၊ ဆယ်ရက် စိုးစံ၏။ သူသည် ထာဝရဘုရားရှေ့တော်၌ မကောင်းမှုကို ပြု၏။
အချင်းတိုင်းနိုင်ငံ၊ သင်၏ရှင်ဘုရင်သည် သူငယ်ဖြစ်ပြီး သင်၏အကြီးအကဲတို့သည် နံနက်အချိန်၌ပင် စားသောက်ပွဲကျင်းပလျှင် သင်သည် အမင်္ဂလာရှိ၏။
ငါ၏လူမျိုးတော်ကို ကလေးသူငယ်တို့က ညှဉ်းဆဲကြ၏။ မိန်းမတို့က အုပ်စိုးကြ၏။ အို ငါ့လူမျိုးတော်၊ သင်တို့ကိုလမ်းပြသောသူတို့သည် သင်တို့ကို လမ်းလွဲစေ၍ သင်တို့၏လမ်းခရီးကို ရှုပ်ထွေးစေကြ၏။
တစ်ဖန် ထာဝရဘုရားက “ဇိအုန်သမီးတို့သည် ဘဝင်မြင့်ကြ၏။ လည်ကိုဆန့်လျက်၊ မျက်လုံးကစားလျက်၊ သူတို့၏ခြေချင်းမြည်အောင် ဖွဖွရွရွလမ်းလျှောက်တတ်ကြသောကြောင့်
လူငါးဆယ်အုပ်၊ ဂုဏ်သရေရှိသူ၊ အကြံပေးသူ၊ လက်မှုအတတ်ကျွမ်းကျင်သူ၊ မန်းမှုတ်သောအတတ်ကျွမ်းကျင်သူတို့ကိုလည်း ဖယ်ရှားတော်မူ၏။
ထာဝရဘုရား၏အမျက်တော်ကြောင့် ယုဒပြည်သူ၊ ဂျေရုဆလင်မြို့သားတို့ကို အထံတော်မှမနှင်ထုတ်မီ ယုဒပြည်၌ ဤသို့ဖြစ်ပျက်ခဲ့၏။ ဇေဒကိမင်းကြီးသည် ဘေဘီလုံဘုရင်ကို ပုန်ကန်သဖြင့်