အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ဟေ​ရှာ​ယ 29:18 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ထို​နေ့ရက်​၌ နားမကြား​သော​သူ​တို့​သည် စာလိပ်​ထဲမှ​စာ​ကို ကြား​ကြ​လိမ့်မည်​။ မျက်စိ​ကန်း​သော​သူ​တို့​သည် အမှောင်​အမိုက်​ထဲမှ မြင်​ကြ​လိမ့်မည်​။

အခန်းကိုကြည့်ပါ။

Common Language Bible

ထို​နေ့​ရက်​ကာ​လ​ကျ​ရောက်​လာ​သော အ​ခါ​နား​ဆွံ့​သူ​များ​သည် စာ​ဖတ်​သည့် အ​သံ​ကို​ကြား​လိမ့်​မည်။ မှောင်​မိုက်​တွင်​နေ ထိုင်​ရ​သူ​မျက်​မ​မြင်​များ​သည်​လည်း မျက်​စိ​ပွင့်​၍​မြင်​ကြ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။

Garrad Bible

ထို ကာ လ၊ နား ပင်း သူ တို့ သည် စာ စ ကား ကို ကြား ခွင့်၊ မျက် မ မြင် တို့ သည်၊ မှောင် အ တိ နှင့် ကင်း လွတ် လျက် မြင် ခွင့် ရ ကြ သည့် ပြင်၊

အခန်းကိုကြည့်ပါ။

Judson Bible

ထို​ကာ​လ၌ နား​ပင်း​သော​သူ​တို့​သည် ကျမ်း​စ​ကား​ကို ကြား​ကြ​လိမ့်​မည်။ မျက်​စိ​ကန်း​သော​သူ​တို့​သည် မြှေး​ရှက်​ခြင်း၊ မှောင်​မိုက်​ခြင်း​နှင့် ကင်း​လွတ်၍ မြင်​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။



ဟေ​ရှာ​ယ 29:18
28 ပူးပေါင်းရင်းမြစ်များ  

ကိုယ်တော်​၏​တရားတော်​ထဲမှ အံ့ဖွယ်​သော​အမှု​တို့​ကို​မြင်​နိုင်​ရန် အကျွန်ုပ်​၏​မျက်စိ​ကို ဖွင့်ပေး​တော်မူ​ပါ​။


ကြား​တတ်​သော​နား​၊ မြင်​တတ်​သော​မျက်စိ​၊ ဤ​အရာ​နှစ်ပါးစလုံး​ကို ထာဝရဘုရား​ဖန်ဆင်း​တော်မူ​၏​။


စိတ်သဘော​လွဲမှား​သော​သူ​တို့​သည် အသိဉာဏ်​ကို​ရရှိ​ကြ​လိမ့်မည်​။ ညည်းတွား​သော​သူ​တို့​သည် ပညာ​ကို ခံယူ​ကြ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။


မျက်စိ​မြင်​သော​သူ​တို့​သည် အမှောင်ကျ​တော့​မည်​မ​ဟုတ်​။ နား​ကြား​သော​သူ​တို့​သည် အာရုံစိုက်​နားထောင်​ကြ​လိမ့်မည်​။


ထိုအခါ မျက်မမြင်​သူ​တို့​သည် မျက်စိ​မြင်​ကြ​လိမ့်မည်​။ နားမကြား​သူ​တို့​သည် နား​ကြား​ကြ​လိမ့်မည်​။


ငါ့​အစေအပါး​မှတစ်ပါး မည်သူ​မျက်စိကန်း​သနည်း​။ ငါ​စေလွှတ်​သော​ငါ့​စေတမန်​ကဲ့သို့ မည်သူ​နားပင်း​သနည်း​။ ငါ့​မိတ်ဆွေ​ကဲ့သို့ မည်သူ​မျက်စိကန်း​သနည်း​။ ထာဝရဘုရား​၏​အစေအပါး​ကဲ့သို့ မည်သူ​မျက်စိကန်း​သနည်း​။


သင်​သည် မျက်မမြင်​တို့​အား မျက်စိ​မြင်​စေ​မည်​။ အကျဉ်းသား​တို့​ကို အကျဉ်းထောင်​ထဲမှ​လည်းကောင်း​၊ ထောင်​အမှောင်​ခန်း​ထဲ၌ ထိုင်​နေ​သော​သူ​တို့​ကို​လည်းကောင်း လွတ်မြောက်​စေ​မည်​။


မျက်စိ​ရှိ​သော်လည်း မမြင်​သော​သူ​၊ နား​ရှိ​သော်လည်း မကြား​သော​သူ​တို့​ကို ထုတ်ဆောင်​ခဲ့​လော့​။


အို ဒံယေလ​၊ သင်​မူကား နောက်ဆုံး​ကာလ​တိုင်အောင် ဤ​စကား​တို့​ကို လျှို့ဝှက်​ထား​လော့​၊ ဤ​စာစောင်​ကို တံဆိပ်ခတ်​ထား​လော့​။ လူ​အများ​တို့​မူကား လှည့်လည်​ရှာဖွေ​၍ အသိပညာ​တိုးပွား​ကြ​လိမ့်မည်​”​ဟု ငါ့​အား ပြောပြ​၏​။


မျက်မမြင်​တို့​သည် မျက်စိ​မြင်​ရ​ကြ​၏။ ခြေ​မသန်စွမ်း​သူ​တို့​သည် လမ်းလျှောက်​နိုင်​ကြ​၏။ အနာကြီး​ရောဂါသည်​တို့​သည် စင်ကြယ်​ခြင်း​သို့​ရောက်​ကြ​၏။ နားမကြား​သော​သူ​တို့​သည် ကြား​ရ​ကြ​၏။ သေ​သော​သူ​တို့​သည် ထမြောက်​စေ​ခြင်း​ကို​ခံ​ရ​ကြ​၏။ ဆင်းရဲသား​တို့​သည် ကောင်းမြတ်​သော​သတင်း​ကို ကြား​ရ​ကြ​၏။


ထိုအခါ ယေရှု​က“ဗာယောန​ရှိမုန်၊ သင်​သည် မင်္ဂလာရှိ​၏။ အကြောင်းမူကား ဤ​အရာ​ကို အသွေး​အသား​က သင့်​အား ဖွင့်ပြ​သည်​မ​ဟုတ်​ဘဲ ကောင်းကင်​ဘုံ​၌​ရှိ​တော်မူ​သော​ငါ့​ခမည်းတော်​က ဖွင့်ပြ​တော်မူ​၏။


လူ​တို့​သည် အတိုင်းထက်အလွန်​အံ့အားသင့်​လျက် “ကိုယ်တော်​သည် အလုံးစုံ​တို့​ကို လျောက်ပတ်​စွာ​ပြု​တော်မူ​ပြီ။ နားမကြား​သော​သူ​ကို ကြား​စေ​တော်မူ​၍ ဆွံ့အ​သော​သူ​ကို​စကား​ပြော​စေ​တော်မူ​၏”​ဟု ပြောဆို​ကြ​၏။


“ထာဝရ​ဘုရား​၏​ဝိညာဉ်​တော်​သည် ငါ့​အပေါ်​တည်​တော်မူ​၏။ အကြောင်းမူကား ဆင်းရဲသား​တို့​အား ကောင်းမြတ်​သော​သတင်း​ကို​ဟောပြော​စေရန် ကိုယ်တော်​သည် ငါ့​ကို​ဘိသိက်​ပေး​တော်မူ​၍ ဖမ်းဆီး​ချုပ်နှောင်​ခြင်း​ခံရ​သော​သူ​တို့​အား လွတ်မြောက်​ခြင်း​အကြောင်း​နှင့် မျက်မမြင်​တို့​အား မျက်စိ​ပြန်​မြင်​ခြင်း​အကြောင်း​ကို ဟောပြော​စေရန်​လည်းကောင်း၊ ညှဉ်းဆဲ​ခံရ​သော​သူ​တို့​ကို လွတ်မြောက်​ရာ​သို့​ပို့ဆောင်​ရန်​လည်းကောင်း၊


ကိုယ်တော်​က​လည်း ယောဟန်​၏​တပည့်​တို့​အား“သင်​တို့​မြင်​ရ၊ ကြား​ရ​သမျှ​တို့​ကို သွား​၍ ယောဟန်​အား ပြောပြ​ကြ​လော့။ မျက်မမြင်​တို့​သည် မျက်စိ​မြင်​ရ​ကြ​၏။ ခြေ​မသန်စွမ်း​သူ​တို့​သည် လမ်းလျှောက်​နိုင်​ကြ​၏။ အနာကြီး​ရောဂါသည်​တို့​သည် စင်ကြယ်​ခြင်း​သို့​ရောက်​ကြ​၏။ နားမကြား​သော​သူ​တို့​သည် ကြား​ရ​ကြ​၏။ သေ​သော​သူ​တို့​သည် ထမြောက်​စေ​ခြင်း​ကို​ခံရ​ကြ​၏။ ဆင်းရဲသား​တို့​သည် ကောင်းမြတ်​သော​သတင်း​ကို​ကြား​ရ​ကြ​၏။


ပရောဖက်​ကျမ်း​များ​တွင် ‘ထို​သူ​အပေါင်း​တို့​သည် ဘုရားသခင်​၏​သွန်သင်​တော်မူ​ခြင်း​ကို ခံရ​သော​သူ​များ​ဖြစ်​ကြ​လိမ့်မည်’ဟု ရေး​ထား​သည်​ဖြစ်​၍ ခမည်းတော်​ထံ၌ ကြားနာ​ပြီး နည်းခံ​သော​သူ​တိုင်း​သည် ငါ့​ထံသို့​လာ​ကြ​၏။


“ရှိလောင်​ရေကန်​သို့​သွား​၍ ဆေး​လော့”​ဟု မိန့်​တော်မူ​၏။ (ရှိလောင်​၏​အဓိပ္ပာယ်​မှာ စေလွှတ်​ခြင်း​ခံရ​သူ ဟူ၍​ဖြစ်​၏။) ထို့ကြောင့် သူ​သည်​သွား​၍​ဆေး​လိုက်​ရာ မျက်စိ​မြင်​လျက်​ပြန်လာ​၏။


ဤသည်ကား သူ​တို့​၏​မျက်စိ​ကို​ဖွင့်​ပေး​၍ သူ​တို့​ကို အမှောင်​မှ အလင်း​သို့​လည်းကောင်း၊ စာတန်​၏​အခွင့်​အာဏာ​မှ ဘုရားသခင်​ထံသို့​လည်းကောင်း ပြောင်းလဲ​စေ​သဖြင့် သူ​တို့​သည် ငါ့​ကို​ယုံကြည်​ခြင်း​အားဖြင့် အပြစ်​များ​ခွင့်လွှတ်​ခြင်း​ကျေးဇူး​ကို​ခံစားရ​ကာ သန့်ရှင်း​စေ​ခြင်း​ခံရ​သော​သူ​တို့​ထဲတွင် ပါဝင်​ရ​မည့်​အကြောင်း​တည်း’​ဟု မိန့်​တော်မူ​ခဲ့​ပါ​သည်။


အကြောင်းမူကား ထင်ရှား​လာ​သော​အရာ​ရှိသမျှ​သည် အလင်း​ဖြစ်​၏။ သို့ဖြစ်၍ “အိပ်ပျော်​နေ​သော​သူ၊ နိုး​လော့။ သေ​သော​သူ​တို့​ထဲမှ ထမြောက်​လော့။ ထိုအခါ ခရစ်တော်​သည် သင့်​အား အလင်း​ကို​ပေး​တော်မူ​လိမ့်မည်”​ဟု ဆို​ထား​၏။


သို့သော် ယနေ့​ထိတိုင် ထာဝရဘုရား​သည် သင်​တို့​အား နားလည်​နိုင်​သော​စိတ်​၊ မြင်​နိုင်​သော​မျက်စိ​၊ ကြား​နိုင်​သော​နား​တို့​ကို ပေး​တော်​မ​မူ​။


သင်​တို့​မူကား ရွေးကောက်​ခံရ​သော​အမျိုးအနွယ်၊ တော်ဝင်​ယဇ်ပုရောဟိတ်​မျိုး၊ သန့်ရှင်း​သော​တိုင်းသူပြည်သား၊ ပိုင်ဆိုင်​တော်မူ​သော​လူမျိုး​တော်​ဖြစ်​ကြ​၏။ ဤသည်ကား သင်​တို့​ကို အမှောင်​ထဲမှ မိမိ​၏​အံ့ဩဖွယ်​အလင်း​ထဲသို့ ခေါ်ယူ​တော်မူ​သော​အရှင်​၏​ကောင်းမြတ်​တော်မူ​ခြင်း​များ​ကို သင်​တို့​ဖော်ပြ​ကြ​မည့်​အကြောင်း​တည်း။


သင်​သည် ချမ်းသာ​လာ​စေရန် မီး​ဖြင့်​ချွတ်​၍​သန့်စင်​ထား​သော​ရွှေ​ကို​လည်းကောင်း၊ သင်​၏​အဝတ်​အချည်းစည်း​ဖြစ်​ခြင်း​အရှက်​ကို​မ​ပေါ်​စေရန် သင်​ဝတ်​ဖို့ ဖြူ​သော​ဝတ်ရုံ​ကို​လည်းကောင်း၊ သင်​၏​မျက်စိ​ပြန်​မြင်​စေရန် မျက်စိ​ခတ်​ဖို့ မျက်စဉ်း​ကို​လည်းကောင်း ငါ့​ထံမှ​ဝယ်ယူ​ရန် သင့်​အား ငါ​အကြံပေး​၏။