ဘုရားသခင်နှင့် အကျွမ်းဝင်၍ သင့်မြတ်အောင်နေလော့။ သို့ပြုလျှင် ကောင်းကျိုးချမ်းသာကို သင်စံစားရမည်။
ဟေရှာယ 27:5 - မြန်မာ့စံမီသမ္မာကျမ်း သို့မဟုတ် သူသည် ငါ့ထံသို့ လာရောက်ခိုလှုံပါစေ။ ငါနှင့်ငြိမ်းချမ်းရေးယူပါစေ။ ငါနှင့်ငြိမ်းချမ်းရေးယူပါစေ။ Common Language Bible သို့ရာတွင်ငါ၏လူမျိုးတော်၏ရန်သူများ သည် ငါ၏ကွယ်ကာစောင့်ထိန်းမှုကိုအလိုရှိ ပါမူ ငါနှင့်ပြေလည်ကျေအေးမှုရရှိရန် ဆောင်ရွက်ကြရာ၏။ သူတို့သည်ငါနှင့်ပြေ လည်ကျေအေးမှုရရှိရန် အမှန်ပင်ဆောင် ရွက်ကြရာ၏'' ဟုမိန့်တော်မူလိမ့်မည်။ Garrad Bible သို့ မ ဟုတ်၊ ငါ့ စွမ်း ရည် ကို မှီ ဝဲ၍၊ ငါ နှင့် မိတ်ဿ ဟာ ရ ဖွဲ့ ကြ စေ။ မိတ်ဿ ဟာ ရ ဖွဲ့ ကြ စေ ဟူ ၍ တည်း။ Judson Bible သို့မဟုတ် ငါ၏အစွမ်းသတ္တိကို ကိုးစား၍၊ ငါနှင့် မိတ်သဟာယ ဖွဲ့ကြစေ။ ငါနှင့် မိတ်သဟာယဖွဲ့ကြစေသော။ |
ဘုရားသခင်နှင့် အကျွမ်းဝင်၍ သင့်မြတ်အောင်နေလော့။ သို့ပြုလျှင် ကောင်းကျိုးချမ်းသာကို သင်စံစားရမည်။
ကြည့်ရှုလော့။ ဘုရားသခင်သည် ငါ့ကိုကယ်တင်သောအရှင် ဖြစ်တော်မူ၏။ ငါသည် ကြောက်ရွံ့ခြင်းမရှိဘဲ ယုံကြည်ကိုးစားမည်။ အကြောင်းမူကား ထာဝရဘုရားသည် ငါ၏ခွန်အား၊ ငါ၏တေးသီချင်း၊ ငါ့ကို ကယ်တင်သောအရှင်ဖြစ်တော်မူ၏”ဟု ဆိုလိမ့်မည်။
အကြောင်းမူကား ကိုယ်တော်သည် ဆင်းရဲသားတို့မှီခိုရာ၊ ဒုက္ခရောက်နေသောနွမ်းပါးသူတို့မှီခိုရာ၊ မုန်တိုင်းထဲမှ ခိုလှုံရာ၊ အပူရှိန်မှကာကွယ်ပေးသော အရိပ်အာဝါသ ဖြစ်တော်မူ၏။ ကြမ်းကြုတ်သောသူတို့၏ဒေါသသည် နံရံကိုတိုက်ဖြိုသောမုန်တိုင်းကဲ့သို့ဖြစ်၏။
အို ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်တို့အား ငြိမ်သက်ခြင်းကို ပေးတော်မူပါပြီ။ အကယ်စင်စစ် အကျွန်ုပ်တို့၏အမှုရှိသမျှတို့ကို အကျွန်ုပ်တို့အတွက် ကိုယ်တော်ပြုတော်မူပါပြီ။
ငါ့အစေအပါးမှတစ်ပါး မည်သူမျက်စိကန်းသနည်း။ ငါစေလွှတ်သောငါ့စေတမန်ကဲ့သို့ မည်သူနားပင်းသနည်း။ ငါ့မိတ်ဆွေကဲ့သို့ မည်သူမျက်စိကန်းသနည်း။ ထာဝရဘုရား၏အစေအပါးကဲ့သို့ မည်သူမျက်စိကန်းသနည်း။
“ထာဝရဘုရား၌သာ ဖြောင့်မတ်ခြင်းရှိ၏။ အစွမ်းသတ္တိရှိ၏”ဟု ငါ့အား ပြောဆိုကြလိမ့်မည်။ သူတို့သည် ကိုယ်တော့်ထံသို့လာကြလိမ့်မည်။ ကိုယ်တော့်ကိုအမျက်ထွက်သောသူအပေါင်းတို့မူကား အရှက်ကွဲရလိမ့်မည်။
ထိုသို့ပြုသောသူ၊ ထိုအရာကိုဆုပ်ကိုင်ထားသောလူသား၊ ဥပုသ်နေ့ကိုမညစ်ညူးစေဘဲ စောင့်ထိန်းသောသူ၊ မည်သည့်မကောင်းမှုကိုမျှမပြုမိစေရန် မိမိလက်ကိုချုပ်တည်းသောသူသည် မင်္ဂလာရှိ၏”ဟု မိန့်တော်မူ၏။
နှုတ်ခမ်းအသီးကို ငါဖန်ဆင်း၏။ ဝေးသောသူ၊ နီးသောသူတို့၌ ငြိမ်သက်ခြင်း ရှိစေသော။ ငါသည် သူ့ကို ကုသပေးမည်”ဟု ထာဝရဘုရားမိန့်တော်မူ၏။
ကိုယ်တော်သည် အကျွန်ုပ်တို့ထံမှ မျက်နှာတော်ကိုလွှဲ၍ ဒုစရိုက်လက်ထဲ၌ အကျွန်ုပ်တို့ကို နစ်မွန်းစေသဖြင့် ကိုယ်တော်၏နာမတော်ကိုခေါ်သောသူ၊ မိမိစိတ်ကို နှိုးဆော်၍ ကိုယ်တော်ကို ဖက်တွယ်သောသူတစ်ယောက်မျှမရှိ။
အို ဂျေရုဆလင်မြို့၊ ဂျေရုဆလင်မြို့၊ ပရောဖက်များကိုသတ်၍ မိမိထံသို့စေလွှတ်ခြင်းခံရသောသူတို့ကို ခဲနှင့်ပေါက်သတ်သောမြို့၊ ကြက်မသည် မိမိ၏ကြက်ကလေးများကို အတောင်အောက်၌စုသိမ်းသကဲ့သို့ ငါသည် သင်၏သားသမီးတို့ကိုစုသိမ်းရန် ကြိမ်ဖန်များစွာအလိုရှိခဲ့၏။ သို့သော် သင်သည်အလိုမရှိ။
ရင်ဆိုင်၍မရနိုင်ပါက အခြားဘုရင်သည်အဝေး၌ရှိနေစဉ် သံတမန်ကိုစေလွှတ်၍ စစ်ပြေငြိမ်းရေးအတွက် စကားကမ်းလှမ်းရပေလိမ့်မည်။
“သင်သာ ငြိမ်သက်ခြင်းကိုရစေသည့်အရာတို့ကို ယနေ့ပင်သိခဲ့လျှင်... သို့ရာတွင် ထိုအရာသည် ယခုသင်၏မျက်စိရှေ့မှ ကွယ်ဝှက်ထားခြင်းခံရ၏။
ဤသည်ကား ရှေ့၌ပြင်ဆင်ထားသောမျှော်လင့်ခြင်းကို ဆွတ်ခူးနိုင်ရန်အတွက် ထွက်ပြေးလာသောငါတို့သည် ဘုရားသခင်မုသားမသုံးနိုင်သောအရာတည်းဟူသော မပြောင်းလဲနိုင်သည့်အရာနှစ်ပါးအားဖြင့် ကြီးမားသောနှစ်သိမ့်မှုကိုခံစားရကြမည့်အကြောင်းတည်း။
ထိုအခါ ဂိဗောင်မြို့သားတို့သည် ဂိလဂါလအရပ်၌တပ်စခန်းချနေသောယောရှုထံသို့ လူလွှတ်၍ “တောင်ပေါ်ဒေသ၌နေထိုင်သော အာမောရိဘုရင်တို့ ပူးပေါင်းပြီး အကျွန်ုပ်တို့ကို လာတိုက်ပါပြီ။ သို့ဖြစ်၍ အရှင့်အစေအပါးတို့ကို ပစ်မထားပါနှင့်။ အကျွန်ုပ်တို့ထံသို့ အလျင်အမြန်လာ၍ ကူညီကယ်တင်ပါလော့”ဟု လျှောက်ဆိုစေ၏။