ကိုယ်ဝန်ဆောင်မိန်းမသည် သားဖွားလုဆဲဆဲ၌ မိမိ၏နာကျင်ခြင်းဝေဒနာကြောင့် လူးလွန့်လျက် အော်ဟစ်ငိုကြွေးသကဲ့သို့ အို ထာဝရဘုရား၊ အကျွန်ုပ်တို့သည် ကိုယ်တော်၏ရှေ့တော်၌ ထိုနည်းတူဖြစ်ကြပါ၏။
အို ထာဝရဘုရားကိုယ်တော်ရှင်သည် ကျွန်တော်မျိုးတို့အားသားဖွားသည့် အမျိုးသမီးကဲ့သို့၊ နာကျင်ခြင်းဝေဒနာနှင့်အော်ဟစ်စေတော် မူပါပြီ။
သ န္ဓေ လွယ် သော မိန်း မ သည် မီး ဖွား ချိန် ရောက် ဆဲ အ ခါ၊ ဝေ ဒ နာ ခံ စား ရ သ ဖြင့်၊ တုန် တုန် ခိုက် ခိုက် အော် ဟစ် တတ် သည့် နည်း တူ၊ မျက် မှောက် တော် တွင် အ ကျွန်ုပ် တို့ ရှိ နေ ကြ ရ ပါ ပြီ။
ကိုယ်ဝန်ဆောင်သောမိန်းမသည် သားဖွားချိန်နီးသောအခါ နာကျင်၍၊ နာကျင်ခြင်းဝေဒနာကြောင့် အော်ဟစ်သကဲ့သို့၊ ထိုအတူ၊ အို ထာဝရဘုရား၊ အကျွန်ုပ်တို့သည် ရှေ့တော်၌ ဖြစ်ကြပါပြီ။
မိန်းမအားလည်း “သင်သန္ဓေတည်သောအခါ ငါသည် သင့်ကို ပင်ပန်းခက်ခဲမှု အများအပြားကြုံတွေ့စေမည်။ သင်သည် နာကျင်ခက်ခဲစွာသားဖွားရမည်။ သင်၏အလိုဆန္ဒသည် သင်၏ခင်ပွန်းအတွက်ဖြစ်လိမ့်မည်။ သူသည် သင့်ကိုအုပ်စိုးလိမ့်မည်”ဟု မိန့်တော်မူ၏။
ထိုအရပ်တွင် ထိတ်လန့်တုန်လှုပ်ခြင်းသည် သူတို့ကိုဖမ်းဆုပ်ထား၍ သူတို့သည် သားဖွားနေသောအမျိုးသမီးကဲ့သို့ ဝေဒနာခံစားကြရ၏။
ထိတ်လန့်လိမ့်မည်။ ပြင်းထန်သောဝေဒနာ၊ မချိတင်ကဲဝေဒနာသည် သူတို့ကို ဆုပ်ကိုင်ထားလိမ့်မည်။ သားဖွားသောမိန်းမကဲ့သို့ လူးလွန့်ရလိမ့်မည်။ တစ်ယောက်ကိုတစ်ယောက် အံ့အားသင့်လိမ့်မည်။ သူတို့မျက်နှာသည် မီးလျှံကဲ့သို့ဖြစ်လိမ့်မည်။
ထို့ကြောင့် ငါ့ခါးသည် အလွန်နာ၏။ ငါခံရသောဝေဒနာသည် သားဖွားမိန်းမခံရသောဝေဒနာကဲ့သို့ ဖြစ်၏။ ငါကြားရသောအရာကြောင့် စိတ်ရှုပ်ထွေး၏။ မြင်ရသောအရာကြောင့် ထိတ်လန့်၏။
သူတို့က ဟေရှာယအား “ဟေဇကိမင်းကြီးက ‘ယနေ့သည် ဆင်းရဲဒုက္ခရောက်သောနေ့၊ ဆုံးမခြင်းခံရသောနေ့၊ အရှက်ကွဲရသောနေ့ ဖြစ်၏။ သားဖွားချိန်ရောက်သော်လည်း သားဖွားရန်ခွန်အားမရှိ။
သင်တို့ မေးမြန်းကြည့်ကြလော့။ ယောက်ျားသည် သားဖွားနိုင်သလော။ ယောက်ျားအပေါင်းတို့သည် သားဖွားသောမိန်းမကဲ့သို့ မိမိတို့ခါးကိုနှိပ်၍ မျက်နှာဖြူဖပ်ဖြူရော်ဖြစ်နေကြသည်ကို အဘယ်ကြောင့် ငါမြင်ရသနည်း။
သားဦးဖွား၍ ဝေဒနာခံစားရသောမိန်းမ၏ညည်းတွားသံကဲ့သို့ ဇိအုန်သမီး၏အသံကို ငါကြားရ၏။ သူသည် မောဟိုက်လျက်၊ လက်ကိုဖြန့်ထားလျက် ‘ငါ၌ အမင်္ဂလာရှိ၏။ လူသတ်သမားများကြောင့် ငါ့စိတ်နှလုံး မောပန်းလှသည်’ဟု ဆို၏။
ထိုသတင်းကိုကြားသောအခါ ငါတို့၏လက်များ ပျော့ခွေသွား၏။ ဆင်းရဲဒုက္ခသည် ငါတို့ကို ဖိစီးပြီ။ ငါတို့သည် သားဖွားမိန်းမကဲ့သို့ဝေဒနာခံစားရပြီ။
အမျိုးသမီးတစ်ဦးသည် သားဖွားသောအခါ မွေးဖွားချိန်ရောက်လာသောကြောင့် ပူဆွေးခြင်းရှိတတ်၏။ သို့ရာတွင် ကလေးမွေးဖွားပြီးသောအခါ ဤလောကတွင် လူတစ်ယောက်မွေးဖွားသည့်အတွက် ဝမ်းမြောက်ခြင်းရှိသဖြင့် ခံစားခဲ့ရသောဒုက္ခဝေဒနာကို သတိမရတော့ပေ။
“ငြိမ်းချမ်းမှုနှင့်လုံခြုံမှုရှိသည်”ဟု လူတို့ပြောဆိုနေကြသည့်အချိန်၌ပင် ကိုယ်ဝန်ဆောင်အမျိုးသမီး၌ သားဖွားခြင်းဝေဒနာရောက်လာသကဲ့သို့ ပျက်စီးခြင်းသည် သူတို့အပေါ် ရုတ်တရက်ရောက်လာ၍ သူတို့သည် လုံးဝလွတ်မြောက်နိုင်မည်မဟုတ်။
ထိုအမျိုးသမီးသည် ကိုယ်ဝန်ဆောင်၍ သားဖွားခြင်းဝေဒနာကြောင့် အော်ဟစ်လျက် သားဖွားရန်မချိမဆံ့ခံစားနေ၏။