သို့သော် ငါ့ထံ အမှုထမ်းခြင်းနှင့် တိုင်းနိုင်ငံများထံ အမှုထမ်းခြင်းကို ခွဲခြားသိမြင်နိုင်ရန် သူတို့ကို ရှိရှက်မင်းကြီးထံ ကျွန်ခံစေမည်”ဟု မိန့်ဆိုစေ၏။
ဟေရှာယ 26:13 - မြန်မာ့စံမီသမ္မာကျမ်း အကျွန်ုပ်တို့၏ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော့်အပြင် အခြားသောသခင်တို့သည် အကျွန်ုပ်တို့ကို အုပ်စိုးကြပြီ။ သို့သော် ကိုယ်တော်၏နာမတော်ကိုသာ အကျွန်ုပ်တို့အောက်မေ့ကြပါ၏။ Common Language Bible ကျွန်တော်မျိုးတို့၏ဘုရားသခင်ထာဝရ ဘုရား၊ ကျွန်တော်မျိုးတို့သည် သူတစ်ပါးတို့အုပ်စိုးမှုကို ခံရကြပါပြီ။ သို့ရာတွင်ကိုယ်တော်ရှင် တစ်ပါးတည်းသာလျှင်၊ ကျွန်တော်မျိုးတို့၏အရှင်သခင်ဖြစ်တော်မူပါ၏။ Garrad Bible အ ကျွန်ုပ် တို့၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား၊ ကိုယ် တော် မှ တစ် ပါး၊ အ ခြား သော အ ရှင် တို့ သည် အ ကျွန်ုပ် တို့ အ ပေါ် တွင် အုပ် စိုး ခဲ့ ကြ ပြီ။ ကိုယ် တော် အား ဖြင့် သာ နာ မ တော် ကို ထော မ နာ ပြု ရ ကြ ပါ၏။ Judson Bible အကျွန်ုပ်တို့၏ ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်မှတစ်ပါး အခြားသောသခင်တို့သည် အကျွန်ုပ်တို့ကို အစိုးရကြပြီ။ ယခုမူကား၊ ကိုယ်တော်အားဖြင့်သာ နာမတော်ကို ချီးမွမ်းကြပါမည်။ |
သို့သော် ငါ့ထံ အမှုထမ်းခြင်းနှင့် တိုင်းနိုင်ငံများထံ အမှုထမ်းခြင်းကို ခွဲခြားသိမြင်နိုင်ရန် သူတို့ကို ရှိရှက်မင်းကြီးထံ ကျွန်ခံစေမည်”ဟု မိန့်ဆိုစေ၏။
ရှမာရိမြို့နှင့်ထိုမြို့မှရုပ်တုများကို ငါပြုသကဲ့သို့ ဂျေရုဆလင်မြို့နှင့်ထိုမြို့မှရုပ်တုများကို ငါပြုမည်မဟုတ်လော”ဟု ဆိုတတ်၏။
ထိုနေ့ရက်၌ သင်တို့က “ထာဝရဘုရားကို ချီးမွမ်းကြလော့။ ကိုယ်တော်၏နာမတော်ကို ခေါ်ဆိုပတ္ထနာပြုကြလော့။ ကိုယ်တော်ပြုသောအမှုတော်တို့ကို လူမျိုးတို့အလယ်၌ ဖော်ပြကြလော့။ ကိုယ်တော်၏နာမတော်မြင့်မြတ်တော်မူကြောင်းကို ထုတ်ဖော်ပြောဆိုကြလော့။
သူတို့ပြည်သည် ရုပ်တုများနှင့်ပြည့်၍ သူတို့သည် မိမိတို့လက်ဖြင့်လုပ်သောအရာ၊ မိမိတို့လက်ချောင်းများဖြင့် ပြုလုပ်သောအရာတို့ကို ရှိခိုးကိုးကွယ်ကြ၏။
အို ထာဝရဘုရား၊ ကိုယ်တော်၏တရားလမ်း၌ ကိုယ်တော်ကို အကျွန်ုပ်တို့စောင့်မျှော်ကြပါ၏။ ကိုယ်တော်၏နာမတော်၊ ကိုယ်တော်ပြုတော်မူသော အမှတ်ရစရာကို ကျွန်ုပ်တို့၏စိတ်ဝိညာဉ် တောင့်တပါ၏။
သင်၏အရှင်သခင်၊ မိမိလူမျိုးတော်ကိုကာကွယ်သော သင်၏ဘုရားသခင်ထာဝရဘုရားက “ကြည့်ရှုလော့။ ဒယီးဒယိုင်ဖြစ်စေသောဖလား၊ ငါ့အမျက်တော်ဖလားထဲမှ အနည်အဖတ်ကို သင့်လက်မှ ငါသိမ်းယူပြီ။ သင်သည် ထိုဖလားကို နောက်တစ်ဖန်မသောက်ရ။
ငါတို့အတွက် ထာဝရဘုရား ပြုတော်မူခဲ့သောအရာအလုံးစုံနှင့်အညီ ထာဝရဘုရား၏မေတ္တာကရုဏာတော်၊ ထာဝရဘုရား၏ဂုဏ်ကျေးဇူးတော်တို့ကို ငါဖော်ပြမည်။ ကိုယ်တော်၏ကြွယ်ဝသောမေတ္တာကရုဏာတော်နှင့်အညီ အစ္စရေးအမျိုးသားတို့အတွက် ပြုတော်မူခဲ့သည့် ကောင်းမြတ်ခြင်းအလုံးစုံတို့ကို ငါဖော်ပြမည်။
ကိုယ်တော်သည် ဝမ်းမြောက်သောစိတ်ဖြင့် ဖြောင့်မတ်စွာပြုကျင့်သောသူ၊ ကိုယ်တော်၏တရားလမ်းတော်ကိုအောက်မေ့သောသူတို့အား ကြိုဆိုလက်ခံတော်မူ၏။ သို့သော် အကျွန်ုပ်တို့အပြစ်ပြု၍ ကိုယ်တော်အမျက်ထွက်တော်မူ၏။ အဆက်မပြတ်အပြစ်ပြုသောအကျွန်ုပ်တို့ကို ကယ်တင်တော်မူမည်လော။
သေဆုံးသူနှင့်ဆွေမျိုးတော်သည့် အလောင်းမီးသင်္ဂြိုဟ်သူက အရိုးတို့ကို အိမ်မှ ထုတ်ယူလာပြီး အိမ်ထဲရှိသူအား “အထဲမှာ လူကျန်သေးသလော”ဟု မေးလျှင် ထိုသူက “မကျန်ပါ”ဟု ဆို၏။ ထို့နောက် သူက “တိတ်တိတ်နေပါ။ ထာဝရဘုရား၏နာမကို ဖွင့်ဟမပြောဆိုရ”ဟု ဆိုလိမ့်မည်။
လူမျိုးအပေါင်းတို့သည် မိမိတို့ဘုရားများ၏နာမ၌ အသီးသီးလိုက်လျှောက်ကြလိမ့်မည်။ ငါတို့မူကား ငါတို့၏ဘုရားသခင် ထာဝရဘုရားနာမတော်၌ ကာလအစဉ်အဆက်လိုက်လျှောက်ကြမည်။
သမ္မာတရားကိုသိကြသဖြင့် သမ္မာတရားသည် သင်တို့ကို လွတ်မြောက်စေလိမ့်မည်”ဟု မိန့်တော်မူ၏။
သို့သော် ယခုအခါ သင်တို့သည် အပြစ်၏လက်မှလွတ်မြောက်ခွင့်ရ၍ ဘုရားသခင်၏ကျွန်ဖြစ်လာကြပြီး သန့်ရှင်းခြင်းသို့ရောက်စေသည့်အကျိုးကျေးဇူးကို ခံစားရကြ၏။ ၎င်း၏ရလဒ်မူကား ထာဝရအသက်ဖြစ်၏။
အကြောင်းမူကား မည်သူသည် သင့်ကိုထူးခြားစေသနည်း။ သင်ခံယူရရှိသောအရာမဟုတ်ဘဲ သင်၌နဂိုကတည်းက ရှိထားသောအရာတစ်စုံတစ်ခုရှိသလော။ သင်ခံယူရရှိခဲ့သည့်အရာဖြစ်သည်မှန်လျှင် ခံယူရရှိခဲ့သည့်အရာမဟုတ်သကဲ့သို့ အဘယ်ကြောင့်ဝါကြွားသနည်း။
ထို့ကြောင့် ငါတို့သည် နာမတော်ကိုဝန်ခံသောနှုတ်၏အသီးအပွင့်တည်းဟူသော ချီးမွမ်းခြင်းယဇ်ကို ကိုယ်တော်အားဖြင့် ဘုရားသခင်အား အစဉ်မပြတ်ပူဇော်ကြကုန်စို့။
သင်တို့တွင် ကျန်နေသေးသောလူမျိုးတို့နှင့်ပေါင်းဖော်ခြင်းမပြုနှင့်၊ သူတို့ဘုရားများ၏နာမကိုမတနှင့်၊ မတိုင်တည်နှင့်။ ထိုဘုရားတို့ကိုဝတ်မပြုနှင့်၊ ရှိခိုးကိုးကွယ်ခြင်းမပြုနှင့်။