စပျစ်ဝိုင်အသစ်သည် ငိုကြွေးမြည်တမ်းရပြီ။ စပျစ်ပင်သည် ညှိုးနွမ်းခြောက်သွေ့သွားပြီ။ စိတ်နှလုံးဝမ်းမြောက်ခဲ့သောသူအပေါင်းတို့သည်လည်း ညည်းတွားကြရလေပြီ။
စပျစ်ပင်တို့သည်ညှိုးနွမ်းသဖြင့်စပျစ် ရည်ရှားပါး၍လာလေသည်။ အခါတစ်ပါး ကကြည်လင်ရွှင်လန်းလျက်ရှိကြသူလူ အပေါင်းတို့သည် ယခုအခါစိတ်ညှိုး ငယ်လျက်နေကြ၏။-
စ ပျစ် ပင် ညှိုး လျက်၊ အ ရည် လည်း လျော့ လျက်၊ စိတ် ရွှင် သူ အ ပေါင်း တို့ ညည်း တွား ကြ၏။
သစ်သောစပျစ်ရည်သည် ငြိုငြင်လေ၏။ စပျစ်နွယ်ပင်သည်လည်း အားလျော့လေ၏။ စိတ်ရွှင်လန်းသောသူအပေါင်းတို့သည် ညည်းတွားကြ၏။
သီးနှံဖြစ်ထွန်းသောမြေ၌ ဝမ်းမြောက်ရွှင်လန်းခြင်း ပျောက်ကွယ်လေပြီ။ စပျစ်ခြံ၌ ရွှင်လန်းစွာသီချင်းဆိုခြင်းမရှိ။ ဝမ်းမြောက်စွာကြွေးကြော်ခြင်းလည်းမရှိ။ စပျစ်သီးနယ်ရာကျင်း၌ စပျစ်သီးနင်းနယ်သောသူမရှိ။ ကြွေးကြော်သံကို ငါရပ်စဲစေပြီ။
စိဗမာ၏အကောင်းဆုံးစပျစ်ပင်များသည် ယာဇာမြို့တိုင်အောင်ရောက်၍ တောကန္တာရအထိပြန့်ပွားသွားပြီး အခက်အလက်တို့သည် ဆန့်ထွက်လျက် ပင်လယ်ကိုကျော်လွန်သွား၏။ ထိုစပျစ်ပင်များကို တိုင်းနိုင်ငံတို့၏အရှင်သခင်တို့သည် ချိုးကြ၏။ ဟေရှဘုန်လယ်ပြင်များ၊ စိဗမာစပျစ်ပင်များသည် ညှိုးနွမ်းခြောက်သွေ့ကြလေပြီ။
ငါသည် ယုဒမြို့များ၊ ဂျေရုဆလင်မြို့ရှိလမ်းများပေါ်မှ ရွှင်မြူးခြင်းအသံ၊ ဝမ်းမြောက်ခြင်းအသံ၊ သတို့သားအသံ၊ သတို့သမီးအသံတို့ကို ရပ်စဲစေမည်။ သို့ဖြစ်၍ ထိုပြည်သည်လည်း ဆိတ်ညံရာအရပ်ဖြစ်လိမ့်မည်”ဟု မိန့်တော်မူ၏။
ငါ့လက်ကိုဆန့်၍ သူတို့ကို ဆန့်ကျင်မည်။ ဒိဗလတ်ကန္တာရမှစ၍ သူတို့နေလေရာအရပ်ရပ်တို့ကို လူသူကင်းမဲ့ရာ၊ ဆိတ်ညံရာ ဖြစ်စေသောအခါ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သူတို့သိကြလိမ့်မည်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။