ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် ငါတို့တွင် အသက်ရှင်ကျန်ရစ်သူအနည်းငယ်ကိုမျှ ချန်ထားတော်မမူခဲ့လျှင် ငါတို့သည် သောဒုံမြို့ကဲ့သို့ဖြစ်၍ ဂေါမောရမြို့နှင့်တူပေလိမ့်မည်။
ဟေရှာယ 24:13 - မြန်မာ့စံမီသမ္မာကျမ်း သံလွင်သီးကိုရိုက်ခြွေပြီးနောက် ကောက်သင်းကောက်သကဲ့သို့လည်းကောင်း၊ စပျစ်သီးဆွတ်ခူးပြီးနောက် ကောက်သင်းကောက်သကဲ့သို့လည်းကောင်း ကမ္ဘာမြေကြီးအလယ်ရှိ တိုင်းနိုင်ငံတို့တွင် ထိုသို့ ဧကန်အမှန်ဖြစ်လိမ့်မည်။ Common Language Bible ကမ္ဘာတစ်ဝှမ်းလုံးမှနိုင်ငံရှိသမျှတို့တွင် ဤနည်းအတိုင်းပင်ဖြစ်ပျက်ရလိမ့်မည်။ ဤသို့ဖြစ်ပျက်ရာအချိန်သည်သံလွင်သီး များကိုအပင်ရှိသမျှမှရိုက်ချလျက်၊ စပျစ်သီးအကြွင်းအကျန်များကိုလည်း စပျစ်နွယ်များမှဆွတ်ခူးပြီးသည့်အချိန်၊ သီးနှံများရိတ်သိမ်းမှုပြီးဆုံးရာကာလ နှင့်တူလိမ့်မည်။ Garrad Bible သံ လွင် ပင် မှ ခြွေ ပြီး အ သီး ကျန် ကဲ့ သို့လည်း ကောင်း၊ စ ပျစ် ပင် မှ သိမ်း ပြီး အ သီး ကျန် ကဲ့ သို့လည်း ကောင်း၊ မြေ အ ပြင် တွင် လူ အ မျိုး မျိုး၌ ဖြစ် လိမ့် သ တည်း။ Judson Bible ထိုသို့ ပြည်တော်အလယ်၊ ပြည်သားတို့တွင် ဖြစ်ရသော်လည်း သံလွင်ပင်ကိုလှုပ်၍ အသီးကို ရသကဲ့သို့လည်းကောင်း၊ စပျစ်သီးကို သိမ်းယူသောနောက်၊ အကြွင်းအကျန်ကို ကောက်ရသကဲ့သို့လည်းကောင်း ဖြစ်လိမ့်မည်။ |
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် ငါတို့တွင် အသက်ရှင်ကျန်ရစ်သူအနည်းငယ်ကိုမျှ ချန်ထားတော်မမူခဲ့လျှင် ငါတို့သည် သောဒုံမြို့ကဲ့သို့ဖြစ်၍ ဂေါမောရမြို့နှင့်တူပေလိမ့်မည်။
အစ္စရေးလူမျိုးတို့၏ဘုရားသခင်ထာဝရဘုရားက “ထိုနေ့ရက်၌ ယာကုပ်အမျိုး၏ဘုန်းအသရေသည် မှေးမှိန်သွားလိမ့်မည်။ ဝဖြိုးသောကိုယ်ခန္ဓာသည်လည်း ပိန်ချုံးသွားလိမ့်မည်။
အို အစ္စရေးအမျိုးသားတို့၊ ထိုနေ့ရက်၌ ထာဝရဘုရားသည် ယူဖရေးတီးမြစ်လက်တက်မှ အီဂျစ်ပြည်စမ်းချောင်းတိုင်အောင် သင်တို့ကို တလင်းနယ်၍ တစ်ယောက်ပြီးတစ်ယောက် ကောက်သိမ်းတော်မူမည်။
သပိတ်ပင်နှင့်ဝက်သစ်ချပင်တို့သည် ခုတ်လှဲခြင်းခံရ၍ အငုတ်သာကျန်သကဲ့သို့ ဆယ်ပုံတစ်ပုံသာကြွင်းကျန်သောထိုပြည်သည် ထပ်၍ဝါးမျိုဖျက်ဆီးခြင်းခံရလိမ့်မည်။ သန့်ရှင်းသောအမျိုးအနွယ်သည် အငုတ်ဖြစ်လိမ့်မည်”ဟု မိန့်တော်မူ၏။
ဓားဘေးမှလွတ်မြောက်သောသူအနည်းငယ်တို့သည် အီဂျစ်ပြည်မှယုဒပြည်သို့ ပြန်လာကြလိမ့်မည်။ ထိုအခါ သူတို့စကားတည်သလော၊ ငါ့စကားတည်သလော။ မည်သူ့စကားတည်သည်ကို အီဂျစ်ပြည်သို့ သွားရောက်နေထိုင်သော ယုဒလူအကြွင်းအကျန်ရှိသမျှတို့ သိရကြလိမ့်မည်။
ထိုဘေးမှလွတ်၍ အသက်ရှင်ကျန်ရစ်သောသူတို့သည်လည်း သူတို့အပြစ်ကြောင့် ချိုင့်ဝှမ်းရှိခိုငှက်ကဲ့သို့ တောင်ပေါ်တွင် ညည်းညူနေလိမ့်မည်။
သင်တို့ပြည်တွင် ရိတ်သိမ်းချိန်၌ သီးနှံရိတ်သိမ်းသောအခါ သင့်လယ်၏အစွန်အဖျားကို အကုန်အစင်မရိတ်ရ။ ရိတ်သိမ်းပြီးသောအခါတွင်လည်း ကောက်သင်းမကောက်ရ။
အို ယာကုပ်အမျိုး၊ သင်တို့အားလုံးကို ငါဧကန်အမှန်စုသိမ်းမည်။ ကြွင်းကျန်သောအစ္စရေးလူမျိုးကို ငါဧကန်အမှန်ပြန်လည်စုစည်းမည်။ သိုးခြံထဲမှသိုးအုပ်ကဲ့သို့၊ စားကျက်မြေထဲမှ သိုးစုကဲ့သို့ တစ်စုတစ်စည်းတည်းဖြစ်စေမည်။ လူများသဖြင့် ဆူညံနေလိမ့်မည်။
ငါ၌ အမင်္ဂလာရှိ၏။ အကြောင်းမူကား ငါသည် နွေရာသီသီးနှံရိတ်သိမ်းသူများ၊ စပျစ်ခြံ၌ အသီးကျန်လိုက်ခူးသူများနှင့်တူလေပြီ။ စားစရာစပျစ်သီးခိုင် တစ်ခိုင်မျှမရှိ၊ အဦးဆုံးမှည့်သောအသီးကို စားလိုစိတ်ရှိသော်လည်း တစ်လုံးမျှမရှိ။
ထိုနေ့ရက်တို့ကို တိုတောင်းစေတော်မမူလျှင် မည်သူမျှလွတ်နိုင်မည်မဟုတ်။ သို့သော် ရွေးကောက်ခံရသောသူတို့အတွက် ထိုနေ့ရက်တို့ကို တိုတောင်းစေတော်မူလိမ့်မည်။
သို့သော် သာဒိမြို့၌ မိမိတို့အဝတ်ကိုမညစ်ညူးစေသောသူ အနည်းငယ်ရှိ၏။ ထိုသူတို့သည် ထိုက်တန်သောသူများဖြစ်သောကြောင့် ဖြူသောအဝတ်ကိုဝတ်လျက် ငါနှင့်အတူသွားလာရကြလိမ့်မည်။