သူ့အား သင့်ဝတ်ရုံကိုဝတ်စေ၍ သင့်ခါးစည်းကိုစည်းစေမည်။ သင့်အာဏာကို သူ့လက်သို့ ငါအပ်မည်။ သူသည် ဂျေရုဆလင်မြို့သားနှင့် ယုဒအမျိုးအနွယ်တို့၏ဖခင်ဖြစ်မည်။
သင်ရာထူးအလျောက်ဝတ်ဆင်ရသည့်ဝတ် လုံကိုသူ့အားဝတ်ဆင်စေ၍ သင်၏ခါးစည်း ကိုစည်းစေလော့။ သင်ရရှိခဲ့သောအခွင့် အာဏာရှိသမျှကိုအပ်နှင်းမည်။ ထိုသူ သည်ယေရုရှလင်မြို့သူမြို့သားများနှင့် ယုဒပြည်သူတို့အတွက် ဖခင်သဖွယ် ဖြစ်လိမ့်မည်။-
သင့် ခါး စည်း ဖြင့် ပတ် ပြီး လျှင်၊ အ စိုး ရ သော အ ခွင့် ကို သူ့ လက် သို့ လွှဲ အပ် သ ဖြင့်၊ ထို သူ သည် ယေ ရု ရှ လင် မြို့ သူ မြို့ သား မှ စ၍ ယု ဒ အ မျိုး သား တို့ အ ပေါ် တွင် အ ဘ အ ဖြစ် သို့ ရောက် လ တ္တံ့။
သင်၏ဝတ်လုံနှင့် ဝတ်ဆင်စေမည်။ သင်၏ခါးစည်းနှင့် ချီးမြှောက်၍၊ သင်၏အစိုးရသောအခွင့်ကို အပ်ပြီးလျှင်၊ သူသည် ယေရုရှလင်မြို့သူ၊ ယုဒအမျိုးသားတို့၏အဘဖြစ်လိမ့်မည်။
သို့ဖြစ်၍ သင်တို့သည် အကျွန်ုပ်ကို ဤအရပ်သို့စေလွှတ်သည်မဟုတ်။ ဘုရားသခင်စေလွှတ်တော်မူသည်ဖြစ်၏။ ကိုယ်တော်သည် အကျွန်ုပ်ကို ဖာရောမင်းကြီး၏အဖအရာ၌လည်းကောင်း၊ နန်းတော်သူနန်းတော်သားအပေါင်းတို့၏သခင်အရာ၌လည်းကောင်း၊ အီဂျစ်ပြည်တစ်ပြည်လုံးကိုအုပ်စိုးသောသူအရာ၌လည်းကောင်း ခန့်ထားတော်မူပြီ။
မော်ဒကဲသည် အပြာရောင်နှင့်အဖြူရောင်ချည်ချောထည် မင်းအဝတ်တန်ဆာဝတ်ဆင်၍ ရွှေသရဖူကြီးကိုဆောင်းလျက်၊ ခရမ်းရောင်ပိတ်ချောဝတ်လုံကိုခြုံလျက် ဘုရင့်ထံမှထွက်လာသောအခါ ရှုရှန်နန်းတော်တစ်ခုလုံး ဝမ်းမြောက်စွာ ကြွေးကြော်ကြလေ၏။
ရှင်ဘုရင်သည် ဟာမန်ထံမှ ပြန်သိမ်းယူထားသော တံဆိပ်တုံးလက်စွပ်ကိုချွတ်၍ မော်ဒကဲအား ပေးလေ၏။ ဧသတာသည်လည်း ဟာမန်၏အိမ်ကို မော်ဒကဲအား ကြီးကြပ်ကွပ်ကဲစေ၏။
နွမ်းပါးသူတို့အဖို့ ဖခင်၊ သူစိမ်းတို့၏အမှုကိစ္စကို ကူညီဖြေရှင်းပေးခဲ့သူဖြစ်၏။
ခါးပတ်စည်း၍ ခေါင်းပေါင်းတွဲလောင်းကျနေသော တပ်မှူးပုံများ၊ ခါလဒဲပြည်ဖွား ဘေဘီလုံစစ်သည်တို့၏ပုံများ စသည်တို့ကို မြင်သောအခါ
ထို့နောက် ယောနသန်သည် မိမိဝတ်ထားသောဝတ်လုံကိုချွတ်ပြီး ဒါဝိဒ်အားပေး၏။ စစ်ဝတ်တန်ဆာများ၊ ဓား၊ လေးနှင့်ခါးပန်းတို့ကိုလည်း ပေး၏။