ဆိုးယုတ်သောသူသည် သနားခြင်းကိုခံရသော်လည်း ဖြောင့်မတ်ခြင်းတရားကို မသင်ယူ။ သူသည် တရားသောပြည်၌ မတရားသဖြင့်ပြုလျက် ထာဝရဘုရား၏ဘုန်းတန်ခိုးတော်ကို မမြင်။
ဟေရှာယ 22:13 - မြန်မာ့စံမီသမ္မာကျမ်း “ငါတို့သည် မနက်ဖြန်သေရမည်ဖြစ်၍ စားကြသောက်ကြကုန်စို့”ဟု ဆိုလျက် သိုးနွားတို့ကိုသတ်၍ အသားစားကြ၏။ စပျစ်ဝိုင်သောက်လျက် ရွှင်မြူးဝမ်းမြောက်ကြ၏။ Common Language Bible သင်သည်ယင်းသို့ပြုမည့်အစားရယ်မော လျက် ပွဲလမ်းသဘင်ကျင်းပကာနေခဲ့၏။ သိုးနွားများကိုသတ်၍စားကာစပျစ်ရည် ကိုသောက်ခဲ့၏။ ``နက်ဖြန်သေရကြမည် ဖြစ်၍ယခုငါတို့စားကြသောက်ကြ ကုန်အံ့'' ဟုသင်ဆိုခဲ့၏။ Garrad Bible သင် တို့ က၊ နက် ဖြန် သေ ရ မည် ဖြစ်၍၊ စား သောက် လျက် နေ ကြ ကုန် အံ့ ဟု ဆို ကြ သည် နှင့် အ ညီ၊ ဝမ်း မြောက် ရွှင် လန်း ခြင်း၊ သိုး နွား ကို စီ ရင်၍ အ သား နှင့် စ ပျစ် ရည် စား သောက် ခြင်း များ ကို ပြု ကျင့် ကြ ပြီ တ ကား။ Judson Bible ကြည့်ပါ။ ဝမ်းမြောက် ရွှင်လန်းခြင်းအမှု၊ သိုးနွားများကို သတ်ခြင်း၊ အမဲသားစားခြင်း၊ စပျစ်ရည်သောက်ခြင်းအမှုကို ပြုလျက်၊ ငါတို့သည် စားကြကုန်အံ့၊ သောက်ကြကုန်အံ့၊ နက်ဖြန်သေရကြမည်ဟု ပြောဆိုကြသည်တကား။ |
ဆိုးယုတ်သောသူသည် သနားခြင်းကိုခံရသော်လည်း ဖြောင့်မတ်ခြင်းတရားကို မသင်ယူ။ သူသည် တရားသောပြည်၌ မတရားသဖြင့်ပြုလျက် ထာဝရဘုရား၏ဘုန်းတန်ခိုးတော်ကို မမြင်။
အရေလမြို့၊ အရေလမြို့၊ ဒါဝိဒ်မင်းကြီးစခန်းချရာမြို့သည် အမင်္ဂလာရှိ၏။ တစ်နှစ်ပြီးတစ်နှစ် ထပ်၍ထပ်၍ ပွဲတို့ကို အလှည့်ကျကျင်းပကြပါစေဦး။
“ငါတစ်ပါးတည်း ရှိ၏။ ငါမှတစ်ပါး အခြားသူမရှိ။ ငါသည် မုဆိုးမဖြစ်မည်မဟုတ်။ သားသမီးဆုံးရှုံးခြင်းကို ငါခံစားရမည်မဟုတ်”ဟု ကိုယ့်စိတ်ထဲ၌ပြောဆို၍ စိတ်အေးလက်အေးနေထိုင်ပြီး ကာမဂုဏ်ခံစားနေသောသူ၊ ယခု ဤအရာကို နားထောင်လော့။
နံနက်စောစောထ၍ သေရည်သေရက်နောက်လိုက်သောသူ၊ ညဥ့်နက်သည်အထိ စပျစ်ဝိုင်နှင့်ယစ်မူးသောသူတို့သည် အမင်္ဂလာရှိကြ၏။
သူတို့၏စားသောက်ပွဲများ၌ စောင်းကောက်၊ စောင်းပြား၊ ပတ်သာ၊ ပလွေ၊ စပျစ်ဝိုင်တို့ပါရှိ၏။ သူတို့သည် ထာဝရဘုရားပြုသောအမှုကို အလေးမထားကြ။ ကိုယ်တော်၏လက်တော်ဖြင့်လုပ်သောအရာကိုလည်း မမြင်ကြ။
စပျစ်ဝိုင်အလွန်အကြူးသောက်သူ၊ သေရည်သေရက်ရောစပ်ရာတွင်ကျွမ်းကျင်သူတို့သည် အမင်္ဂလာရှိကြ၏။
“လာကြ။ စပျစ်ဝိုင်ကို ငါယူခဲ့မည်။ သေရည်သေရက်ကို အဝသောက်ကြစို့။ မနက်ဖြန်သည်လည်း ယနေ့ကဲ့သို့ပင်ဖြစ်လိမ့်မည်။ ထိုထက် ကောင်းလျှင်လည်း ကောင်းဦးမည်”ဟု ဆိုတတ်ကြ၏။
သူတို့က “အကျွန်ုပ်တို့ အဘယ်ကြောင့် အစာရှောင်ရမည်နည်း။ အကျွန်ုပ်တို့အစာရှောင်သည်ကို ကိုယ်တော်မြင်တော်မမူ။ အကျွန်ုပ်တို့ ကိုယ့်ကိုယ်ကိုယ် အဘယ်ကြောင့်နှိမ့်ချရမည်နည်း။ အကျွန်ုပ်တို့ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချသည်ကို ကိုယ်တော်သိမှတ်တော်မမူ”ဟု ဆိုကြ၏။ အကယ်စင်စစ် သင်တို့သည် အစာရှောင်ရာနေ့၌ ကိုယ့်အလိုရှိရာကို ကိုယ်လုပ်ကြ၏။ အလုပ်သမားများကို အဓမ္မစေခိုင်းကြ၏။
ကြည့်လော့။ ဤသည်မှာ သင့်ညီမသောဒုံ၏အပြစ်ဖြစ်၏။ သူနှင့်သူ့သမီးတို့သည် မာနကြီး၏။ စားစရာအလျှံအပယ်ရှိ၏။ အပူအပင်ကင်းလျက် စိတ်အေးလက်အေး နေထိုင်ရ၏။ သို့သော် ဆင်းရဲနွမ်းပါးသူတို့ကို ထောက်ပံ့ကူညီခြင်းမရှိ။
အို အစ္စရေး၊ လူမျိုးခြားတို့ကဲ့သို့ မရွှင်လန်း၊ မဝမ်းမြောက်နှင့်။ သင်တို့သည် ဖောက်ပြန်မှားယွင်းကြပြီ။ ဘုရားသခင်ကို စွန့်ပစ်ကြပြီ။ ကောက်နယ်တလင်းရှိသမျှတို့တွင် ပြည့်တန်ဆာလုပ်၍ရသောအခကို နှစ်သက်လေပြီ။
ငါသည် လူ့သဘောဖြင့် ဧဖက်မြို့၌ သားရဲတို့နှင့်တိုက်ခိုက်ခဲ့သည်ဆိုလျှင် ငါ့အတွက် မည်သည့်အကျိုးရှိမည်နည်း။ သေလွန်သောသူတို့သည် ထမြောက်ခြင်းမရှိလျှင် ငါတို့သည် မနက်ဖြန်သေကြရမည်ဖြစ်၍ စားလျက်သောက်လျက်နေကြကုန်စို့။
သင်တို့သည် မြေကြီးပေါ်တွင် အပျော်အပါးလိုက်စား၍ ဇိမ်ခံနေကြပြီ။ သတ်ရန်လျာထားသောနေ့အတွက် မိမိတို့စိတ်နှလုံးကို ဆူဖြိုးအောင်ကျွေးမွေးကြပြီ။