လူအသီးသီးတို့သည် အမဲလိုက်ခံရသောဒရယ်ကဲ့သို့၊ စုစည်းပေးမည့်သူမရှိသောသိုးကဲ့သို့ ဖြစ်လိမ့်မည်။ မိမိလူမျိုးထံ ပြန်လှည့်၍ မိမိပြည်သို့ ပြန်ပြေးလာကြလိမ့်မည်။
ဟေရှာယ 21:15 - မြန်မာ့စံမီသမ္မာကျမ်း အကယ်စင်စစ် သူတို့သည် ဓားအိမ်မှဆွဲထုတ်ထားသောဓား၊ တင်ထားသောလေး၊ ပြင်းထန်သောစစ်ပွဲမှ ထွက်ပြေးကြ၏။ Common Language Bible လူတို့သည်မိမိတို့အားခုတ်ရန်အသင့် ရှိသည့်ဋ္ဌားများ၏ဘေးမှလည်းကောင်း၊ ပစ်ရန်အသင့်ရှိသည့်လေးမြားတို့၏ဘေး မှလည်းကောင်း၊ စစ်ဘေးအန္တရာယ်ဟူသမျှမှ လည်းကောင်းလွတ်မြောက်ရန်ထွက်ပြေးလျက် ရှိကြ၏။ Garrad Bible သူ တို့ သည် ဓား ဘေး မှ စ၍ အိမ် လွတ် ဓား၊ တင် သော လေး၊ ပြင်း ထန် သော စစ် ရေး များ ကြောင့် ရှောင် ပြေး ကြ၏။ Judson Bible အကြောင်းမူကား၊ သူတို့သည် ဓားဘေးမှလည်းကောင်း၊ ထုတ်သောဓား၊ တင်သောလေး၊ အလွန်ခက်သော စစ်မှုမှလည်းကောင်း ပြေးကြ၏။ |
လူအသီးသီးတို့သည် အမဲလိုက်ခံရသောဒရယ်ကဲ့သို့၊ စုစည်းပေးမည့်သူမရှိသောသိုးကဲ့သို့ ဖြစ်လိမ့်မည်။ မိမိလူမျိုးထံ ပြန်လှည့်၍ မိမိပြည်သို့ ပြန်ပြေးလာကြလိမ့်မည်။
တွေ့ရှိဖမ်းမိခြင်းခံရသောသူအပေါင်းတို့သည် ဓားဖြင့်သတ်ဖြတ်ခြင်းခံကြရလိမ့်မည်။
လူတို့သည် ရေလုံးကြီးတို့၏မြည်ဟည်းသံကဲ့သို့ မြည်ဟည်းကြသော်လည်း ကိုယ်တော်သည် သူတို့ကိုဆုံးမတော်မူသောအခါ အဝေးသို့ထွက်ပြေးကြရလိမ့်မည်။ တောင်ပေါ်မှဖွဲကို လေတိုက်သကဲ့သို့၊ ဖုန်မှုန့်ကို လေပွေတိုက်၍ လုံးထွေးလိမ့်ပါသွားသကဲ့သို့ အလိုက်ခံရကြ၏။
သင့်ကို အုပ်ချုပ်သူအပေါင်းတို့သည် အတူတကွထွက်ပြေးကြ၏။ လေးကိုပင်မသုံးရဘဲ ဖမ်းဆီးတုပ်နှောင်ခြင်းခံရ၏။ အဝေးသို့ထွက်ပြေးကြသော်လည်း အတွေ့ခံရသောသူအားလုံး အတူတကွဖမ်းဆီးတုပ်နှောင်ခြင်းခံရကြ၏။
“အဆီးရီးယားသည် လူ့ဓားမဟုတ်သောဓားဖြင့် ကျဆုံးလိမ့်မည်။ လူ့ဓားမဟုတ်သောဓားသည် သူ့ကိုဝါးမျိုမည်။ သူသည် ဓားဘေးမှထွက်ပြေးရမည်။ သူ၏လူပျိုတို့သည် အခိုင်းအစေဖြစ်ကြရမည်။
မြည်ဟိန်းသောအသံတော်ကြောင့် လူတို့ထွက်ပြေးကြ၏။ ကိုယ်တော်ထတော်မူသောအခါ လူမျိုးတို့သည် ကွဲလွင့်သွားကြ၏။