ထိုနေ့ရက်၌ မောက်မာသောသူသည် ဦးကျိုးသွားရမည်။ ထောင်လွှားသောသူသည် မာန်စွယ်ကျိုးသွားရမည်။ ထာဝရဘုရားတစ်ပါးတည်းသာ ချီးမြှောက်ခြင်းခံရမည်။
ဟေရှာယ 2:18 - မြန်မာ့စံမီသမ္မာကျမ်း ရုပ်တုတို့သည်လည်း လုံးဝပျောက်ကွယ်သွားမည်။ Common Language Bible ရုပ်တုဆင်းတုတို့သည်လုံးဝကွယ်ပျောက်၍ သွားလိမ့်မည်။ Garrad Bible ရုပ် တု များ လုံး လုံး ပ ပျောက် ကြ မည့် ပြင်၊ Judson Bible ရုပ်တုဆင်းတုတို့သည် ရှင်းရှင်းကွယ်ပျောက်ကြလိမ့်မည်။ |
ထိုနေ့ရက်၌ မောက်မာသောသူသည် ဦးကျိုးသွားရမည်။ ထောင်လွှားသောသူသည် မာန်စွယ်ကျိုးသွားရမည်။ ထာဝရဘုရားတစ်ပါးတည်းသာ ချီးမြှောက်ခြင်းခံရမည်။
ယခု မြင်းအတွဲလိုက်စီးလာသူကို တွေ့ရပါ၏”ဟု ခြင်္သေ့ကဲ့သို့ ဟစ်ကြော်လေ၏။ ထို့နောက် “ပြိုလဲပြီ။ ဘေဘီလုံမြို့ ပြိုလဲပြီ။ သူ၏ဘုရားရုပ်တုဆင်းတုရှိသမျှတို့သည်လည်း မြေကြီးပေါ်သို့ ကျိုးပဲ့ကျကြပြီ”ဟု ဆိုလေ၏။
ဤနည်းဖြင့် ကိုယ်တော်သည် ယာကုပ်အမျိုး၏အပြစ်ကို ဖြေလွှတ်တော်မူ၏။ ယဇ်ပလ္လင်ကျောက်ရှိသမျှတို့ကို ထုံးကျောက်ကဲ့သို့ အစိတ်စိတ်အမွှာမွှာကျိုးပဲ့စေ၍ အာရှရနတ်ဘုရားမတံခွန်တိုင်များ၊ နံ့သာပေါင်းပူဇော်ရာယဇ်ပလ္လင်များကို ဖြိုလှဲခြင်းသည် သူ၏အပြစ်ကိုဖယ်ရှားသည့်အကြောင်းရင်း ဖြစ်၏။
ဗေလဘုရားသည် ညွတ်တွားရလေပြီ။ နေဗောဘုရားသည် ခါးကိုင်းရလေပြီ။ ထိုဘုရားရုပ်တုတို့ကို တောရိုင်းတိရစ္ဆာန်များ၊ သိုးနွားတိရစ္ဆာန်များအပေါ် တင်ကြ၏။ သင်တို့ယူဆောင်သောထိုအရာတို့သည် တိရစ္ဆာန်တို့အတွက် လေးလံစွာထမ်းရသောဝန်ထုပ်ဝန်ပိုးများဖြစ်ကြ၏။
သင်တို့က “ကောင်းကင်နှင့်မြေကြီးကို မဖန်ဆင်းသောဘုရားတို့သည် ဤကောင်းကင်အောက်နှင့် ဤမြေကြီးပေါ်မှ ပျောက်ပျက်သွားရလိမ့်မည်”ဟု သူတို့အား ပြောရမည်။
ထိုအရာတို့သည် အချည်းနှီးသောအရာဖြစ်၏။ လှည့်စားတတ်သောအရာဖြစ်၏။ စစ်ကြောစီရင်ချိန်ရောက်လျှင် ပျက်စီးသွားရလိမ့်မည်။
ဘုရားရှင်ထာဝရဘုရားက ‘ရုပ်တုတို့ကိုလည်း ငါဖျက်ဆီးပစ်မည်။ မင်ဖစ်မြို့ရှိဘုရားဆင်းတုတို့ကိုလည်း ကွယ်ပျောက်စေမည်။ အီဂျစ်ပြည်တွင် ခေါင်းဆောင်တစ်ယောက်မျှ ရှိတော့မည်မဟုတ်။ အီဂျစ်ပြည်တစ်ပြည်လုံး ကြောက်ရွံ့ထိတ်လန့်အောင် ငါပြုမည်။
သင်တို့ကို သန့်ရှင်းသောရေနှင့်ပက်ဖျန်းသဖြင့် သင်တို့သည် စင်ကြယ်လိမ့်မည်။ သင်တို့၏အညစ်အကြေး၊ သင်တို့၏ရုပ်တုဆင်းတုရှိသမျှတို့မှလည်း သင်တို့ကို စင်ကြယ်စေမည်။
သူတို့သည် ရုပ်တုများ၊ စက်ဆုပ်ရွံရှာဖွယ်အရာများနှင့် အပြစ်အမျိုးမျိုးကျူးလွန်ခြင်းတို့ဖြင့် ကိုယ်ကိုညစ်ညူးစေတော့မည်မဟုတ်။ သူတို့အပြစ်ပြုလေရာအရပ်ရပ်တို့မှ သူတို့ကိုကယ်နုတ်၍ သူတို့ကိုစင်ကြယ်စေမည်။ သူတို့သည် ငါ၏လူမျိုးတော်ဖြစ်မည်။ ငါသည်လည်း သူတို့၏ဘုရားဖြစ်မည်။
သင်တို့နေထိုင်ရာအရပ်ရပ်ရှိမြို့တို့သည် ဖျက်ဆီးခြင်းခံရမည်။ အထွတ်အမြတ်ထားရာနေရာတို့သည် လူသူကင်းမဲ့ရာဖြစ်မည်။ သင်တို့၏ယဇ်ပလ္လင်သည် ဖျက်ဆီးခံရသဖြင့် ပျက်စီးသွားမည်။ ရုပ်တုတို့သည်လည်း ချိုးဖျက်ခံရသဖြင့် ပြိုပျက်သွားမည်။ နံ့သာပေါင်းပူဇော်ရာယဇ်ပလ္လင်သည်လည်း ခုတ်လှဲခံရမည်။ သင်တို့ပြုလုပ်ထားသောအရာတို့သည် သုတ်သင်ပယ်ရှင်းခြင်းခံရမည်။
ဧဖရိမ်က ‘ငါသည် ရုပ်တုတို့နှင့် မည်သို့ဆိုင်သေးသနည်း’ဟု ဆိုလိမ့်မည်။ ငါသည် သူ့စကားကိုကြား၍ သူ့ကိုကြည့်ရှုစောင်မမည်။ ငါသည် စိမ်းလန်းသောထင်းရှူးပင်ကဲ့သို့ ဖြစ်၍ သင်တို့သည် ငါ့ထံမှ အသီးကို ရရှိလိမ့်မည်။”
ထိုမြို့ရှိ ရုပ်တုအားလုံးကို အစိတ်စိတ်အမွှာမွှာဖြစ်စေမည်။ ပြည့်တန်ဆာလုပ်၍ရသောအခအားလုံးကို မီးလောင်ကျွမ်းစေမည်။ ရုပ်တုရှိသမျှကိုလည်း အပျက်အစီးပုံဖြစ်စေမည်။ သူစုဆောင်းထားသောပြည့်တန်ဆာလုပ်အားခသည် ပြည့်တန်ဆာအခ ပြန်ဖြစ်လိမ့်မည်။”
သင်၏ရုပ်တုဆင်းတုများ၊ အထိမ်းအမှတ်ကျောက်တိုင်များကိုလည်း သင့်ထံမှ ငါဖယ်ရှားပစ်မည်။ သင့်လက်ဖြင့် ထုလုပ်သောဘုရားများကို သင်ရှိခိုးကိုးကွယ်ရတော့မည်မဟုတ်။
“လူအပါအဝင် တိရစ္ဆာန်တို့ကို ဖျက်ဆီးပစ်မည်။ မိုးကောင်းကင်ငှက်နှင့် ပင်လယ်ငါးတို့အပါအဝင် တိုက်မိ၍လဲစေမည့်အရာများကို ဆိုးယုတ်သောသူတို့နှင့်အတူ ဖျက်ဆီးပစ်မည်။ ကမ္ဘာမြေပေါ်ရှိလူတို့ကို အမျိုးပြုတ်စေမည်”ဟု ထာဝရဘုရားမိန့်တော်မူ၏။
ထာဝရဘုရားသည် မြေကြီးပေါ်ရှိဘုရားအားလုံးကို ငတ်မွတ်ပိန်ချုံးစေသောအခါ သူတို့သည် ထာဝရဘုရားကို ကြောက်ရွံ့ကြလိမ့်မည်။ ထိုအခါ ကမ်းရိုးတန်းဒေသရှိလူမျိုးအပေါင်းတို့သည် ကိုယ့်နေရာအသီးသီးတွင် ကိုယ်တော်ကိုရှိခိုးကိုးကွယ်ကြလိမ့်မည်။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ထိုနေ့ရက်တွင် ထိုပြည်မှ ရုပ်တုတို့၏အမည်များကို ပြန်လည်အမှတ်ရခြင်း မရှိလေအောင် ငါ ပယ်ဖျက်ပစ်မည်။ ထိုနည်းတူ ထိုပြည်မှ ပရောဖက်များနှင့် ဝိညာဉ်ဆိုးများကိုလည်း ဖယ်ရှားပစ်မည်။