ထာဝရဘုရား၏အသံတော်သည် သစ်ကတိုးပင်တို့ကို ကျိုးစေတော်မူ၏။ အကယ်စင်စစ် ထာဝရဘုရားသည် လက်ဘနွန်သစ်ကတိုးပင်တို့ကို ကျိုးစေတော်မူ၏။
ဟေရှာယ 2:13 - မြန်မာ့စံမီသမ္မာကျမ်း ထိုနေ့ရက်၌ လက်ဘနွန်တောင်ရှိ မြင့်မားသောသစ်ကတိုးပင်၊ ဗာရှန်တောင်ရှိဝက်သစ်ချပင်၊ Common Language Bible ကိုယ်တော်သည်လေဗနုန်တောင်မှအာရစ်ပင် မြင့်တို့နှင့် ဗာရှန်တောမှဝက်သစ်ချပင်များ ကိုချိုးချတော်မူလိမ့်မည်။- Garrad Bible ကြီး မြင့် သော လေ ဗ နုန် သစ် က တိုး ပင် နှင့် ဗာ ရှန် ညန် ပင် ရှိ သ မျှ အ ပေါ် သို့ လည်း ကောင်း၊ Judson Bible ကြီးမြင့်သော လေဗနုန်အာရဇ်ပင်ရှိသမျှကိုလည်းကောင်း၊ ဗာရှန်သပိတ်ပင်ရှိသမျှကိုလည်းကောင်း၊ |
ထာဝရဘုရား၏အသံတော်သည် သစ်ကတိုးပင်တို့ကို ကျိုးစေတော်မူ၏။ အကယ်စင်စစ် ထာဝရဘုရားသည် လက်ဘနွန်သစ်ကတိုးပင်တို့ကို ကျိုးစေတော်မူ၏။
ထင်းရှူးပင်၊ လက်ဘနွန်တောင်ရှိသစ်ကတိုးပင်တို့ပင်လျှင် သင့်အဖြစ်ကြောင့် ဝမ်းမြောက်ကြ၏။ “သင်အိပ်ပျော်သွားသောအချိန်မှစ၍ ငါတို့ကိုခုတ်လှဲမည့်သူ မတက်လာပါ”ဟု ဆိုကြ၏။
တိုင်းပြည်သည် ငိုကြွေးမြည်တမ်း၍ အားလျော့လေပြီ။ လက်ဘနွန်တောင်သည် အရှက်ရ၍ ညှိုးနွမ်းလေပြီ။ ရှာရုန်အရပ်သည် အရာဗလွင်ပြင်နှင့်တူလေပြီ။ ဗာရှန်တောင်၊ ကရမေလတောင်သည် မိမိတို့အရွက်များကိုခါချပြီ။
သင်သည် သင့်မင်းမှုထမ်းတို့အားဖြင့် ဘုရားရှင်ကိုကဲ့ရဲ့ပြစ်တင်လျက် ငါ၏စစ်ရထားများစွာဖြင့် လက်ဘနွန်တောင်ထိပ်အစွန်အဖျားသို့ ငါတက်ခဲ့ပြီ။ ထိုတောင်ပေါ်ရှိ မြင့်မားသောသစ်ကတိုးပင်၊ အကောင်းဆုံးထင်းရှူးပင်တို့ကို ငါခုတ်လှဲခဲ့ပြီ။ တောနက်ကြီး၏အစွန်အဖျားသို့လည်း ငါရောက်ခဲ့ပြီ။
လှော်တက်ကို ဗာရှန်တောင်မှလာသောဝက်သစ်ချသားနှင့် လုပ်ထား၏။ ကုန်းပတ်ကို ဆိုက်ပရပ်ကျွန်းမှလာသောထင်းရှူးသားဖြင့်လုပ်၍ ဆင်စွယ်ဖြင့် မွမ်းမံ၏။
ထို့ကြောင့် ငါသည် ယုဒပြည်အပေါ် မီးကိုလွှတ်၍ ဂျေရုဆလင်ခံတပ်တို့ကိုပါ လောင်ကျွမ်းစေမည်”ဟု မိန့်တော်မူ၏။