ငါသတိပြုမိသည်မှာ အပြစ်ဒုစရိုက်ကိုထွန်ယက်၍ အခက်အခဲပြဿနာကိုကြဲသောသူသည် ထိုအရာတို့ကို ပြန်ရိတ်သိမ်းရတတ်၏။
ဟေရှာယ 17:11 - မြန်မာ့စံမီသမ္မာကျမ်း သင်စိုက်ပျိုးသောနေ့၌ပင် အပင်ကြီးထွားအောင်၊ သင်မျိုးစေ့ချသောနံနက်၌ပင် ဖူးပွင့်အောင် ပြုသော်လည်း မပျောက်နိုင်သောဝေဒနာဆိုး ကျရောက်သောနေ့ရက်၌ ရိတ်သိမ်းခြင်းသည် ရှိတော့မည်မဟုတ်။ Common Language Bible သို့သော်ထိုဥယျာဉ်များမှသစ်စေ့တို့သည် သင်စိုက်ပျိုးသည့်နေ့နံနက်၌ပင်အပင်ပေါက် ၍အပွင့်များပွင့်ကြသည်ဆိုစေကာမူ ယင်း တို့မှသင်သည်အသီးများကိုဆွတ်ခူးရလိမ့် မည်မဟုတ်။ ဆင်းရဲဒုက္ခနှင့်မပျောက်နိုင်သည့် ဝေဒနာကိုသာလျှင်ခံစားရလိမ့်မည်။ Garrad Bible ၄င်း နေ့ တွင် ပင် စည် ကား ပြီး နောက်၊ နံ နက် အ ချိန် အ ဖူး ထွက် သော် လည်း နာ ကျင် ခြင်း ဒု က္ခ နေ့ ရက်၌၊ အ သီး တွေ့ မည် မ ဟုတ် ချေ။ Judson Bible ထိုပျိုးပင်တို့ကို ကြီးပွားစေခြင်းငှာလည်းကောင်း၊ အလျင်အမြန် အပွင့်ပွင့်စေခြင်းငှာလည်းကောင်း ပြုပြီးမှ၊ သိမ်းယူရာကာလ၌ အသီးအနှံသည် ပျက်စီး၍၊ သင်သည် မပျောက်နိုင်သော ဝမ်းနည်းခြင်းရှိရလိမ့်မည်။ |
ငါသတိပြုမိသည်မှာ အပြစ်ဒုစရိုက်ကိုထွန်ယက်၍ အခက်အခဲပြဿနာကိုကြဲသောသူသည် ထိုအရာတို့ကို ပြန်ရိတ်သိမ်းရတတ်၏။
မြက်ပင်သည် နံနက်အချိန်တွင် ရှင်သန်ကြီးထွားလာသော်လည်း နေဝင်ချိန်၌ ညှိုး၍ခြောက်သွေ့သွားပါ၏။
ရိတ်သိမ်းသူသည် စပါးပင်ကိုစု၍ မိမိလက်ရုံးအားဖြင့် ရိတ်သိမ်းသကဲ့သို့လည်းကောင်း၊ ရေဖိမ်ချိုင့်ဝှမ်း၌ စပါးနှံများကို ကောက်သင်းကောက်သကဲ့သို့လည်းကောင်း ဖြစ်လိမ့်မည်။
ပရောဖက်တို့သည် မဟုတ်မမှန်ပရောဖက်ပြုကြ၏။ ယဇ်ပုရောဟိတ်တို့သည်လည်း မိမိတို့သဘောအတိုင်း အုပ်ချုပ်ကြ၏။ ထိုသို့သောအမှုအရာတို့ကို ငါ့လူမျိုးတော်သည် နှစ်သက်ကြ၏။ အဆုံး၌ သင်တို့ မည်သို့ပြုကြမည်နည်း။
သူတို့သည် လေကိုကြဲသဖြင့် လေပွေကိုသာ ရိတ်ရလိမ့်မည်။ ကောက်ပဲသီးနှံတို့လည်း အညှောက်မထွက်။ ထွက်ပြန်လျှင်လည်း အသီးမသီး။ သီးပြန်လျှင်လည်း သူစိမ်းလူတို့ စားသွားလိမ့်မည်။
ဧဖရိမ်သည် ဒဏ်ခတ်ခံရသဖြင့် အမြစ်ခြောက်သွေ့ကာ အသီးမသီးနိုင်သောအပင်ကဲ့သို့ ဖြစ်၏။ သားဖွားလျှင်လည်း သူချစ်မြတ်နိုးသောသားကို ငါကွပ်မျက်မည်။”
မျိုးစေ့တို့သည် မြေစိုင်မြေခဲများအောက်တွင် ရှုံ့တွလေပြီ။ ကောက်နှံပင်တို့ ခြောက်သွေ့ကုန်သဖြင့် သိုလှောင်ရုံများလည်း ပြိုပျက်ကုန်ပြီ။ စပါးကျီများလည်း ပျက်စီးကုန်ပြီ။
သင်တို့၏ခွန်အားသည် အချည်းနှီးကုန်သွားလိမ့်မည်။ သင်တို့၏မြေသည် အသီးအနှံဖြစ်ထွန်းလိမ့်မည်မဟုတ်။ သင်တို့ပြည်ရှိအပင်တို့သည်လည်း အသီးဖြစ်ထွန်းလိမ့်မည်မဟုတ်။
သို့သော် သင်၏မာကျောခက်ထန်မှုနှင့်နောင်တမရသောစိတ်နှလုံးတို့ကြောင့် သင်သည် အမျက်တော်နေ့တည်းဟူသော ဘုရားသခင်၏ဖြောင့်မတ်သည့် တရားစီရင်ခြင်းထင်ရှားရာနေ့အတွက် အမျက်တော်ကို မိမိအဖို့သိုမှီးလျက်ရှိ၏။
သင်သည် စပျစ်ခြံများကိုစိုက်ပျိုး၍ ပြုစုသော်လည်း ပိုးကောင်စားသောကြောင့် စပျစ်သီးကိုဆွတ်ခူးရလိမ့်မည်မဟုတ်၊ စပျစ်ဝိုင်ကိုသောက်ရလိမ့်မည်မဟုတ်။