အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ဟေ​ရှာ​ယ 16:7 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ထို့ကြောင့် မောဘ​ပြည်သား​သည် မောဘ​ပြည်​ကြောင့် ညည်းတွားငိုကြွေး​ကြ​ရ​မည်​။ လူ​တိုင်း ညည်းတွားငိုကြွေး​ကြ​ရ​မည်​။ သင်​တို့​သည် ကိရဟရက်​မြို့​မှ စပျစ်ခြောက်မုန့်​များ​ကြောင့် ညည်းတွား​ကြ​ရ​မည်​။ အမှန်ပင် ပူဆွေးသောက​ရောက်​ကြ​ရ​မည်​။

အခန်းကိုကြည့်ပါ။

Common Language Bible

မော​ဘ​ပြည်​သူ​တို့​သည်​မိ​မိ​တို့​ခံ​ရ​သည့် ဆင်း​ရဲ​ဒုက္ခ​များ​အ​တွက်​ငို​ယို​ကြ​လိမ့်​မည်။ ကိ​ရ​ဟ​ရက်​မြို့​တွင်​မိ​မိ​တို့​စား​ခဲ့​ရ​ဖူး သည့်​ကောင်း​သော​အ​စား​အ​စာ​များ​ကို ပြန်​လည်​သ​တိ​ရ​သော​အ​ခါ​သူ​တို့​အား လုံး​ပင်​ငို​ယို​ကြ​လိမ့်​မည်။ စိတ်​ပျက်​အား ငယ်​လျက်​နေ​ကြ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။

Garrad Bible

မော ဘ သည် မော ဘ အ တွက် အော် ရာ၊ လူ ခပ် သိမ်း ပင် အော် ရ ကြ မည်။ ဒဏ် ချက် ပြင်း စွာ ခံ ရ သည့် အ လျောက်၊ ကိ ရ ဟ ရက် မြို့၊ စ ပျစ် ပျဉ် များ ကို၊ လွမ်း ဆွတ် ညည်း ညူ ရ ကြ လိမ့် မည်။

အခန်းကိုကြည့်ပါ။

Judson Bible

ထို​ကြောင့်၊ မော​ဘ​သည် မိ​မိ​အ​တွက် ညည်း​တွား​မြည်​တမ်း​ရ​လိမ့်​မည်။ ပြည်​သား​ရှိ​သ​မျှ​တို့​သည် ညည်း​တွား​မြည်​တမ်း​ကြ​လိမ့်​မည်။ ကိ​ရ​ဟ​ရက်​မြို့ ပျက်​သည်​အ​တွက် သင်​တို့​သည် ညည်း​တွား​ကြ​လိမ့်​မည်။ ထို​မြို့​သည် ဒဏ်​ခတ်​ခြင်း​ကို​အ​လွန်​ခံ​ရ၏။

အခန်းကိုကြည့်ပါ။



ဟေ​ရှာ​ယ 16:7
8 ပူးပေါင်းရင်းမြစ်များ  

မြို့​တို့​ကို ဖြိုဖျက်​ပြီး ကောင်း​သော​လယ်မြေ​အားလုံး​တွင်​လည်း ကျောက်တုံး​များ​အပြည့် ပစ်ချ​ထား​ကြ​၏​။ ကိရဟရက်​မြို့​၌ ကျောက်တုံး​များ​သာ​ကျန်​တော့​သည်​အထိ စမ်းရေပေါက်​အားလုံး​ကို​လည်း ပိတ်ဆို့​ပစ်​ပြီး ကောင်း​သော​အပင်​အားလုံး​ကို​လည်း ခုတ်လှဲ​ပစ်​ကြ​၏​။ လောက်လွှဲ​တပ်သား​တို့​က​လည်း ဝိုင်းဝန်း​တိုက်ခိုက်​ကြ​၏​။


ရပ်နီး​နေ​သူ​များ​သာမက ရပ်ဝေး​နေ​သူ​များ​ဖြစ်​သော ဣသခါ​အမျိုး​၊ ဇာဗုလုန်​အမျိုး​၊ နဿလိ​အမျိုး တို့​သည်​လည်း မုန့်ညက်​နှင့်​လုပ်​သော​အစားအစာ​များ​၊ သဖန်းပျဉ်​များ​၊ စပျစ်သီးခြောက်​များ​၊ စပျစ်ဝိုင်​၊ ဆီ​၊ နွားသား​၊ သိုးသား စသော​အစားအစာ​များ​ကို မြည်း​၊ ကုလားအုတ်​၊ လား​၊ နွား တို့​ဖြင့် အမြောက်အမြား​တင်ဆောင်​လာ​ကြ​၏​။ ဤသို့ဖြင့် အစ္စရေး​အမျိုးသား​တို့ အလွန်​ဝမ်းမြောက်ဝမ်းသာ​ကြ​လေ​၏​။


ထို့နောက် အစ္စရေး​လူထု​တစ်ရပ်လုံး​အား ယောက်ျား​မိန်းမ မကျန် တစ်ဦး​လျှင် မုန့်​တစ်​လုံး​၊ အသား​တစ်​တုံး​၊ စပျစ်ပျဉ်​တစ်​ချပ် ဝေပေး​၏​။


ထို့ကြောင့် ငါ့​စိတ်​သည် မောဘ​ပြည်​အတွက်​၊ ငါ့​အသည်းနှလုံး​သည် ကိရဟရက်​မြို့​အတွက် စောင်း​သံ​ကဲ့သို့ မြည်တမ်း​ရ​၏​။


“​တီးတိုး​ရွတ်ဆို​တတ်​သော နတ်ဝင်သည်​၊ နတ်ထိန်းသည်​တို့​ထံ မေးမြန်း​ကြ​လော့​”​ဟု လူ​တို့​က သင်​တို့​အား​ပြောလာ​လျှင် လူ​သည် မိမိ​ဘုရားသခင်​ကို​သာ မေးမြန်း​သင့်​သည်​မ​ဟုတ်​လော​။ အသက်ရှင်​သော​သူ​အတွက် သေ​သော​သူ​ကို မေးမြန်း​သင့်​သလော​။


မောဘ​ပြည် ပြိုလဲ​ပြီ​ဖြစ်၍ အရှက်ကွဲ​ပြီ​။ ငိုကြွေး​မြည်တမ်း​ကြ​လော့​။ မောဘ​ပြည် ဖျက်ဆီး​ခံရ​ကြောင်း​ကို အာနုန်​ချောင်း​တစ်လျှောက် ကြေညာ​ကြ​လော့​။


သို့ဖြစ်၍ မောဘ​ပြည်​ကြောင့် ငါ​ညည်းတွားငိုကြွေး​မည်​။ မောဘ​ပြည်​တစ်ပြည်လုံး​ကြောင့် ငါ​အော်ဟစ်​မည်​။ ကိရဟရက်​မြို့သား​တို့​ကြောင့် ငါ​ညည်းတွား​မည်​။