အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ဟေ​ရှာ​ယ 16:1 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ပြည်​ကို​အုပ်စိုး​သော​မင်း​ထံ သိုးသငယ်​ကို ပို့​လိုက်​လော့​။ တောကန္တာရ​ကို​ဖြတ်​၍ သေလ​မြို့​မှ ဇိအုန်​သမီး​၏​တောင်​ပေါ်သို့ ပို့​လိုက်​လော့​။

အခန်းကိုကြည့်ပါ။

Common Language Bible

သဲ​ကန္တာ​ရ​ရှိ​သေ​လ​မြို့​မှ​မော​ဘ​အ​မျိုး​သား တို့​သည် ဇိ​အုန်​တောင်​၏​သ​မီး​ထံ​သို့​သိုး​တစ် ကောင်​ကို​လက်​ဆောင်​ပဏ္ဏာ​အ​ဖြစ်​ပေး​ပို့​လိုက် ကြ​၏။-

အခန်းကိုကြည့်ပါ။

Garrad Bible

ပြည့် ရှင် မင်း၏ အ ခွန် တော် အ ဖြစ် ဖြင့်၊ သိုး သား ငယ် များ ကို သ တို့ သ မီး ဇိ အုန် တောင် တော် ပေါ် သို့၊ သေ လ မြို့ မှ သဲ က န္တာရ လမ်း ဖြင့် ပို့ ဆက် ကြ လော့။

အခန်းကိုကြည့်ပါ။

Judson Bible

မြေ​ရှင်​ထံ​သို့ သိုး​သ​ငယ်​ကို ပေး​လိုက်​ကြ​လော့။ သေ​လ​မြို့​မှ​တော​တစ်​လျှောက်​လုံး၊ ဇိ​အုန်​သ​တို့​သ​မီး၏​တောင်​သို့ ပေး​လိုက်​ကြ​လော့။

အခန်းကိုကြည့်ပါ။



ဟေ​ရှာ​ယ 16:1
8 ပူးပေါင်းရင်းမြစ်များ  

ထို့နောက် မောဘ​ပြည်​ကို​လည်း တိုက်ခိုက်​၏​။ မောဘ​ပြည်သား​တို့​ကို မြေ​ပေါ်တွင်​လှဲ​စေ​ပြီး ကြိုး​နှင့်​တိုင်း​ရာ ကြိုး​သုံးပုံနှစ်ပုံ​အတွင်း​ရောက်​နေ​သူ​များ​ကို သတ်ပစ်​ပြီး ကျန်​သုံးပုံတစ်ပုံ​ကို အသက်ချမ်းသာ​ပေး​၏​။ ဤသို့ဖြင့် မောဘ​လူမျိုး​တို့​သည် ဒါဝိဒ်​မင်းကြီး​၏​လက်အောက်ခံ​ဖြစ်လာ​ပြီး အခွန်​များ​ကို​ဆက်သ​ရ​၏​။


အာမဇိ​မင်းကြီး​သည် ဧဒုံ​စစ်သည်​အယောက်​တစ်သောင်း​ကို ဆား​ချိုင့်ဝှမ်း​တွင် တိုက်ခိုက်သတ်ဖြတ်​ပြီး ထို​စစ်ပွဲ​တွင် သေလ​မြို့​ကို သိမ်းပိုက်​နိုင်​ခဲ့​၏​။ ထို​မြို့​၏​အမည်​ကို ယောကသေလ​မြို့​ဟု ယနေ့​တိုင် ခေါ်ဆို​လျက်​ရှိ​၏​။


မောဘ​ဘုရင်​မေရှာ​မင်းကြီး​သည် သိုး​မွေးမြူ​သူ​ဖြစ်​၍ အစ္စရေး​ဘုရင်​အား သိုးသငယ်​အကောင်​တစ်သိန်း​နှင့် သိုးထီး​အကောင်​တစ်သိန်း​တို့​၏​အမွေး​ကို ဆက်သ​ရ​၏​။


ထို​ငွေ​တို့​ဖြင့် နွား​၊ သိုးထီး​၊ သိုးသငယ်​နှင့်တကွ ဘောဇဉ်ပူဇော်သက္ကာ​၊ သွန်းလောင်းရာပူဇော်သက္ကာ​တို့​ကို ချက်ချင်း​ဝယ်​၍ ဂျေရုဆလင်​မြို့​ရှိ သင်​တို့​၏​ဘုရားသခင်​အိမ်​တော်​ယဇ်ပလ္လင်​ပေါ်တွင် ပူဇော်​လော့​။


ယနေ့​တွင် နောဗ​မြို့​၌​ရပ်နား​ကြ​၏​။ ဇိအုန်​သမီး​၏​တောင်​ဖြစ်​သော ဂျေရုဆလင်​တောင်ကုန်း​ကို လက်သီး​ထောင်ပြ​ကြ​၏​။


တောကန္တာရ​နှင့် တောကန္တာရ​ရှိ​မြို့​များ​၊ ကေဒါ​အမျိုး​နေထိုင်​သော​ရွာ​များ​သည် မိမိ​တို့​အသံ​ကို လွှင့်​ကြ​ပါစေ​။ သေလ​မြို့သား​တို့​သည် ရွှင်လန်း​စွာ​သီချင်းဆို​ကြ​ပါစေ​။ တောင်​ထိပ်​တွင် ကြွေးကြော်​ကြ​ပါစေ​။


ပြည်သူပြည်သား​အပေါင်း​တို့​သည် ထို​အလှူပစ္စည်း​ကို အစ္စရေး​မင်းသား​ထံ ပေးအပ်​ရ​မည်​။


အို ဧဒါ​မျှော်စင် ဇိအုန်​သမီးပျို​နေရာ​တောင်ကုန်း​၊ အုပ်စိုးမှု​အာဏာ​သည် ယခင်က​ကဲ့သို့ပင် သင့်​ထံ​ပြန်လာ​လိမ့်မည်​။ ဂျေရုဆလင်​သမီးပျို​ထံသို့ နိုင်ငံ​တော်​ပြန်ရောက်​လိမ့်မည်”​ဟု မိန့်​တော်မူ​၏​။