ဒါဝိဒ်မင်းကြီးက ယွာဘနှင့် သူ့လူအားလုံးတို့အား “သင်တို့အဝတ်ကိုဆုတ်၍ လျှော်တေအဝတ်ကိုဝတ်ကြ။ အာဗနာအဖို့ ငိုကြွေးမြည်တမ်းကြ”ဟု ဆိုပြီး ဒါဝိဒ်မင်းကြီးကိုယ်တော်တိုင် အသုဘလိုက်ပို့လေ၏။
ဟေရှာယ 15:3 - မြန်မာ့စံမီသမ္မာကျမ်း ပြည်သားရှိသမျှတို့သည် လျှော်တေအဝတ်ကိုဝတ်၍ လမ်းများ၊ ခေါင်မိုးပြင်များ၊ လူစည်ကားရာအရပ်များ၌ ညည်းတွားငိုကြွေး၍ မျက်ရည်ချောင်းစီးလေ၏။ Common Language Bible လမ်းများပေါ်ရှိလူတို့သည်လျှော်တေကို ဝတ်ထားကြ၏။ မြေကွက်လပ်များနှင့်အိမ် ခေါင်မိုးများအပေါ်၌လည်းဝမ်းနည်း ကြေကွဲမှုကိုပြ၍ငိုကြွေးကြ၏။- Garrad Bible လမ်း ပေါ် တွင် လျှော် တေ ဝတ်၍၊ အိမ် မိုး ပျဉ် ပေါ်၌ လည်း ကောင်း၊ လမ်း ဆုံ၌ လည်း ကောင်း၊ ရှိ သ မျှ တို့ သည် အော် ဟစ် လျက် သည်း စွာ ငို ကြွေး ကြ လေ ၏။ Judson Bible လမ်းခရီးတို့တွင် လျှော်တေအဝတ်ကို ဝတ်ကြ၍၊ အိမ်မိုးပေါ်၌လည်းကောင်း၊ လမ်းမ၌လည်းကောင်း ရှိသမျှသောသူတို့သည် ညည်းတွားမြည်တမ်း၍၊ အလွန် မျက်ရည်ကျကြ၏။ |
ဒါဝိဒ်မင်းကြီးက ယွာဘနှင့် သူ့လူအားလုံးတို့အား “သင်တို့အဝတ်ကိုဆုတ်၍ လျှော်တေအဝတ်ကိုဝတ်ကြ။ အာဗနာအဖို့ ငိုကြွေးမြည်တမ်းကြ”ဟု ဆိုပြီး ဒါဝိဒ်မင်းကြီးကိုယ်တော်တိုင် အသုဘလိုက်ပို့လေ၏။
ထိုအမျိုးသမီး၏စကားကို ကြားသောအခါ ရှင်ဘုရင်သည် မိမိအဝတ်ကို ဆွဲဆုတ်ပစ်၍ မြို့ရိုးပေါ်လျှောက်သွားတော်မူလျှင် ရှင်ဘုရင်၏ဝတ်လုံအောက် ကိုယ်ပေါ်တွင် လျှော်တေအဝတ်ဝတ်ထားသည်ကို လူတို့တွေ့မြင်ရလေ၏။
မောဘပြည်သားတို့သည် မြင့်ရာအရပ်ရှိ အိမ်တော်သို့၊ ဒိဘုန်မြို့သို့ တက်သွား၍ ငိုကြွေးကြပြီ။ နေဗောမြို့၊ မေဒဘမြို့အတွက် ညည်းတွားငိုကြွေးကြပြီ။ သူတို့အားလုံး ခေါင်းတုံးတုံးကြ၏။ မုတ်ဆိတ်ရိတ်ကြ၏။
စိတ်အာရုံချိုင့်ဝှမ်းနှင့်ဆိုင်သောဗျာဒိတ်တော်။ မည်သည့်အကြောင်းကြောင့် သင်တို့အားလုံး ခေါင်မိုးပြင်ပေါ်သို့တက်သွားကြသနည်း။
“ငါ့ကိုမကြည့်ကြနှင့်။ အားရပါးရငိုကြွေးပါရစေ။ ငါ့လူမျိုးသမီးပျိုတို့ ပျက်စီးသည်ဖြစ်၍ ငါ့ကိုနှစ်သိမ့်ဖို့ မကြိုးစားကြနှင့်”ဟု ငါဆို၏။
အမွှေးနံ့သာအစား အပုပ်နံ့၊ ခါးစည်းအစား ကြိုး၊ ဆံထုံးအစား ခေါင်းတုံး၊ ဝတ်ကောင်းစားလှအစား လျှော်တေအဝတ်၊ လှပတင့်တယ်ခြင်းအစား အမာရွတ် ဖြစ်စေမည်။
သူတို့သည် ခေါင်မိုးများပေါ်တွင် ကောင်းကင်တန်ဆာရှိသမျှအား နံ့သာပေါင်းမီးရှို့ပူဇော်၏။ အခြားသောဘုရားများရှေ့တွင် သွန်းလောင်းရာပူဇော်သက္ကာကိုပူဇော်၏။ ထို့ကြောင့် ဂျေရုဆလင်မြို့ရှိအိမ်များ၊ ယုဒဘုရင်တို့၏နန်းတော်များသည် တောဖက်အရပ်ကဲ့သို့ ညစ်ညူးလိမ့်မည်ဟု မိန့်တော်မူပြီ’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်တော်မူ၏။
“သူတို့အားလုံး ခေါင်းတုံးတုံး၍ မုတ်ဆိတ်ရိတ်ကြ၏၊ လက်ကိုမွှမ်း၍ ခါး၌လျှော်တေအဝတ်ကိုဝတ်ပြီးလျှင်
ဇိအုန်သမီးပျို၏သက်ကြီးဝါကြီးတို့သည် လျှော်တေအဝတ်ကိုဝတ်လျက်၊ မြေကြီးပေါ်၌ တိတ်ဆိတ်စွာထိုင်လျက်၊ မိမိတို့ခေါင်းပေါ်သို့ မြေမှုန့်ကိုပစ်တင်ကြပြီ။ ဂျေရုဆလင်အပျိုကညာတို့သည် မြေကြီးသို့ ခေါင်းငိုက်စိုက်ကျလေပြီ။
လျှော်တေအဝတ်ကိုဝတ်လျက် ခေါင်းတုံးတုံးကြရလိမ့်မည်။ ကြောက်ရွံ့စိတ်တို့ကြီးစိုးလျက် အရှက်ကွဲရလိမ့်မည်။
ထို့ပြင် သင်တို့၏ပျော်ပွဲများကို ငိုပွဲများ ဖြစ်စေမည်။ သင်တို့၏သီချင်းများကို ငိုချင်း ဖြစ်စေမည်။ သင်တို့အားလုံးကို လျှော်တေဝတ်စေ၍ ခေါင်းတုံး ဖြစ်စေမည်။ တစ်ဦးတည်းသောသားအတွက် ငိုကြွေးမြည်တမ်းရသကဲ့သို့ ဖြစ်စေမည်။ နိဂုံးသည်လည်း ခါးသီးသောနေ့ရက် ဖြစ်လိမ့်မည်”ဟု ဘုရားရှင်ထာဝရဘုရားမိန့်တော်မူ၏။
“ခေါရာဇိန်မြို့၊ သင်သည် အမင်္ဂလာရှိ၏။ ဗက်ဇဲဒမြို့၊ သင်သည် အမင်္ဂလာရှိ၏။ အကြောင်းမူကား သင်တို့၌ပြုခဲ့သောတန်ခိုးလက္ခဏာများကို တိုင်ရာမြို့နှင့်ဆီဒုန်မြို့တို့၌ပြုခဲ့လျှင် သူတို့သည် ရှေးယခင်ကပင် လျှော်တေအဝတ်ကိုဝတ်လျက် ပြာနှင့်လူးကာ နောင်တရခဲ့ကြပေလိမ့်မည်။
တစ်စုံတစ်ယောက်သည် သင့်အိမ်ပေါ်မှပြုတ်ကျ၍ သင့်အိမ်၌လူသတ်သောအပြစ် မကျရောက်စေရန် သင်သည် အိမ်အသစ်ဆောက်သောအခါ သင်၏ခေါင်မိုးပြင်၌ အကာအရံလုပ်ရမည်။
ချမ်းသာသောသူတို့၊ ယခုနားထောင်ကြလော့။ သင်တို့အပေါ်သက်ရောက်လာမည့် ဒုက္ခဆင်းရဲခြင်းများအတွက် အော်ဟစ်ငိုကြွေးကြလော့။
အသက်မသေဘဲ ကျန်ရစ်သူတို့မှာ ပလိပ်ရောဂါဖြင့် ဒဏ်ခတ်ခံရသောကြောင့် တစ်မြို့လုံး၏အော်ဟစ်သံသည် မိုးကောင်းကင်အထိ ရောက်လေ၏။