အစ္စရေးလူမျိုးသည် မိမိကိုဖန်ဆင်းသောအရှင်၌ ဝမ်းမြောက်ပါစေ။ ဇိအုန်သားသမီးတို့သည် မိမိတို့၏ရှင်ဘုရင်၌ ရွှင်လန်းကြပါစေ။
ဟေရှာယ 13:3 - မြန်မာ့စံမီသမ္မာကျမ်း ငါ၏သန့်ရှင်းသူတို့ကို ငါမိန့်မှာထားပြီ။ ငါ့အမျက်တော်အတိုင်းလုပ်ဆောင်ရန် ငါဂုဏ်ယူဝင့်ကြွားရာစစ်သူရဲများကို ငါဆင့်ခေါ်ပြီ။ Common Language Bible ထာဝရဘုရားသည် မိမိအမျက်တော်ရှ သောသူတို့ကိုဒဏ်ခတ်ရန်အတွက် မိမိ၏ ယုံကြည်စိတ်ချဂုဏ်ယူဝါကြွားထိုက်သော စစ်သည်တော်တို့ကိုခေါ်ယူတော်မူပြီ။ Garrad Bible ငါ သီး သန့် ထား သူ၊ ရွှင် လန်း မောက် မာ သော ရဲ မက် တို့ ကို၊ အ မျက် တော် အ လျောက် ပြီး မြောက် စေ ခြင်း ငှာ၊ ငါ မိန့် မှာ၍ ခေါ် ခဲ့ ပြီ။ Judson Bible ငါသန့်ရှင်းစေသောသူတို့ကို ငါမှာထားပြီ။ ငါပေးသောဘုန်းအာနုဘော်ကြောင့် ဝမ်းမြောက်သောသူ၊ ငါ၏သူရဲတို့ကို ငါ့အမျက်ပြေစေခြင်းငှာ ငါခေါ်ပြီ။ |
အစ္စရေးလူမျိုးသည် မိမိကိုဖန်ဆင်းသောအရှင်၌ ဝမ်းမြောက်ပါစေ။ ဇိအုန်သားသမီးတို့သည် မိမိတို့၏ရှင်ဘုရင်၌ ရွှင်လန်းကြပါစေ။
ထာဝရဘုရားသည် ပင်လယ်ပြင်ပေါ် လက်တော်ကိုဆန့်တော်မူပြီ။ တိုင်းနိုင်ငံတို့ကို ထိတ်လန့်တုန်လှုပ်စေတော်မူပြီ။ ခါနာန်ပြည်၏ခံတပ်များကိုဖျက်ဆီးရန် မိန့်တော်မူပြီ။
ကိုယ်တော်သည် ဝေးသောအရပ်မှလူမျိုးတို့အတွက် အချက်ပြအလံကိုလွှင့်ထူတော်မူ၏။ မြေကြီးစွန်းအရပ်ရှိလူတို့ကို လေချွန်၍ခေါ်တော်မူ၏။ ကြည့်ရှုလော့။ သူတို့သည် အလျင်အမြန်ပြေးလာကြလိမ့်မည်။
ကြည့်ရှုလော့။ မြောက်အရပ်မှ လူမျိုးအပေါင်းတို့နှင့်တကွ ငါ့အစေအပါး ဘေဘီလုံဘုရင်နေဗုခဒ်နေဇာကို ဆင့်ခေါ်ပြီး ဤပြည်နှင့်ပြည်သူပြည်သားများမှစ၍ ပတ်ပတ်လည်ရှိတိုင်းနိုင်ငံအားလုံးကို ဝင်ရောက်တိုက်ခိုက်ရန် ငါစေလွှတ်မည်။ ငါသည် သူတို့ကို လုံးလုံးဖျက်ဆီးမည်။ ထိတ်လန့်စရာ၊ ကဲ့ရဲ့ပြစ်တင်စရာ၊ ထာဝရပျက်စီးရာ ဖြစ်စေမည်’ဟု မိန့်တော်မူ၏။
ထိုပြည်၌ကြားရသောသတင်းများကြောင့် သင်တို့မကြောက်နှင့်၊ စိတ်မပျက်နှင့်။ အခြေအမြစ်မရှိသောသတင်းစကားများကို တစ်နှစ်ပြီးတစ်နှစ် ကြားရလိမ့်မည်။ ပြည်ထဲ၌ အကြမ်းဖက်မှုဖြစ်နေပြီ။ အုပ်စိုးသူအချင်းချင်း တိုက်ခိုက်ကြပြီ။
ထာဝရဘုရားက “ဘေဘီလုံမြို့သည် မိုးကောင်းကင်သို့တက်၍ မြင့်မားသောရဲတိုက်ကို အခိုင်အမာတည်လျှင်ပင် ငါသည် အဖျက်သမားကိုစေလွှတ်၍ သူတို့ကို တိုက်စေမည်”ဟု မိန့်တော်မူ၏။
အရပ်ရပ်မှလူမျိုးတကာတို့၊ အလျင်အမြန်လာကြ။ ဤအရပ်၌ လာရောက်စုဝေးကြ။ အို ထာဝရဘုရား၊ ကိုယ်တော်၏စစ်သူရဲတို့ကို ကြွလာစေတော်မူပါ။
ဘုရားရှင်ထာဝရဘုရားရှေ့တော်၌ ငြိမ်ဝပ်စွာနေလော့။ အကြောင်းမူကား ထာဝရဘုရား၏နေ့ရက်တော်သည် ရောက်လုနီးပြီ။ ထာဝရဘုရားသည် ယဇ်ကောင်ကိုပြင်ဆင်ထားပြီ။ ဖိတ်ခေါ်ထားသောသူတို့ကိုလည်း သန့်ရှင်းစေတော်မူပြီ။
ကောင်းကင်မှစ၍ သန့်ရှင်းသူများ၊ တမန်တော်များနှင့် ပရောဖက်များတို့၊ ထိုမြို့၏အဖြစ်ကြောင့် ပျော်ရွှင်ကြလော့။ အကြောင်းမူကား ဘုရားသခင်သည် သင်တို့ဘက်၌နေ၍ ထိုမြို့အပေါ် ပြစ်ဒဏ်စီရင်ခြင်းကိုသက်ရောက်စေတော်မူပြီ”ဟု ဆိုသည်ကို ငါကြားရ၏။