တစ်ဖန် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ငါသည် ထိုမြို့ကို ဖြူကောင်နေရာအရပ်၊ ရေအိုင်ထွန်းရာအရပ်ဖြစ်စေမည်။ ဖျက်ဆီးခြင်းတံမြက်စည်းဖြင့် လှည်းကျင်းမည်”ဟု မိန့်တော်မူ၏။
ဟေရှာယ 13:21 - မြန်မာ့စံမီသမ္မာကျမ်း ကန္တာရသတ္တဝါတို့သည် ထိုမြို့၌ ကျက်စားကြလိမ့်မည်။ သူတို့၏အိမ်များသည် အူတတ်သောတိရစ္ဆာန်များနှင့်ပြည့်လိမ့်မည်။ ထိုမြို့၌ ငှက်ကုလားအုတ်များ နေကြ၍ တောဆိတ်များ ခုန်ပေါက်ကြလိမ့်မည်။ Common Language Bible ထိုအရပ်သည်တောတိရစ္ဆာန်များကျက်စားရာ နေရာ၊ ဇီးကွက်များအသိုက်လုပ်ရာဖြစ်လိမ့်မည်။ ယင်းအရပ်တွင်ငှက်ကုလားအုတ်များနေ၍ တော ဆိတ်များသည်လည်း အဆောက်အဦးပျက်များ ၏အကြိုအကြားတွင်ခုန်ပေါက်မြူးတူးကြ လိမ့်မည်။- Garrad Bible သား ရဲ တို့ အောင် လျက်၊ တိုက် တိုင်း ဇိ ကွက် ပြည့် သည့် ပြင်၊ ငှက် ကု လား အုပ် နား နေ၍၊ နတ် မိ စ္ဆာတို့ မြူး ထူး လျက်၊ Judson Bible တောသားရဲတို့သည် ထိုမြို့၌ အိပ်ကြလိမ့်မည်။ အိမ်တို့သည် မြည်တတ်သော တိရစ္ဆာန်များနှင့် အပြည့်ရှိကြလိမ့်မည်။ ကုလားအုတ်ငှက်တို့လည်း နေရာကျ၍၊ မျောက်တို့လည်း ကခုန်ကြလိမ့်မည်။ |
တစ်ဖန် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ငါသည် ထိုမြို့ကို ဖြူကောင်နေရာအရပ်၊ ရေအိုင်ထွန်းရာအရပ်ဖြစ်စေမည်။ ဖျက်ဆီးခြင်းတံမြက်စည်းဖြင့် လှည်းကျင်းမည်”ဟု မိန့်တော်မူ၏။
ခါလဒဲပြည်ကို ကြည့်ကြလော့။ လူမရှိတော့ပြီ။ အဆီးရီးယားလူမျိုးသည် ထိုပြည်ကို ကန္တာရသတ္တဝါတို့နေစရာနေရာ ဖြစ်စေ၏။ သူတို့သည် မျှော်စင်တို့ကို တည်ဆောက်၍ ထိုပြည်၏နန်းတော်ကိုဖြိုဖျက်၏။ ထိုပြည်ကို ပြိုပျက်ရာဖြစ်စေကြ၏။
အကယ်စင်စစ် ကိုယ်တော်သည် မြို့ကိုကျောက်ပုံဖြစ်စေ၍ ခိုင်ခံ့သောမြို့ကို ပြိုပျက်ရာဖြစ်စေ၏။ တစ်ပါးအမျိုးသားတို့၏နန်းတော်တည်ရာမြို့သည် မြို့အဖြစ်ရှိတော့မည်မဟုတ်။ မည်သည့်အခါမျှ ပြန်လည်တည်ဆောက်တော့မည်မဟုတ်။
အကြောင်းမူကား နန်းတော်သည် စွန့်ထားခြင်းခံရ၍ လူစည်ကားသောမြို့သည် စွန့်ခွာခြင်းခံရမည်။ ရဲတိုက်၊ ကင်းစောင့်မျှော်စင်တို့သည် သားရဲတို့အစဉ်ခိုအောင်းရာ ဖြစ်သွားလိမ့်မည်။ မြည်းရိုင်းများနေပျော်ရာ၊ တိရစ္ဆာန်တို့ကျက်စားရာ ဖြစ်လိမ့်မည်။
ထိုပြည်၌ ကန္တာရသတ္တဝါများ၊ တောခွေးများ၊ ငှက်ကုလားအုတ်များ နေထိုင်ကြလိမ့်မည်။ မည်သူမျှ နေထိုင်တော့မည်မဟုတ်။ မျိုးဆက်အဆက်ဆက် နေထိုင်မည့်သူ ရှိမည်မဟုတ်”ဟု မိန့်တော်မူ၏။
ထို့အတွက်ကြောင့် အကျွန်ုပ်ငိုကြွေးမြည်တမ်းမည်။ ဖိနပ်မစီး၊ အဝတ်မဝတ်ဘဲ သွားလာမည်။ ခွေးအကဲ့သို့အူပြီး ငှက်ကုလားအုတ်ကဲ့သို့ အော်မြည်မည်။
ထိုနေရာသည် လူမျိုးတကာတို့၏သိုးအုပ်များ၊ တိရစ္ဆာန်များ လဲလျောင်းရာ ဖြစ်လိမ့်မည်။ ငှက်ကြီးဝန်ပို၊ ငဟစ်ငှက်တို့လည်း အပြိုအပျက်များကြားတွင် ခိုအောင်း၍ ပြတင်းပေါက်များတွင် အော်မြည်ကြလိမ့်မည်။ စင်စစ် သစ်ကတိုးသားများကို ဖျက်ဆီးမည်ဖြစ်၍ တံခါးဝတွင် အပျက်အစီးတို့ ပုံနေလိမ့်မည်။
သူသည် ကျယ်လောင်သောအသံဖြင့်ကြွေးကြော်လျက် “ဘေဘီလုံမြို့ကြီးသည် ပြိုလဲပြီ၊ ပြိုလဲပြီ။ ၎င်းသည် နတ်ဆိုးတို့နေထိုင်ရာအရပ်၊ ညစ်ညူးသောနတ်အပေါင်းတို့၏ခိုအောင်းရာအရပ်၊ ညစ်ညူးသောငှက်အမျိုးမျိုးတို့၏ခိုအောင်းရာအရပ်နှင့် ညစ်ညူး၍ရွံရှာဖွယ်ကောင်းသောသတ္တဝါအပေါင်းတို့၏ခိုအောင်းရာအရပ် ဖြစ်လေပြီ။