Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ရ​မိ 50:39 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

39 ထို​ပြည်​၌ ကန္တာရ​သတ္တဝါ​များ​၊ တောခွေး​များ​၊ ငှက်ကုလားအုတ်​များ နေထိုင်​ကြ​လိမ့်မည်​။ မည်သူ​မျှ နေထိုင်​တော့​မည်​မ​ဟုတ်​။ မျိုးဆက်အဆက်ဆက် နေထိုင်​မည့်​သူ ရှိ​မည်​မ​ဟုတ်​”​ဟု မိန့်​တော်မူ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

39 ``သို့​ဖြစ်​၍​ဗာ​ဗု​လုန်​မြို့​သည်​နတ်​ဆိုး​များ၊ ဆိုး​ညစ်​သော​ဝိ​ညာဉ်​များ​နှင့် ငှက်​ဆိုး​များ ခို​အောင်း​ရာ​ဖြစ်​လိမ့်​မည်။ ထို​မြို့​သည်​နောင် ကာ​လ​အ​စဉ်​အ​ဆက်​လူ​သူ​ကင်း​မဲ့​ရာ အ​ရပ်​ဖြစ်​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

39 သို့ နှင့် အ ညီ၊ တော ခွေး မှ စ၍၊ သား ရဲ များ နှင့် ငှက် ကု လား အုပ် များ အောင်း နေ လျက်၊ နေ ထိုင် သူ၊ တည်း ခို သူ သည်၊ လူ မျိုး အဆက် ဆက်၊ ကာ လ အ စဉ် ရှိ တော့ မည် မ ဟုတ်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

39 ထို​ကြောင့်၊ တော​သား​ရဲ​တို့​သည် တော​ခွေး​တို့​နှင့်​တ​ကွ ထို​မြို့၌ နေ​ကြ​လိမ့်​မည်။ ကု​လား​အုတ်​ငှက်​တို့​သည်​လည်း နေ​ရာ​ကျ​ကြ​လိမ့်​မည်။ နောက်​တစ်​ဖန် အ​ဘယ်​သူ​မျှ​မ​နေ​ရ။ ကာ​လ​အ​စဉ်​အ​ဆက် လူ​နေ​ရာ​မ​ဖြစ်​ရ။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 50:39
12 ပူးပေါင်းရင်းမြစ်များ  

တစ်ဖန် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က “​ငါ​သည် ထို​မြို့​ကို ဖြူကောင်​နေရာ​အရပ်​၊ ရေအိုင်ထွန်း​ရာ​အရပ်​ဖြစ်စေ​မည်​။ ဖျက်ဆီး​ခြင်း​တံမြက်စည်း​ဖြင့် လှည်းကျင်း​မည်​”​ဟု မိန့်​တော်မူ​၏​။


အနှစ်​ခုနစ်ဆယ်​ပြည့်​ပြီးမှ ဘေဘီလုံ​ဘုရင်​မှစ၍ သူ​၏​လူမျိုး​များ​နှင့်တကွ ခါလဒဲ​ပြည်​ကို​ပါ သူ​တို့​အပြစ်​များ​ကြောင့် သူ​တို့​ကို ငါ​ဒဏ်ခတ်​မည်​။ ထို​ပြည်​ကို အစဉ်​လူသူကင်းမဲ့​ရာ​အရပ်​ဖြစ်​စေ​မည်​’​ဟု မိန့်​တော်မူ​၏​။


မြောက်အရပ်​မှ​လူမျိုး​တစ်​မျိုး​သည် ဘေဘီလုံ​မြို့​ကို ချီတက်​တိုက်ခိုက်​လိမ့်မည်​။ ထို​မြို့​ကို လူသူကင်းမဲ့​ရာ​ဖြစ်​စေ​မည်​။ မည်သူမျှ ထို​မြို့​၌ နေထိုင်​ကြ​တော့​မည်​မ​ဟုတ်​။ လူ​မှစ၍ တိရစ္ဆာန်​တိုင်အောင် ထွက်ပြေး​သွား​ကြ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏​။


ထာဝရဘုရား​က “ထောင့်ချုပ်ကျောက်​၊ အုတ်မြစ်​ကျောက်​တစ်လုံးမျှ သင့်​ထံမှ ရ​နိုင်​တော့​မည်​မ​ဟုတ်​။ သင်​သည် လူသူကင်းမဲ့​ရာ အစဉ်​ဖြစ်​မည်​”​ဟု မိန့်​တော်မူ​၏​။


မြို့ရွာ​တို့​သည် လူသူကင်းမဲ့​၍ ခြောက်သွေ့​သော​ကန္တာရ​မြေ ဖြစ်​လိမ့်မည်​။ နေထိုင်​သူ​မ​ရှိ​၊ ဖြတ်သန်းသွားလာ​သူ​မ​ရှိ​သော​မြေ ဖြစ်​လိမ့်မည်​။


သူ​သည် ကျယ်လောင်​သော​အသံ​ဖြင့်​ကြွေးကြော်​လျက် “ဘေဘီလုံ​မြို့​ကြီး​သည် ပြိုလဲ​ပြီ၊ ပြိုလဲ​ပြီ။ ၎င်း​သည် နတ်ဆိုး​တို့​နေထိုင်​ရာ​အရပ်၊ ညစ်ညူး​သော​နတ်​အပေါင်း​တို့​၏​ခိုအောင်း​ရာ​အရပ်၊ ညစ်ညူး​သော​ငှက်​အမျိုးမျိုး​တို့​၏​ခိုအောင်း​ရာ​အရပ်​နှင့် ညစ်ညူး​၍​ရွံရှာ​ဖွယ်​ကောင်း​သော​သတ္တဝါ​အပေါင်း​တို့​၏​ခိုအောင်း​ရာ​အရပ် ဖြစ်​လေ​ပြီ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ