ဟေရှာယ 13:21 - Common Language Bible21 ထိုအရပ်သည်တောတိရစ္ဆာန်များကျက်စားရာ နေရာ၊ ဇီးကွက်များအသိုက်လုပ်ရာဖြစ်လိမ့်မည်။ ယင်းအရပ်တွင်ငှက်ကုလားအုတ်များနေ၍ တော ဆိတ်များသည်လည်း အဆောက်အဦးပျက်များ ၏အကြိုအကြားတွင်ခုန်ပေါက်မြူးတူးကြ လိမ့်မည်။- အခန်းကိုကြည့်ပါ။Garrad Bible21 သား ရဲ တို့ အောင် လျက်၊ တိုက် တိုင်း ဇိ ကွက် ပြည့် သည့် ပြင်၊ ငှက် ကု လား အုပ် နား နေ၍၊ နတ် မိ စ္ဆာတို့ မြူး ထူး လျက်၊ အခန်းကိုကြည့်ပါ။Judson Bible21 တောသားရဲတို့သည် ထိုမြို့၌ အိပ်ကြလိမ့်မည်။ အိမ်တို့သည် မြည်တတ်သော တိရစ္ဆာန်များနှင့် အပြည့်ရှိကြလိမ့်မည်။ ကုလားအုတ်ငှက်တို့လည်း နေရာကျ၍၊ မျောက်တို့လည်း ကခုန်ကြလိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း21 ကန္တာရသတ္တဝါတို့သည် ထိုမြို့၌ ကျက်စားကြလိမ့်မည်။ သူတို့၏အိမ်များသည် အူတတ်သောတိရစ္ဆာန်များနှင့်ပြည့်လိမ့်မည်။ ထိုမြို့၌ ငှက်ကုလားအုတ်များ နေကြ၍ တောဆိတ်များ ခုန်ပေါက်ကြလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
နန်းတော်ပင်လျှင်အထီးတည်းကျန်ရစ်၍ နေ ပြည်တော်ကြီးသည်လုံးဝလူသူဆိတ်ငြိမ် လျက်နေလိမ့်မည်။ ထိုမြို့တော်ကိုစောင့်ကြပ် ကာကွယ်ရာခံတပ်များနှင့်အိမ်များသည် လည်း ထာဝစဉ်ပျက်စီးယိုယွင်း၍နေလိမ့် မည်။ ထိုအရပ်တွင်မြည်းရိုင်းများလှည့်လည် သွားလာကာသိုးများကျက်စားကြလိမ့်မည်။
ထိုအရပ်သည်သိုးအုပ်နှင့်တိရစ္ဆာန်အမျိုး မျိုးတို့နားနေရာဖြစ်လိမ့်မည်။ ဇီးကွက် တို့သည်တိုက်ပြိုတိုက်ပျက်များတွင်ခို အောင်းကာ ပြူတင်းပေါက်များမှအော်မြည် ကြလိမ့်မည်။ ကျီးတို့သည်လည်းလှေကား ထစ်များအပေါ်မှနေ၍အာကြလိမ့်မည်။ ထိုမြို့ရှိအဆောက်အဦးများမှသစ်က တိုးသားတို့ကိုလည်းလူတို့ဖြုတ်ယူကြ လိမ့်မည်။-
ငါသည်ဗာဗုလုန်မြို့ကိုညွန်ပျောင်းဖြစ်စေ ၍၊ ဇီးကွက်တို့သည်ထိုအရပ်တွင်နေကြလိမ့် မည်။ ငါသည်တံမြက်လှည်းသူကဲ့သို့ဗာဗုလုန် မြို့မှရှိသမျှသောအရာတို့ကိုသုတ်သင် ပယ်ရှင်းမည်။ ဤကားအနန္တတန်ခိုးရှင်ငါ ထာဝရဘုရားမြွက်ဟသည့်စကားပင် ဖြစ်၏'' ဟုမိန့်တော်မူ၏။