မြေကြီးကို သူ့နေရာ၌လှုပ်ခတ်စေသဖြင့် မြေကြီးတိုင်လုံးတို့သည် တုန်လှုပ်ကြ၏။
ဟေရှာယ 13:13 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား ပြင်းစွာအမျက်ဒေါသထွက်တော်မူသောနေ့ရက်၌ မိုးကောင်းကင်ကို ငါလှုပ်ခတ်စေမည်။ မြေကြီးသည်လည်း မိမိနေရာမှ ရွေ့သွားလိမ့်မည်။ Common Language Bible အနန္တတန်ခိုးရှင်ငါထာဝရဘုရားသည် အမျက်တော်ကိုပြတော်မူသောအခါ မိုး ကောင်းကင်သည်တုန်လှုပ်၍ကမ္ဘာမြေကြီး သည်လည်းတည်နေရာမှရွေ့လျားသွား လိမ့်မည်။ Garrad Bible သို့ ဖြစ်၍ ဗိုလ် ခြေ တို့ အ ရှင် ငါ ထာ ဝ ရ ဘု ရား၏ ဒေါ သ ရှိန် ကြောင့်၊ အ မျက် တော် နေ့ ရက်၌ မိုး ကောင်း ကင် ခါ၍၊ မြေ ပ ထ ဝီ တုန် လှုပ် ရွေ့ သွား ရ သ ဖြင့်၊ Judson Bible သို့ဖြစ်၍၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏ ဒေါသအမျက်တော်ပြင်းစွာထွက်သောနေ့ရက်၌၊ မိုးကောင်းကင်ကို ငါလှုပ်ရှားမည်။ မြေကြီးလည်း မိမိနေရာမှ ရွေ့ရလိမ့်မည်။ |
မြေကြီးကို သူ့နေရာ၌လှုပ်ခတ်စေသဖြင့် မြေကြီးတိုင်လုံးတို့သည် တုန်လှုပ်ကြ၏။
ထိုအခါ ကိုယ်တော်သည် အမျက်ထွက်တော်မူသောကြောင့် မြေကြီးသည် ယိမ်းထိုးလှုပ်ခါ၏။ တောင်များ၏အခြေအမြစ်တို့သည်လည်း ယိမ်းထိုးခါယမ်းကြ၏။
ကိုယ်တော်၏ပြင်းထန်သောအမျက်တော်သည် အကျွန်ုပ်ကိုလွှမ်းမိုးသွား၍ ကိုယ်တော်၏ကြောက်မက်ဖွယ်ရာများသည် အကျွန်ုပ်ကို ဖယ်ရှားသုတ်သင်ကြပါ၏။
ထာဝရဘုရားသည် ကမ္ဘာမြေကြီးကိုခြောက်လှန့်ရန် ထတော်မူသောအခါ ကိုယ်တော်၏ကြောက်မက်ဖွယ်အမှုနှင့် ဘုန်းတန်ခိုးအရှိန်အဝါရှေ့မှ ပုန်းရှောင်ရန် လူတို့သည် ကျောက်လိုဏ်ဂူများ၊ မြေတွင်းများထဲသို့ ပြေးဝင်ကြလိမ့်မည်။
ပင်လယ်နားရှိတောကန္တာရနှင့်ဆိုင်သောဗျာဒိတ်တော်။ နေဂေ့အရပ်၌တိုက်ခတ်သောလေပွေကဲ့သို့ ဘေးသည် တောကန္တာရ၊ ကြောက်မက်ဖွယ်ပြည်မှလာ၏။
ထာဝရဘုရားသည် ပင်လယ်ပြင်ပေါ် လက်တော်ကိုဆန့်တော်မူပြီ။ တိုင်းနိုင်ငံတို့ကို ထိတ်လန့်တုန်လှုပ်စေတော်မူပြီ။ ခါနာန်ပြည်၏ခံတပ်များကိုဖျက်ဆီးရန် မိန့်တော်မူပြီ။
ကြည့်ရှုလော့။ ထာဝရဘုရားသည် ကမ္ဘာမြေကြီးကို ဟင်းလင်းပြင်ဖြစ်စေတော်မူမည်။ လူသူကင်းမဲ့ရာဖြစ်စေတော်မူမည်။ မြေမျက်နှာပြင်ကို တွန့်လိမ်စေတော်မူမည်။ မြေကြီးသားတို့ကို ကွဲလွင့်စေတော်မူမည်။
ကောင်းကင်ပြတင်းပေါက်တို့သည်ပွင့်၍ မြေကြီးအုတ်မြစ်တို့သည် တုန်ခါလေပြီ။ ကြောက်မက်ဖွယ်ရာအသံကြောင့် ထွက်ပြေးသောသူသည် မြေတွင်းထဲသို့ကျလိမ့်မည်။ မြေတွင်းထဲမှတက်လာသောသူသည် ကျော့ကွင်း၌မိလိမ့်မည်။
ကမ္ဘာမြေကြီးသည် အစိတ်စိတ်အမွှာမွှာကွဲလေပြီ။ ကမ္ဘာမြေကြီးသည် လုံးလုံးကွဲအက်လေပြီ။ ကမ္ဘာမြေကြီးသည် သွက်သွက်ခါလှုပ်လေပြီ။
ကောင်းကင်တန်ဆာတို့သည် ပျက်စီးပျောက်ကွယ်သွား၍ ကောင်းကင်သည် စာလိပ်ကဲ့သို့လိပ်သွားမည်။ ကောင်းကင်တန်ဆာတို့သည် စပျစ်ပင်မှ အရွက်ကြွေကျသကဲ့သို့၊ သဖန်းပင်မှ အရွက်ကြွေကျသကဲ့သို့ ကြွေကျကြလိမ့်မည်။
အို ဘေဘီလုံသမီးပျို၊ မြေမှုန့်ပေါ်တွင် ဆင်းထိုင်လော့။ အို ခါလဒဲသမီး၊ ရာဇပလ္လင်ပေါ်မဟုတ်၊ မြေကြီးပေါ်တွင် ထိုင်လော့။ သင့်ကို နူးညံ့သိမ်မွေ့သောသူဟု ခေါ်တော့မည်မဟုတ်။
မိုးကောင်းကင်ကို မျှော်ကြည့်ကြလော့။ အောက်အရပ်ကမ္ဘာမြေကြီးကိုလည်း ကြည့်ကြလော့။ မိုးကောင်းကင်သည် မီးခိုးကဲ့သို့ကွယ်ပျောက်သွားမည်။ ကမ္ဘာမြေကြီးသည်လည်း အဝတ်ကဲ့သို့ဟောင်းနွမ်းသွားမည်။ မြေကြီးသားတို့သည်လည်း မှက်ကောင်ကဲ့သို့ သေဆုံးကြမည်။ သို့သော် ငါ၏ကယ်တင်ခြင်းသည် အစဉ်အမြဲတည်မည်။ ငါ၏ဖြောင့်မတ်ခြင်းသည် ပျောက်ပျက်မည်မဟုတ်။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏အမျက်တော်ကြောင့် ပြည်သည် မီးသင့်၍ လူတို့သည် လောင်စာကဲ့သို့ဖြစ်ကြလိမ့်မည်။ မည်သူမျှ မိမိညီအစ်ကိုကို မသနား။
ထာဝရဘုရားက “ကြည့်ရှုလော့။ ငါသည် ဘေဘီလုံမြို့၊ လက်ကမိုင်ပြည်သားတို့အပေါ်သို့ ဖျက်ဆီးခြင်းလေကို သင့်ရောက်စေမည်။
လမ်းသွားလမ်းလာအပေါင်းတို့၊ သင်တို့နှင့်ဘာမျှမဆိုင်သလော။ ထာဝရဘုရားပြင်းစွာအမျက်ထွက်တော်မူသောနေ့၌ ငါ့ကို ခံစားစေတော်မူသော ဒုက္ခဝေဒနာမျိုး မချိတင်ကဲခံရဖူးသူရှိသလော၊ ကြည့်လှည့်ပါ၊ မြင်လှည့်ပါ။
ထာဝရဘုရား၏အသံတော်သည် ဇိအုန်တောင်ပေါ်မှဟိန်းထွက်လာ၍ အသံတော်ကို ဂျေရုဆလင်မြို့မှ လွှင့်တော်မူသောအခါ ကောင်းကင်နှင့်မြေကြီး တုန်ခါလိမ့်မည်။ သို့သော် ထာဝရဘုရားသည် လူမျိုးတော်အဖို့ခိုလှုံရာ၊ အစ္စရေးအမျိုးသားတို့အဖို့ ရဲတိုက်ဖြစ်တော်မူ၏။
ထိုနေ့ရက်တို့၏ဆင်းရဲဒုက္ခပြီးဆုံးသည်နှင့် ချက်ချင်းပင် နေသည် မှောင်မည်းသွား၍ လသည်လည်း မိမိ၏အလင်းရောင်ကိုမပေးဘဲနေလိမ့်မည်။ ကြယ်တို့သည်လည်း ကောင်းကင်မှကြွေကျကာ အာကာသကောင်းကင်၏စွမ်းအားတို့သည် တုန်လှုပ်ကြလိမ့်မည်။
ကောင်းကင်နှင့်မြေကြီးသည် ကွယ်ပျောက်သွားလိမ့်မည်။ ငါ့စကားမူကား မည်သည့်အခါမျှ ကွယ်ပျောက်လိမ့်မည်မဟုတ်။
သို့ရာတွင် ထာဝရဘုရား၏နေ့ရက်သည် သူခိုးလာသကဲ့သို့ရောက်လာလိမ့်မည်။ ထိုနေ့ရက်၌ ကောင်းကင်သည် ကျယ်လောင်သောအသံဖြင့် ကွယ်ပျောက်သွား၍ လောကဓာတ်တို့သည် ပြင်းထန်သောအပူရှိန်ဖြင့် ပျက်သုဉ်းသွားလိမ့်မည်။ မြေကြီးမှစ၍ ၎င်းပေါ်၌ပြုလုပ်သောအရာတို့သည်လည်း လောင်ကျွမ်းလိမ့်မည်။
ထို့နောက် ဖြူသောပလ္လင်ကြီးနှင့် ထိုပလ္လင်ပေါ်တွင်ထိုင်တော်မူသောအရှင်ကို ငါမြင်ရ၏။ ကောင်းကင်နှင့်မြေကြီးသည် ထိုအရှင်၏မျက်မှောက်မှ ပျောက်လွင့်သွား၍ ၎င်းတို့အတွက်နေရာမရှိတော့ပေ။