အစ္စရေးလူမျိုး၏ဘုရားသခင်တည်းဟူသော အစ္စရေးလူမျိုး၏ကျောက်ဆောင်က ငါ့အား ‘ဘုရားသခင်ကို ကြောက်ရွံ့ရိုသေသောသူ၊ လူကို ဖြောင့်မှန်စွာ အုပ်စိုးသောသူသည်
ဟေရှာယ 11:1 - မြန်မာ့စံမီသမ္မာကျမ်း ယေရှဲ၏အငုတ်မှ အတက်ထွက်လာမည်။ သူ၏အမြစ်မှအကိုင်းသည် အသီးသီးလိမ့်မည်။ Common Language Bible ဒါဝိဒ်မင်းဆက်သည်ခုတ်လှဲသည့်သစ်ပင်နှင့် တူ၏။ သို့ရာတွင်သစ်ငုတ်မှအကိုင်းအခက် များထွက်လာသကဲ့သို့ ဒါဝိဒ်၏သားမြေး များအထဲမှဘုရင်သစ်တစ်ပါးပေါ်ထွက် လာလိမ့်မည်။ Garrad Bible ယေ ရှဲ အ မျိုး သား အ ငုတ် မှ အ တက် ထွက်၍၊ အ မြစ် မှ ပေါက် သော အ ညွန့် သည်၊ သီး လိမ့် မည်။ Judson Bible ယေရှဲအမျိုးအငုတ်၌ အတက်ပေါက်လိမ့်မည်။ သူ၏အမြစ်တို့တွင် အညွန့်သည် အသီးသီးလိမ့်မည်။ |
အစ္စရေးလူမျိုး၏ဘုရားသခင်တည်းဟူသော အစ္စရေးလူမျိုး၏ကျောက်ဆောင်က ငါ့အား ‘ဘုရားသခင်ကို ကြောက်ရွံ့ရိုသေသောသူ၊ လူကို ဖြောင့်မှန်စွာ အုပ်စိုးသောသူသည်
သူတို့သည် ကိုယ်တော့်နိုင်ငံ၏ ဘုန်းအသရေတော်အကြောင်းကို ပြောဆိုကြပါလိမ့်မည်။ ကိုယ်တော်၏အစွမ်းတန်ခိုးတော်အကြောင်းကိုလည်း မြွက်ဆိုကြပါလိမ့်မည်။
ထိုနေ့ရက်၌ ယေရှဲ၏အမြစ်သည် လူတို့အတွက် အောင်လံသဖွယ်ရပ်တည်လိမ့်မည်။ လူမျိုးတို့သည် သူ့ကို မေးမြန်းစူးစမ်းကြလိမ့်မည်။ ကိန်းဝပ်တော်မူရာအရပ်သည် ဘုန်းအသရေရှိလိမ့်မည်။
ထိုနေ့ရက်၌ ထာဝရဘုရား၏အကိုင်းသည် လှပ၍ဘုန်းအသရေရှိမည်။ မြေ၏အသီးအနှံသည်လည်း အသက်ဘေးလွတ်သောအစ္စရေးလူမျိုးတို့အတွက် ဂုဏ်ယူဝင့်ကြွားစရာဖြစ်လိမ့်မည်။
အကြောင်းမှာ သူသည် နုနယ်သောအပင်ကဲ့သို့၊ ခြောက်သွေ့သောမြေမှ အမြစ်ကဲ့သို့ ကိုယ်တော်၏ရှေ့တော်၌ ရှင်သန်၏။ သူသည် ရှုချင်စဖွယ် ပုံပန်းသဏ္ဌာန်မရှိ။ ခန့်ညားထည်ဝါမှုလည်းမရှိ။ နှစ်သက်ဖွယ် ရုပ်ရည်လည်းမရှိ။
သပိတ်ပင်နှင့်ဝက်သစ်ချပင်တို့သည် ခုတ်လှဲခြင်းခံရ၍ အငုတ်သာကျန်သကဲ့သို့ ဆယ်ပုံတစ်ပုံသာကြွင်းကျန်သောထိုပြည်သည် ထပ်၍ဝါးမျိုဖျက်ဆီးခြင်းခံရလိမ့်မည်။ သန့်ရှင်းသောအမျိုးအနွယ်သည် အငုတ်ဖြစ်လိမ့်မည်”ဟု မိန့်တော်မူ၏။
အကြောင်းမူကား သူငယ်သည် ငါတို့အဖို့ ဖွားမြင်တော်မူပြီ။ ငါတို့အား သားကိုပေးတော်မူပြီ။ သူ၏ပခုံးပေါ်၌ အာဏာစက်ရှိလိမ့်မည်။ နာမတော်ကို အံ့ဩဖွယ်၊ တိုင်ပင်ဖက်၊ တန်ခိုးကြီးသောဘုရားသခင်၊ ထာဝရအဖ၊ ငြိမ်သက်ခြင်းအရှင်ဟု ခေါ်ဝေါ်ကြလိမ့်မည်။
သူ၏အာဏာစက်သည် အစဉ်တိုးပွား၍ ငြိမ်သက်ခြင်းသည် အဆုံးမရှိ။ ဒါဝိဒ်၏ရာဇပလ္လင်ပေါ်တွင်ထိုင်၍ နိုင်ငံတော်ကို ယခုမှစ၍ နောင်ကာလအစဉ် တရားမျှတခြင်း၊ ဖြောင့်မတ်ခြင်းတို့ဖြင့် တည်တံ့ခိုင်မြဲစေမည်။ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် စိတ်အားထက်သန်စွာဖြင့် ဤအမှုကို ပြုတော်မူလိမ့်မည်။
ထာဝရဘုရားက “ကြည့်ရှုလော့။ အချိန်ကျရောက်ပြီ။ ဖြောင့်မတ်ခြင်းအကိုင်းကို ဒါဝိဒ်အမျိုးမှ ငါပေါ်ထွက်စေမည်။ သူသည် ဘုရင်အဖြစ်အုပ်စိုးမည်။ ပညာသတိရှိလျက် ပြည်တော်၌ တရားမျှတစွာ၊ ဖြောင့်မတ်စွာ စီရင်မည်။
ထိုနေ့ ထိုအချိန်၌ ဖြောင့်မတ်ခြင်းအကိုင်းကို ဒါဝိဒ်အမျိုးထဲမှ ငါပေါ်ထွက်စေမည်။ သူသည် မြေကြီးပေါ်၌ တရားမျှတစွာ၊ ဖြောင့်မတ်စွာ စီရင်လိမ့်မည်။
ဘုရားရှင်ထာဝရဘုရားက ‘ငါသည် သစ်ကတိုးပင်ထိပ်ဖျားမှ အညွန့်ကိုခူး၍ စိုက်မည်။ အညွန့်နုနုကိုခူး၍ မြင့်မားလှသောတောင်ပေါ်မှာစိုက်မည်။
ငါ၏အစေအပါးယာကုပ်အား ငါပေး၍ ဘိုးဘေးတို့နေထိုင်ခဲ့ဖူးသောပြည်၌ နေထိုင်ကြရလိမ့်မည်။ သူတို့နှင့် သူတို့၏သားသမီးမြေးမြစ်တို့သည် ထိုပြည်တွင် အစဉ်အမြဲနေထိုင်ကြရ၍ ငါ၏အစေအပါးဒါဝိဒ်သည် သူတို့ကို အစဉ်အုပ်စိုးမည်။
“အို ဧဖရတ်ဗက်လင်မြို့၊ ယုဒမြို့များတွင် သင်သည် သေးငယ်သောမြို့ဖြစ်သော်လည်း ငါ့အဖို့ အစ္စရေးလူမျိုးကို အုပ်စိုးသူမင်းသည် သင့်အထဲမှပေါ်ထွန်းလိမ့်မည်။ ထိုသခင်သည် ရှေးမဆွကပင် ရှိနှင့်ပြီးဖြစ်၏။”
အို ယဇ်ပုရောဟိတ်မင်းယောရှု၊ နားထောင်လော့။ သင်နှင့်အတူ သင့်ရှေ့တွင်ထိုင်သောသင့်အပေါင်းပါတို့လည်း နားထောင်ကြလော့။ အကြောင်းမူကား သူတို့သည် နိမိတ်လက္ခဏာနှင့်ဆိုင်သောလူများ ဖြစ်ကြ၏။ ကြည့်ရှုလော့။ ငါ့အစေအပါးဖြစ်သည့် အတက်ကို ငါထွက်လာစေမည်။
ထို့နောက် သူ့အား ‘ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ကြည့်ရှုလော့။ အတက် ဟုအမည်ရှိသောသူတစ်ယောက် ပေါ်လာမည်။ သူသည် ထာဝရဘုရား၏ဗိမာန်တော်ကိုတည်ဆောက်လိမ့်မည်။
အာဗြဟံ၏သား၊ ဒါဝိဒ်၏သားဖြစ်တော်မူသော ယေရှုခရစ်တော်၏ဆွေတော်စဉ်မျိုးတော်ဆက်စာရင်းဟူမူကား
တစ်ဖန် ဟေရှာယကလည်း “ယေရှဲ၏အမြစ်ပေါက်လိမ့်မည်။ ထိုသူသည် လူမျိုးခြားတို့ကိုအုပ်ချုပ်ရန် ပေါ်ထွန်းသောသူဖြစ်၏။ လူမျိုးခြားတို့သည် သူ့ကိုမျှော်လင့်အားထားကြလိမ့်မည်”ဟု ဆိုထား၏။
ငါတို့၏သခင်သည် ယုဒအနွယ်မှပေါ်ထွန်းတော်မူကြောင်း သိသာထင်ရှား၏။ မောရှေသည် ထိုအနွယ်နှင့်ပတ်သက်၍ ယဇ်ပုရောဟိတ်နှင့်စပ်ဆိုင်သည့်အရာတစ်စုံတစ်ခုကိုမျှ မပြောဆိုခဲ့ပေ။
ငါယေရှုသည် အသင်းတော်များအတွက် ဤအကြောင်းအရာများကို သင်တို့အားသက်သေခံရန် ငါ၏ကောင်းကင်တမန်ကိုစေလွှတ်လိုက်၏။ ငါသည် ဒါဝိဒ်၏အမြစ်နှင့်အမျိုးအနွယ်ဖြစ်ပြီး တောက်ပသောမိုးသောက်ကြယ်ဖြစ်၏။”
ထိုအခါ သက်ကြီးဝါကြီးများထဲမှတစ်ပါးက “မငိုကြွေးနှင့်။ ကြည့်ရှုလော့။ ယုဒအနွယ်မှပေါ်ထွန်းသောခြင်္သေ့၊ ဒါဝိဒ်၏အမြစ်ဖြစ်တော်မူသောအရှင်သည် အောင်မြင်သဖြင့် ထိုစာလိပ်နှင့်တံဆိပ်ခုနစ်ခုကိုဖွင့်နိုင်၏”ဟု ငါ့အားပြောဆို၏။
အိမ်နီးချင်းတို့ကလည်း “နောမိ၌ သားတစ်ယောက်ရပြီ”ဟု ဆိုလျက် ထိုသူငယ်ကို ဩဗက်ဟု မှည့်ခေါ်၏။ ဩဗက်သည် ဒါဝိဒ်၏အဖိုး၊ ယေရှဲ၏ဖခင် ဖြစ်သတည်း။
ထိုအခါ ရှောလုမင်းကြီးက သူ့အား “အချင်းလူငယ်၊ သင်သည် မည်သူ့သားနည်း”ဟု မေးလျှင် ဒါဝိဒ်က “အကျွန်ုပ်သည် အရှင့်အစေအပါး၊ ဗက်လင်မြို့သား ယေရှဲ၏သားဖြစ်ပါသည်”ဟု လျှောက်၏။