အစ္စရေးလူမျိုးတစ်မျိုးလုံးတွင် အဗရှလုံကဲ့သို့ အများချီးမွမ်းရလောက်အောင် ရုပ်ရည်ခန့်ညားသူမရှိ။ ခြေဖျားမှ ဦးခေါင်းအထိ ခြောက်ပြစ်ကင်းသူဖြစ်၏။
ဟေရှာယ 1:6 - မြန်မာ့စံမီသမ္မာကျမ်း ဦးခေါင်းမှ ခြေဖျားတိုင်အောင် အနာနှင့်ကင်းသည်ဟူ၍ မရှိ။ ထိခိုက်ဒဏ်ရာ၊ ပွန်းပဲ့ဒဏ်ရာ၊ သွေးစိမ်းထွက်သောအနာတို့ဖြင့်သာပြည့်နေ၏။ အနာကိုမဆေးကြော၊ မပတ်စည်း၊ ဆီနှင့်မလူးကြပါတကား။ Common Language Bible ခြေဖဝါးမှဦးခေါင်းတိုင်အောင် သင်တို့ကိုယ်တစ်ခုလုံးသည်အနာနှင့်ကင်းသည်ဟူ၍မရှိ။ ပွန်းပဲ့ကွဲရှနာများ၊ ဒဏ်ရာသစ်ဒဏ်ရာဟောင်းများနှင့်ပြည့်လျက်နေပေသည်။ ထိုဒဏ်ရာများကိုဆေးကြောကာ၊ အဝတ်ဖြင့်မပတ်မစည်းရကြသေး။ ဆေးလည်းမထည့်ရကြသေး။ Garrad Bible ခြေ ဖ ဝါး မှ ဦး ခေါင်း ထိ သန် စွမ်း တော့ သည် မ ဟုတ်။ ရိုက် နှက် ခြင်း၊ နာ ကျင် ခြင်း နှင့် တ ကွ သွေး စိမ်း တည် သော အ နာ သက် သက် ဖြစ် လျက် မ ညှစ် မ စည်း၊ ဆီ မ လူး ကြ ပါ တ ကား။ Judson Bible ခြေဖဝါးမှသည် ဦးခေါင်းတိုင်အောင် ကျန်းမာခြင်းမရှိ။ စုတ်ရှသောအနာ၊ ထိခိုက်၍ရောင်သောအနာ၊ ရိရွဲသောအနာသက်သက်ရှိ၏။ ထိုအနာများကို မနှိပ်မနယ်ရ။ အဝတ်နှင့်မစည်းရ။ ဖယောင်းဆီနှင့် မပျော့စေရသေး။ |
အစ္စရေးလူမျိုးတစ်မျိုးလုံးတွင် အဗရှလုံကဲ့သို့ အများချီးမွမ်းရလောက်အောင် ရုပ်ရည်ခန့်ညားသူမရှိ။ ခြေဖျားမှ ဦးခေါင်းအထိ ခြောက်ပြစ်ကင်းသူဖြစ်၏။
အကြောင်းမူကား ထိုအရှင်သည် နာကျင်စေသော်လည်း အနာကို ပတ်စည်းပေးတော်မူ၏။ ဒဏ်ရာရစေသော်လည်း ဒဏ်ရာကိုပျောက်ကင်းစေတော်မူ၏။
ငါဆင်းရဲဒုက္ခရောက်သောကာလ၌ ဘုရားရှင်ကိုငါရှာ၏။ ညအချိန်၌ ငါ၏လက်တို့ကို လက်ပန်းမကျစေဘဲ ဆန့်တန်း၏။ ငါ၏စိတ်ဝိညာဉ်သည် နှစ်သိမ့်ပေးခြင်းကို ငြင်းပယ်၏။
ထာဝရဘုရားသည် မိမိလူမျိုးတော်၏ဒဏ်ရာကို ပတ်စည်းပေး၍ မိမိဒဏ်ခတ်တော်မူသည့်အနာကို ပျောက်ကင်းစေတော်မူသောနေ့ရက်၌ လ၏အလင်းသည် နေ၏အလင်းကဲ့သို့ဖြစ်မည်။ နေ၏အလင်းသည် ခုနစ်ဆတိုး၍ ခုနစ်ရက်အလင်းကဲ့သို့ လင်းမည်။
စိတ်နှလုံးသည် အရာအားလုံးထက် စဉ်းလဲ၏။ ကုသ၍မရသောရောဂါဖြစ်၏။ စိတ်နှလုံးသဘောကို မည်သူနားလည်နိုင်သနည်း။
သင့်ဒဏ်ရာအတွက် အဘယ်ကြောင့်အော်ဟစ်ရသနည်း။ သင်၏ဝေဒနာ ပျောက်ကင်းနိုင်မည်မဟုတ်။ သင်၏အပြစ်ကြီးမား၍ သင်၏ဒုစရိုက်များပြားသောကြောင့် သင့်ကို ငါဤသို့ပြုခြင်းဖြစ်၏။
သို့သော် ငါသည် ဤမြို့၏အနာကို ကုသပေးမည်။ ပြန်လည်ကျန်းမာစေမည်။ ငြိမ်းချမ်းခြင်း၊ ဘေးကင်းလုံခြုံခြင်း အပြည့်အဝခံစားစေမည်။
ငြိမ်းချမ်းမှုမရှိသော်လည်း ‘ငြိမ်းချမ်းသည်၊ ငြိမ်းချမ်းသည်’ဟု ဆိုလျက် ငါ့လူမျိုးတော်၏ဒဏ်ရာကို ပေါ့ပေါ့တန်တန်ကုသပေးကြ၏။
ရေတွင်းမှရေထွက်လာသကဲ့သို့ ထိုမြို့ထဲမှမကောင်းမှုထွက်လာ၏။ မြို့ထဲ၌ ရက်စက်ကြမ်းကြုတ်ခြင်း၊ ဖျက်ဆီးခြင်းသတင်းကို ကြားရ၏။ ရောဂါဝေဒနာ၊ ထိခိုက်ဒဏ်ရာသည် ငါ့ရှေ့၌ အစဉ်ရှိ၏။
သင့်ဒဏ်ရာကို ကုသပေးမည့်သူမရှိ။ သင့်အနာသည် ဆိုးရွားလှ၏။ သင်မနှိပ်စက်ခဲ့ဖူးသူ ရှိသလော။ ထို့ကြောင့် သင့်သတင်းကို ကြားရသောသူအားလုံး လက်ခုပ်တီးကြလိမ့်မည်။
“ငါ၏နာမတော်ကို ကြောက်ရွံ့ရိုသေသော သင်တို့အဖို့ ဖြောင့်မတ်ခြင်းနေမင်းသည် ကုသခြင်းတောင်ပံနှင့်တကွ ပေါ်ထွန်းလာလိမ့်မည်။ သင်တို့သည်လည်း တင်းကုပ်မှ နွားသငယ်ကဲ့သို့ ခုန်ပေါက်လျက် ထွက်လာမည်။
ကိုယ်တော်သည် ထိုစကားကိုကြားလျှင်“ကျန်းမာသောသူတို့သည် ဆေးဆရာကို မလိုအပ်ကြပေ။ နာမကျန်းဖြစ်သောသူတို့သာလျှင် လိုအပ်ကြ၏။
ချဉ်းကပ်လျက် သူ၏ဒဏ်ရာများအပေါ် ဆီနှင့်စပျစ်ဝိုင်ကိုလောင်းထည့်ကာ အဝတ်နှင့်ပတ်စည်းပေး၏။ ထို့နောက် သူ့ကို မိမိ၏တိရစ္ဆာန်ပေါ်တင်လျက် တည်းခိုခန်းသို့ ခေါ်ဆောင်သွား၍ ပြုစုစောင့်ရှောက်လေ၏။