ခရစ်တော်သည် ဤသို့ဒုက္ခဝေဒနာခံစားရ၍ မိမိ၏ဘုန်းအသရေထဲသို့ဝင်စားရမည်မဟုတ်လော”ဟု သူတို့အား မိန့်တော်မူ၏။
ဟေဗြဲ 9:23 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ကောင်းကင်ဘုံ၌ရှိသောအရာတို့၏နမူနာများကို အဆိုပါအရာများအားဖြင့် စင်ကြယ်စေရန်လိုအပ်၏။ သို့သော် အထက်ကောင်းကင်အရပ်၌ရှိသောအရာအစစ်တို့ကိုမူကား ထိုအရာများထက် သာ၍မြတ်သောယဇ်အားဖြင့် စင်ကြယ်စေရန်လိုအပ်၏။ Common Language Bible အဆိုပါနည်းအားဖြင့်ကောင်းကင်ဘုံတွင် ရှိသည့်အရာတို့၏ပုံတူများကိုသန့်စင် စေရ၏။ ကောင်းကင်ဘုံတွင်ရှိသည့်အရာ တို့ကိုသန့်စင်စေရန်မှာမူသာလွန်မွန်မြတ် သောယဇ်ကိုပူဇော်ရန်လို၏။- Garrad Bible သို့ ဖြစ်၍ ကောင်း ကင် အ ရာ များ၏ အ တု ကို ဆို ခဲ့ သော ပူ ဇော် သ က္ကာ များ နှင့် စင် ကြယ် စေ ရ၏။ ကောင်း ကင် အ ရာ များ ကို မူ ကား သာ၍ မြတ် သော ပူ ဇော် သ က္ကာ များ နှင့် စင် ကြယ် စေ ရ၏။ Judson Bible ထိုကြောင့် ကောင်းကင်ဘုံ၌ရှိသော အရာတို့၏ ပုံများကို ထိုသို့သောယဇ်ပူဇော်ခြင်းအားဖြင့် စင်ကြယ်စေရသည်ဖြစ်၍၊ ကောင်းကင်အရာတို့ကို သာ၍မြတ်သော ယဇ်ပူဇော်ခြင်းအားဖြင့် စင်ကြယ်စေရ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုတိရစ္ဆာန်တို့၏ သွေးဖြင့် ကောင်းကင်ဘုံ၌ ရှိသောအရာတို့၏ ပုံတူဖြစ်သည့် တဲတော်ရှိ အရာအားလုံးကို စင်ကြယ်စေရ၏။ သို့ရာတွင် ကောင်းကင်ဘုံ၌ ရှိသောအရာ အစစ်အမှန်တို့ကိုမူ ထိုနည်းထက် ပို၍ မြတ်သောယဇ်ပူဇော်ခြင်းဖြင့် စင်ကြယ်စေရ၏။ |
ခရစ်တော်သည် ဤသို့ဒုက္ခဝေဒနာခံစားရ၍ မိမိ၏ဘုန်းအသရေထဲသို့ဝင်စားရမည်မဟုတ်လော”ဟု သူတို့အား မိန့်တော်မူ၏။
သူတို့အားမြွက်ဆိုတော်မူသည်မှာ“ကျမ်းစာ၌ရေးထားသည်ကား ခရစ်တော်သည် ဒုက္ခဝေဒနာခံစားရ၍ သုံးရက်မြောက်သောနေ့၌ သေသောသူတို့ထဲမှ ထမြောက်ရမည်။
ထိုသို့သွား၍ သင်တို့အတွက်နေရာပြင်ဆင်ပြီးလျှင် ငါရှိရာအရပ်၌ သင်တို့လည်းရှိစေရန် တစ်ဖန်ပြန်လာ၍ သင်တို့ကို ငါ့ထံသို့ ခေါ်ယူသိမ်းဆည်းမည်။
သို့ဖြစ်၍ ယခု အရှင်တို့သည် တရားလွှတ်တော်အဖွဲ့နှင့်အတူ ပေါလု၏အမှုကို ပို၍တိကျစွာစစ်ဆေးလိုဟန်ပြုလျက် သူ့ကို အရှင်တို့ထံသို့ခေါ်ဆောင်လာရန်တပ်မှူးကြီးအား လျှောက်ထားကြပါ။ အကျွန်ုပ်တို့သည် ဤနေရာသို့ သူမရောက်လာမီ သူ့ကိုသတ်ရန် အသင့်ရှိနေပါမည်”ဟု ပြောကြားကြ၏။
၎င်းတို့သည် ဖြစ်လာမည့်အရာများ၏အရိပ်မျှသာဖြစ်ကြပြီး အကောင်အထည်အစစ်မူကား ခရစ်တော်၌ရှိ၏။
ပညတ်တရားသည် နောင်လာမည့်ကောင်းသောအရာများ၏အရိပ်မျှသာဖြစ်ပြီး ၎င်းတို့၏ပုံသဏ္ဌာန်အစစ်အမှန်မဟုတ်သောကြောင့် နှစ်စဉ် အမြဲမပြတ်ပူဇော်နေသည့် တူညီသောယဇ်များအားဖြင့် အထံတော်သို့ချဉ်းကပ်သောသူတို့ကို မစုံလင်စေနိုင်ပေ။
အကြောင်းမူကား နွားလားနှင့်ဆိတ်တို့၏သွေးသည် အပြစ်များကိုမဖယ်ရှားနိုင်ပေ။
မောရှေသည် တဲတော်ကိုဆောက်လုပ်မည်ပြုစဉ်က “အလုံးစုံတို့ကို တောင်ပေါ်တွင် သင့်အား ငါပြခဲ့သည့်စံနမူနာအတိုင်းပြုလုပ်ရန် သတိပြုလော့”ဟူသောဗျာဒိတ်တော်ကိုရသည့်နည်းတူ ထိုသူတို့သည် အထက်ကောင်းကင်အရပ်၌ရှိသောအရာများ၏နမူနာပုံရိပ်နှင့်ဆိုင်သောဝတ်ကို ပြုကြ၏။
ထာဝရဝိညာဉ်တော်အားဖြင့် အပြစ်အနာအဆာကင်းသော မိမိကိုယ်ကို ဘုရားသခင်ထံပူဇော်ခဲ့သည့် ခရစ်တော်၏သွေးတော်သည် အသက်ရှင်သောဘုရားသခင်ကို ငါတို့ဝတ်ပြုမည့်အကြောင်း သေခြင်းနှင့်ဆိုင်သောအကျင့်များမှ ငါတို့၏အသိစိတ်ကို မည်မျှပို၍စင်ကြယ်စေလိမ့်မည်နည်း။
အကြောင်းမူကား ခရစ်တော်သည် စစ်မှန်သောအရာ၏ပုံတူမျှသာဖြစ်သည့် လူ့လက်ဖြင့်တည်ဆောက်သောသန့်ရှင်းရာဌာနထဲသို့မဝင်ဘဲ ငါတို့ကိုယ်စား ယခု ဘုရားသခင်၏ရှေ့တော်၌ထင်ရှားတော်မူရန် ကောင်းကင်ထဲသို့ဝင်တော်မူ၏။
ထို့နောက် သူတို့သည် သီချင်းအသစ်ကိုသီဆိုလျက် “ကိုယ်တော်သည် စာလိပ်ကိုယူ၍ ၎င်း၏တံဆိပ်များကိုဖွင့်ရန် ထိုက်တန်သောသူဖြစ်ပါ၏။ အကြောင်းမူကား ကိုယ်တော်သည် အသေသတ်ခြင်းခံရ၍ ကိုယ်တော်၏သွေးတော်အားဖြင့် မျိုးနွယ်စု၊ ဘာသာစကား၊ လူမျိုးနှင့် တိုင်းနိုင်ငံအသီးသီးတို့ထဲမှ လူတို့ကို ဘုရားသခင်အတွက် ရွေးနုတ်ဝယ်ယူပြီး