အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ဟေ​ဗြဲ 9:18 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ထို့ကြောင့် ပထမ​ပဋိညာဉ်​ကို​လည်း သွေး​မ​ပါ​ဘဲ​ဖွဲ့​ခဲ့​သည်​မ​ဟုတ်။

အခန်းကိုကြည့်ပါ။

Common Language Bible

ထို​ကြောင့်​ပ​ထ​မ​ပ​ဋိ​ညာဉ်​ပင်​လျှင်​သွေး ဖြင့်​အ​တည်​ဖြစ်​၏။-

အခန်းကိုကြည့်ပါ။

Garrad Bible

ထို ကြောင့် ဆို ခဲ့ သော ပ ထ မ ပ ဋိ ညာဉ် ကို ပင် အ သွေး ကင်း လျက် ဖွဲ့ ခဲ့ သည် မ ဟုတ်။

အခန်းကိုကြည့်ပါ။

Judson Bible

ထို​ကြောင့် ပ​ထ​မ​ပ​ဋိ​ညာဉ်​တ​ရား​ကို စီ​ရင်​သော​အ​ခါ၊ အ​သွေး​နှင့်​ကင်း၍ မ​စီ​ရင်။-

အခန်းကိုကြည့်ပါ။

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

ထို့ကြောင့် ပထမ​ပဋိညာဉ်​ကို တိရစ္ဆာန်တို့​၏ သွေး​နှင့်ပင် အတည်​ဖြစ်စေခဲ့၏။

အခန်းကိုကြည့်ပါ။



ဟေ​ဗြဲ 9:18
8 ပူးပေါင်းရင်းမြစ်များ  

ဟုဿုပ်ညွန့်​တစ်စည်း​ကို​ယူ​၍ အင်တုံ​ထဲ၌​ရှိ​သော​သွေး​တွင်​နှစ်​ပြီးလျှင် တံခါးထုပ်​နှင့် တံခါးတိုင်​နှစ်​ဖက်​ကို အင်တုံ​ထဲမှ​သွေး​ဖြင့် သုတ်​ရ​မည်​။ နံနက်​တိုင်အောင် မည်သူမျှ မိမိ​အိမ်​တံခါး​အပြင်​သို့ မ​ထွက်​ရ​။


မောရှေ​သည် အာရုန်​၏​သား​တို့​ကို​လည်း​ခေါ်ဆောင်​လာ​၍ သွေး​အချို့​ဖြင့် သူ​တို့​၏​ယာဘက်​နားပျဉ်း​၌​လည်းကောင်း​၊ ယာဘက်​လက်မ​နှင့်​ယာဘက်​ခြေမ​၌​လည်းကောင်း သုတ်လိမ်း​၏​။ ထို့နောက် မောရှေ​သည် ယဇ်ပလ္လင်​ပတ်ပတ်လည်​ပေါ်၌​လည်း သွေး​ကို​ဖျန်း​၏​။


ထာဝရ​ဝိညာဉ်​တော်​အားဖြင့် အပြစ်​အနာအဆာ​ကင်း​သော မိမိ​ကိုယ်ကို ဘုရားသခင်​ထံ​ပူဇော်​ခဲ့​သည့် ခရစ်တော်​၏​သွေး​တော်​သည် အသက်ရှင်​သော​ဘုရားသခင်​ကို ငါ​တို့​ဝတ်ပြု​မည့်​အကြောင်း သေ​ခြင်း​နှင့်ဆိုင်သော​အကျင့်​များ​မှ ငါ​တို့​၏​အသိစိတ်​ကို မည်မျှ​ပို၍​စင်ကြယ်​စေ​လိမ့်မည်​နည်း။


အကြောင်းမူကား သေတမ်းစာ​သည် ၎င်း​ကို​ရေး​ထား​သူ​အသက်ရှင်​နေ​စဉ် အကျုံး​မ​ဝင်၊ ထို​သူ​သေဆုံး​မှ​သာ အတည်​ဖြစ်​၏။


အကြောင်းမူကား မောရှေ​သည် ပညတ်​တရား​ကျမ်း​၌​ပါ​သမျှ​သော​ပညတ်​ချက်​တို့​ကို လူ​အပေါင်း​တို့​အား​ကြေညာ​ပြီးလျှင် ရေ​နှင့်​ရောနှော​သော နွားသငယ်​နှင့်​ဆိတ်​တို့​၏​သွေး​ကို​ယူ​၍ ထို​ကျမ်း​မှစ၍ လူ​အပေါင်း​တို့​ကို နီမြန်း​သော​သိုးမွေး​နှင့်​ဟုဿုပ်​ညွန့်​ဖြင့် ပက်ဖျန်း​လျက်


ပညတ်​တရား​အရ အရာ​အားလုံး​နီးပါး​သည် သွေး​အားဖြင့်​စင်ကြယ်​စေ​ရ​၏။ သွေး​သွန်းလောင်း​ခြင်း​မ​ရှိ​လျှင် အပြစ်​ခွင့်လွှတ်​ခြင်း​ကျေးဇူး​ဟူ၍​မ​ရှိ။