သို့ဖြစ်၍ သင်သည် ငါ့နှမဖြစ်သည်ဟု ပြောပါ။ ထိုသို့ပြောလျှင် သင့်အတွက်ကြောင့် ငါသည်ကောင်းစား၍ ငါ့အသက်သည်လည်း သင့်ကြောင့် ချမ်းသာရာရလိမ့်မည်”ဟု ဆို၏။
ဟေဗြဲ 7:6 - မြန်မာ့စံမီသမ္မာကျမ်း သို့သော် လေဝိ၏မျိုးဆက်စာရင်းမဝင်သောသူသည် အာဗြဟံထံမှ ဆယ်ဖို့တစ်ဖို့ကိုခံယူပြီး ကတိတော်ကိုရရှိထားသောသူအား ကောင်းချီးပေးခဲ့၏။ Common Language Bible မေလခိဇေဒက်သည်လေဝိအနွယ်ဝင်မဟုတ် သော်လည်း အာဗြဟံထံမှဆယ်ဖို့တစ်ဖို့အလှူ ကိုခံယူလျက် ဘုရားသခင်၏ကတိတော် များရရှိထားသူအာဗြဟံကိုကောင်းချီး ပေးခဲ့၏။- Garrad Bible လေ ဝိ အ နွယ် နှင့် မ စပ် သော ထို ပု ဂ္ဂိုလ် မူ ကား အာ ဗြ ဟံ့ ထံ ဆယ် ဖို့ တစ် ဖို့ အ လှူ ခံ ယူ လျက် က တိ တော် များ ရ ရှိ သူ့ ကို ပင် ကောင်း ကြီး ပေး ခဲ့၏။ Judson Bible သူတို့အမျိုးမဟုတ်သော ထိုမင်းမူကား၊ အာဗြဟံ၏လက်မှ ဆယ်ဖို့တစ်ဖို့ကို ခံလေ၏။ ကတိတော်တို့ကိုခံရသော သူကိုလည်း ကောင်းချီးပေးလေ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် ဤမေလခိဇေဒက်သည် လေဝိမျိုးဆက်မဟုတ်သော်လည်း သူသည် အာဗြဟံထံမှ ဆယ်ဖို့တစ်ဖို့အလှူကို ခံယူလျက် ဘုရားသခင်၏ကတိတော်ကို ရရှိထားသော အာဗြဟံအား ကောင်းချီးပေးခဲ့၏။ |
သို့ဖြစ်၍ သင်သည် ငါ့နှမဖြစ်သည်ဟု ပြောပါ။ ထိုသို့ပြောလျှင် သင့်အတွက်ကြောင့် ငါသည်ကောင်းစား၍ ငါ့အသက်သည်လည်း သင့်ကြောင့် ချမ်းသာရာရလိမ့်မည်”ဟု ဆို၏။
ငါသည် သင့်ကို ကြီးမြတ်သောလူမျိုးဖြစ်စေမည်။ သင့်ကို ငါကောင်းချီးပေး၍ သင်၏အမည်နာမကို ကြီးမြတ်စေသဖြင့် သင်သည် ကောင်းချီးမင်္ဂလာဖြစ်လိမ့်မည်။
သင်တို့သည် ပရောဖက်တို့၏သားမြေးများဖြစ်ကြသည်သာမက ဘုရားသခင်သည် အာဗြဟံအား ‘ကမ္ဘာပေါ်ရှိလူမျိုးစုအပေါင်းတို့သည် သင်၏အမျိုးအနွယ်အားဖြင့် ကောင်းချီးမင်္ဂလာခံစားရလိမ့်မည်’ဟု မိန့်တော်မူလျက် သင်တို့၏ဘိုးဘေးများနှင့်ပြုခဲ့သော ပဋိညာဉ်၏သားမြေးများလည်းဖြစ်ကြ၏။
ကမ္ဘာလောကကိုအမွေဆက်ခံသူဖြစ်မည်ဟု အာဗြဟံ၊ သို့မဟုတ် သူ၏အမျိုးအနွယ်အား ပေးတော်မူသောကတိတော်သည် ပညတ်တရားကိုထောက်၍ ပေးတော်မူသည်မဟုတ်ဘဲ ယုံကြည်ခြင်းနှင့်ဆိုင်သောဖြောင့်မတ်ခြင်းကိုထောက်၍ ပေးတော်မူ၏။
သူတို့သည် အစ္စရေးအမျိုးသားများဖြစ်ကြပြီး သားသမီးအရာဖြစ်စေ၊ ဘုန်းအသရေဖြစ်စေ၊ ပဋိညာဉ်များဖြစ်စေ၊ ပညတ်တရားပေးအပ်ခြင်းဖြစ်စေ၊ ဝတ်ပြုခြင်းဖြစ်စေ၊ ကတိတော်များဖြစ်စေ ထိုသူတို့နှင့်ဆိုင်၏။
ဘုရားသခင်သည် အာဗြဟံနှင့်သူ၏အမျိုးအနွယ်အား ကတိပေးတော်မူရာ၌ အများကိုရည်ညွှန်း၍ “အမျိုးအနွယ်တို့”ဟု မိန့်တော်မမူဘဲ တစ်ယောက်သောသူကိုသာရည်ညွှန်း၍ “သင်၏အမျိုးအနွယ်”ဟု မိန့်တော်မူ၏။ ထိုသူကား ခရစ်တော်ဖြစ်၏။
ထိုသူအပေါင်းတို့သည် ကတိပေးတော်မူသောအရာများကို မခံစားရသော်လည်း ၎င်းတို့ကို အဝေးမှလှမ်းမြင်၍ ကြိုဆိုလက်ခံကာ မိမိတို့သည် မြေကြီးပေါ်၌ အာဂန္တုများနှင့်သူစိမ်းဧည့်သည်များသာဖြစ်ကြောင်း ဝန်ခံလျက် ယုံကြည်ရင်းသေလွန်ကြ၏။
အာဗြဟံသည် စမ်းသပ်စစ်ဆေးခြင်းကိုခံရသောအခါ ယုံကြည်ခြင်းအားဖြင့် ဣဇက်ကိုပူဇော်၏။ ကတိတော်များကိုရရှိထားသောသူသည် တစ်ဦးတည်းသောသားကိုပူဇော်ရန်ပြင်ဆင်၏။
ဤမေလခိဇေဒက်ကား ဆလင်ဘုရင်ဖြစ်ပြီး အမြင့်ဆုံးသောဘုရားသခင်၏ယဇ်ပုရောဟိတ်ဖြစ်၏။ သူသည် ဘုရင်များကိုချေမှုန်းရာမှပြန်လာသော အာဗြဟံကို ကြိုဆိုလျက် ကောင်းချီးပေးလေ၏။