ငါသည် သင့်ကို ကြီးမြတ်သောလူမျိုးဖြစ်စေမည်။ သင့်ကို ငါကောင်းချီးပေး၍ သင်၏အမည်နာမကို ကြီးမြတ်စေသဖြင့် သင်သည် ကောင်းချီးမင်္ဂလာဖြစ်လိမ့်မည်။
ဟေဗြဲ 7:4 - မြန်မာ့စံမီသမ္မာကျမ်း မျိုးနွယ်စုဖခင်ဖြစ်သောအာဗြဟံပင် လက်ရပစ္စည်းများ၏ဆယ်ဖို့တစ်ဖို့ကို ပေးလှူခဲ့သောဤသူသည် မည်မျှလောက်ကြီးမြတ်သည်ကို ဆင်ခြင်ကြလော့။ Common Language Bible ငါတို့လူမျိုးတို့၏အဖအာဗြဟံသည်စစ် ပွဲမှ မိမိသိမ်းယူရရှိခဲ့သည့်ဥစ္စာပစ္စည်းများ ၏ဆယ်ပုံတစ်ပုံကို မေလခိဇေဒက်အားပေး လှူခဲ့သည်ဖြစ်ရာယင်းသို့ပေးလှူခြင်းခံရ သူသည်အဘယ်မျှကြီးမြတ်မည်ကိုဆင် ခြင်ကြလော့။- Garrad Bible လက် ရ ဥ စ္စာ အ နက် ဆယ် ဖို့ တစ် ဖို့ အ လှူ ကို အ မျိုး အ ဘ အာ ဗြ ဟံ့ ထံ ခံ ယူ သော ထို ပု ဂ္ဂိုလ် သည် မည် မျှ ကြီး မြတ် ကြောင်း ဆင် ခြင် ကြ လော့။ Judson Bible အမျိုး၏ အဘအာဗြဟံသည်၊ လက်ရဥစ္စာများကို ဆယ်ဖို့တစ်ဖို့လှူ၍ အလှူခံသောထိုမင်းသည် အဘယ်မျှလောက် ကြီးမြတ်သည်ကို ဆင်ခြင်ကြလော့။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်တို့၏ဘိုးဘေးအာဗြဟံသည် စစ်ပွဲမှ သိမ်းယူခဲ့သော ဥစ္စာပစ္စည်း၏ဆယ်ပုံတစ်ပုံကို မေလခိဇေဒက်အား ပေးလှူခဲ့ပြီး ဤသို့ပေးလှူခြင်းခံရသူသည် မည်မျှဂုဏ်အသရေရှိကြောင်း ဆင်ခြင်ကြလော့။ |
ငါသည် သင့်ကို ကြီးမြတ်သောလူမျိုးဖြစ်စေမည်။ သင့်ကို ငါကောင်းချီးပေး၍ သင်၏အမည်နာမကို ကြီးမြတ်စေသဖြင့် သင်သည် ကောင်းချီးမင်္ဂလာဖြစ်လိမ့်မည်။
သင်၏ရန်သူတို့ကို သင့်လက်သို့ အပ်နှံတော်မူသော၊ အမြင့်ဆုံးသောဘုရားသခင်သည် မင်္ဂလာရှိတော်မူပါစေသော”ဟု မြွက်ဆိုလေ၏။ အာဗြံသည်လည်း ရှိသမျှသောအရာတို့၏ဆယ်ဖို့တစ်ဖို့ကို သူ့အားပေးလှူ၏။
ညီအစ်ကိုတို့၊ မျိုးနွယ်စုဖခင်ဖြစ်သောဒါဝိဒ်နှင့်ပတ်သက်၍ သင်တို့အား ငါအတိအလင်းပြောဆိုနိုင်သည်မှာ သူသည်သေလွန်၍ သင်္ဂြိုဟ်ခြင်းကိုခံရပြီး သူ၏သင်္ချိုင်းဂူသည် ယနေ့တိုင်အောင် ငါတို့အရပ်၌ရှိ၏။
ထိုအခါ “အာဗြဟံသည် ဘုရားသခင်ကိုယုံကြည်သဖြင့် ထိုယုံကြည်ခြင်းကို သူ၏ဖြောင့်မတ်ခြင်းအဖြစ် သတ်မှတ်တော်မူ၏”ဟူသောကျမ်းချက်သည် ပြည့်စုံခြင်းသို့ရောက်၏။ အာဗြဟံသည်လည်း ဘုရားသခင်၏မိတ်ဆွေဟု ခေါ်ဝေါ်ခြင်းကိုခံရ၏။