ထာဝရဘုရားက “သင်သည် မေလခိဇေဒက်နှင့်တူသော ထာဝရယဇ်ပုရောဟိတ်ဖြစ်၏”ဟု ကျိန်ဆိုတော်မူသည်ဖြစ်၍ စိတ်တော်ပြောင်းလဲမည်မဟုတ်။
ဟေဗြဲ 7:15 - မြန်မာ့စံမီသမ္မာကျမ်း ထို့ပြင် မေလခိဇေဒက်နှင့်တူသော အခြားယဇ်ပုရောဟိတ်တစ်ပါးပေါ်ထွန်းသည်ဆိုလျှင် ဤအကြောင်းအရာသည် ပို၍သိသာထင်ရှား၏။ Common Language Bible မေလခိဇေဒက်နှင့်တူသောယဇ်ပုရောဟိတ် တစ်ပါးပေါ်ထွန်းလာသဖြင့် ယဇ်ပုရောဟိတ် မျိုးရိုးပြောင်းလဲသည်ဟုပိုမိုထင်ရှားလာ၏။- Garrad Bible ၎င်း ပြင် သင် သည် မေ လ ခိ ဇေ ဒက် နည်း တူ ထာ ဝ ရ ပ ရော ဟိတ် ဖြစ် သည် ဟူ သော သက် သေ ခံ ချက် နှင့် အ ညီ ကိုယ် ကာ ယ ဆိုင် ရာ ပ ညတ် တ ရား အ ရ မ ဟုတ်၊ နိ စ္စ အ သက် ဆိုင် ရာ တန် ခိုး တော် အ ရ မေ လ ခိ ဇေ ဒက် နည်း တူ ပ ရော ဟိတ် တစ် ပါး ပေါ် ထွန်း ခဲ့ သည် မှန် လျှင် တ ရား ပြောင်း ကြောင်း သာ၍ ထင် ရှား၏။ Judson Bible ထိုမှတစ်ပါး၊ မေလခိဇေဒက်နည်းတူ အခြားသော ယဇ်ပုရောဟိတ်သည် ပေါ်ထွန်းသည်မှန်လျှင်၊ ယဇ်ပုရောဟိတ်အမျိုး ပြောင်းလဲပြီဟု သာ၍ထင်ရှား၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း မေလခိဇေဒက်နှင့်တူသော အခြားယဇ်ပုရောဟိတ်တစ်ဦးပေါ်ထွန်းလာလျှင် ကျွန်ုပ်တို့ ပြောဆိုသည့် ယဇ်ပုရောဟိတ်မျိုးနွယ် ပြောင်းလဲကြောင်း ပိုမို သိသာထင်ရှား၏။ |
ထာဝရဘုရားက “သင်သည် မေလခိဇေဒက်နှင့်တူသော ထာဝရယဇ်ပုရောဟိတ်ဖြစ်၏”ဟု ကျိန်ဆိုတော်မူသည်ဖြစ်၍ စိတ်တော်ပြောင်းလဲမည်မဟုတ်။
သို့သော် သူ၌အမြစ်မစွဲသဖြင့် ခဏသာခံ၏။ တရားစကားကြောင့် ဆင်းရဲဒုက္ခ၊ သို့မဟုတ် ညှဉ်းဆဲခြင်းရောက်လာသောအခါ ချက်ချင်းစိတ်ပျက်သွားလေ၏။
အခြားကျမ်းချက်တွင်လည်း “သင်သည် မေလခိဇေဒက်နှင့်အလားတူသော ထာဝရယဇ်ပုရောဟိတ်ဖြစ်၏”ဟု မိန့်တော်မူသည့်အတိုင်းဖြစ်၏။
လူတို့သည် လေဝိအနွယ်နှင့်ဆိုင်သည့် ယဇ်ပုရောဟိတ်အရိုက်အရာအပေါ်တွင် အခြေခံပြီး ပညတ်တရားကိုရရှိကြသည်ဖြစ်၍ ၎င်းအားဖြင့် စုံလင်ခြင်းသို့ရောက်ခဲ့လျှင် အာရုန်နှင့်အလားတူမဟုတ်ဘဲ မေလခိဇေဒက်နှင့်အလားတူသည့် အခြားသောယဇ်ပုရောဟိတ်ပေါ်ထွန်းရန် အဘယ်ကြောင့်လိုအပ်သေးသနည်း။
ငါတို့၏သခင်သည် ယုဒအနွယ်မှပေါ်ထွန်းတော်မူကြောင်း သိသာထင်ရှား၏။ မောရှေသည် ထိုအနွယ်နှင့်ပတ်သက်၍ ယဇ်ပုရောဟိတ်နှင့်စပ်ဆိုင်သည့်အရာတစ်စုံတစ်ခုကိုမျှ မပြောဆိုခဲ့ပေ။
ထိုအရှင်သည် သွေးသားဇာတိနှင့်ဆိုင်သောညွှန်ကြားချက်ဖြစ်သည့် ပညတ်တရားအားဖြင့်မဟုတ်ဘဲ မပျက်စီးနိုင်သောအသက်နှင့်ဆိုင်သည့်တန်ခိုးတော်အားဖြင့် ထာဝရယဇ်ပုရောဟိတ်ဖြစ်လာ၏။
သူ၌ ဖခင်မရှိ၊ မိခင်မရှိ၊ မျိုးရိုးစဉ်ဆက်မရှိ၊ အသက်တာ၏အစလည်းမရှိ၊ အဆုံးလည်းမရှိ။ သူသည် ဘုရားသခင်၏သားတော်ကဲ့သို့ဖြစ်လျက် ယဇ်ပုရောဟိတ်အဖြစ် ထာဝစဉ်တည်နေ၏။