တစ်ဖန် ဘုရားသခင်က “မြေကြီးသည် မြက်ပင်ကိုလည်းကောင်း၊ အစေ့အနှံထွက်သောအပင်ကိုလည်းကောင်း၊ အမျိုးအလိုက် အတွင်း၌အစေ့ပါသည့်အသီးကိုသီးသော သီးစားပင်ကိုလည်းကောင်း မြေပေါ်၌ ပေါက်စေလော့”ဟု မိန့်တော်မူရာ ထိုအတိုင်းဖြစ်လေ၏။
ဟေဗြဲ 6:7 - မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား မြေကြီးသည် မိမိအပေါ်အကြိမ်ကြိမ်ကျသောမိုးရေကိုသောက်လျက် ထွန်ယက်စိုက်ပျိုးသောသူတို့အတွက် အသုံးဝင်သည့်အသီးအနှံများကိုဖြစ်ထွန်းစေပါက ဘုရားသခင်ထံမှကောင်းချီးမင်္ဂလာကိုခံစားရ၏။ Common Language Bible ရွာသွန်းသည့်မိုးရေကိုခံယူလျက်လယ်သမား တို့အဖို့ အသုံးဝင်သောအသီးအနှံများကို ဖြစ်ထွန်းစေသည့်မြေဆီလွှာကို ဘုရားသခင် သည်ကောင်းချီးပေးတော်မူ၏။- Garrad Bible အ ကြိမ် ကြိမ် ရွာ သော မိုး ရေ ကို သောက် ပြီး သော် ထွန် ယက် စိုက် ပျိုး သူ တို့ အ ဖို့ အ သုံး ဝင် သည့် ကောက် ပဲ ထွက် စေ သော မြေ သည် ဘု ရား သ ခင့် ထံ ကောင်း ကြီး မင်္ဂ လာ ခံ ရ ၏။ Judson Bible ဥပမာကား၊ အကြင်မြေသည် မိမိအပေါ်သို့ အဖန်ဖန်ကျသော မိုးရေကိုသောက်၍၊ လုပ်သောသူသုံးဖို့ ဟင်းသီးဟင်းရွက်ကို ဖြစ်စေတတ်၏။ ထိုမြေသည် ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာကို ခံတတ်၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း မြေကြီးသည် မိမိအပေါ် အဆက်မပြတ်ရွာသွန်းသော မိုးရေကို သောက်သုံး၍ စိုက်ပျိုးသူတို့အတွက် အသီးအနှံကို ဖြစ်ထွန်းစေလျှင် ထိုမြေကြီးသည် ဘုရားသခင်ထံမှ ကောင်းချီးကို ခံရ၏။ |
တစ်ဖန် ဘုရားသခင်က “မြေကြီးသည် မြက်ပင်ကိုလည်းကောင်း၊ အစေ့အနှံထွက်သောအပင်ကိုလည်းကောင်း၊ အမျိုးအလိုက် အတွင်း၌အစေ့ပါသည့်အသီးကိုသီးသော သီးစားပင်ကိုလည်းကောင်း မြေပေါ်၌ ပေါက်စေလော့”ဟု မိန့်တော်မူရာ ထိုအတိုင်းဖြစ်လေ၏။
ယာကုပ်သည် သူ့ထံသို့ချဉ်းကပ်၍ နမ်းလေ၏။ ထိုအခါ ဣဇက်သည် ယာကုပ်အဝတ်၏အနံ့ကိုခံ၍ “ကြည့်ရှုလော့။ ငါ့သား၏အနံ့သည် ထာဝရဘုရားကောင်းချီးပေးတော်မူသောလယ်၏ရနံ့နှင့်တူ၏။
မျက်ရည်ကျလျက် ကြဲစရာမျိုးစေ့ကိုသယ်ဆောင်၍ ထွက်သွားသောသူသည် မိမိ၏ကောက်လှိုင်းများကိုသယ်ဆောင်၍ ရွှင်လန်းစွာကြွေးကြော်ခြင်းဖြင့် မုချပြန်လာလိမ့်မည်။
ထိုသူသည် ထာဝရဘုရားထံမှ ကောင်းချီးမင်္ဂလာကိုလည်းကောင်း၊ သူ့ကိုကယ်တင်တော်မူသောဘုရားသခင်ထံမှ ဖြောင့်မတ်ခြင်းကိုလည်းကောင်း ရရှိလိမ့်မည်။
အကြောင်းမူကား ငါသည် ရေငတ်နေသောပြည်အပေါ် ရေကိုသွန်းလောင်းမည်။ ခြောက်သွေ့သောမြေပေါ်တွင် စမ်းရေစီးစေမည်။ သင်၏သားစဉ်မြေးဆက်အပေါ် ငါ့ဝိညာဉ်ကို သွန်းလောင်းမည်။ သင်၏သားမြေးတို့အပေါ် ငါ့ကောင်းချီးမင်္ဂလာကို သွန်းလောင်းမည်။
သူတို့နှင့်တကွ သူတို့ကျက်စားရာငါ့တောင်ပတ်ပတ်လည်ကို ကောင်းချီးမင်္ဂလာချပေးမည်။ ရာသီအလိုက် မိုးရွာသွန်းစေမည်။ ကောင်းချီးမိုးကို ရွာသွန်းစေမည်။
ထာဝရဘုရားကို ရှာဖို့ အချိန်တန်ပြီ။ ထာဝရဘုရားသည် ကြွလာ၍ သင်တို့အပေါ် ဖြောင့်မတ်ခြင်းမိုးကို မရွာစေမီတိုင်အောင် သင်တို့သည် ဖြောင့်မတ်ခြင်းမျိုးစေ့ကိုကြဲ၍ မေတ္တာကရုဏာအသီးကို ရိတ်သိမ်းကြလော့။ ပလပ်မြေကို ထွန်ယက်ကြလော့။
ငါသည် ဆဋ္ဌမနှစ်၌ သင်တို့အပေါ်သို့ ငါ၏ကောင်းချီးမင်္ဂလာကို သက်ရောက်စေမည်။ ထိုနှစ်၌ သုံးနှစ်စာအသီးအနှံ ထွက်လိမ့်မည်။
ငါ့အိမ်တော်၌စားစရာရှိနေစေရန် ဆယ်ဖို့တစ်ဖို့ရှိသမျှကို ဘဏ္ဍာတိုက်ထဲသို့ ယူဆောင်လာကြလော့။ ငါသည် ကောင်းကင်တံခါးတို့ကိုဖွင့်၍ နေရာလပ်မကျန်သည့်တိုင်အောင် ကောင်းချီးမင်္ဂလာသွန်းလောင်းမည်၊ မသွန်းလောင်းမည်ကို ဤနည်းဖြင့် ငါ့ကို စမ်းသပ်ကြလော့”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားမိန့်တော်မူ၏။
အကြောင်းမူကား တောင်းသောသူတိုင်းသည်ရ၏။ ရှာသောသူသည်လည်း တွေ့၏။ တံခါးခေါက်သောသူကိုလည်း ဖွင့်ပေးလိမ့်မည်။
ကြိုးစားလုပ်ဆောင်သောခြံသမားသည် အသီးအနှံများ၏အဦးဆုံးသောဝေစုကို ခံစားသင့်၏။
သို့ဖြစ်၍ ညီအစ်ကိုတို့၊ သခင်ဘုရားကြွလာတော်မူသည့်တိုင်အောင် စိတ်ရှည်သည်းခံကြလော့။ ခြံသမားသည် မြေမှအဖိုးတန်သည့်အသီးအနှံကို မိုးဦးနှင့်မိုးနှောင်းရွာသည်အထိ စိတ်ရှည်စွာစောင့်တတ်၏။