ဆလင်ဘုရင်မေလခိဇေဒက်မင်းကြီးသည်လည်း မုန့်နှင့်စပျစ်ဝိုင်ကိုယူဆောင်ခဲ့၏။ သူသည် အမြင့်ဆုံးသောဘုရားသခင်၏ယဇ်ပုရောဟိတ်ဖြစ်၏။
ဟေဗြဲ 5:10 - မြန်မာ့စံမီသမ္မာကျမ်း မေလခိဇေဒက်နှင့်အလားတူသော ယဇ်ပုရောဟိတ်မင်းဟု ဘုရားသခင်၏ခေါ်ဝေါ်သမုတ်တော်မူခြင်းကိုခံရ၏။ Common Language Bible ကိုယ်တော်အားမေလခိဇေဒက်၏အရိုက် အရာကိုဆက်ခံသူ ယဇ်ပုရောဟိတ်မင်းဟု အမည်နာမကိုဘုရားသခင်ပေးတော်မူ သတည်း။ Garrad Bible မေ လ ခိ ဇေ ဒက် နည်း တူ ပ ရော ဟိတ် မင်း ဟူ၍ ဘု ရား သ ခင် သ မုတ် တော် မူ ၏။ Judson Bible မေလခိဇေဒက်ကဲ့သို့သော ယဇ်ပုရောဟိတ်မင်းဟု ဘုရားသခင်သမုတ်တော်မူခြင်းကို ခံရ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ဘုရားသခင်သည် ကိုယ်တော်အား မေလခိဇေဒက်နည်းတူ ယဇ်ပုရောဟိတ်မင်းအဖြစ် ခန့်အပ်တော်မူ၏။ |
ဆလင်ဘုရင်မေလခိဇေဒက်မင်းကြီးသည်လည်း မုန့်နှင့်စပျစ်ဝိုင်ကိုယူဆောင်ခဲ့၏။ သူသည် အမြင့်ဆုံးသောဘုရားသခင်၏ယဇ်ပုရောဟိတ်ဖြစ်၏။
ထာဝရဘုရားက “သင်သည် မေလခိဇေဒက်နှင့်တူသော ထာဝရယဇ်ပုရောဟိတ်ဖြစ်၏”ဟု ကျိန်ဆိုတော်မူသည်ဖြစ်၍ စိတ်တော်ပြောင်းလဲမည်မဟုတ်။
ထို့ကြောင့် ကိုယ်တော်သည် လူတို့၏အပြစ်များအတွက် အသနားခံခြင်းအမှုကိုပြုရန် ဘုရားသခင်ရှေ့တော်၌ သနားကြင်နာတတ်သည့် သစ္စာရှိသောယဇ်ပုရောဟိတ်မင်းဖြစ်မည့်အကြောင်း အရာရာ၌ ညီအစ်ကိုများနှင့်တူရ၏။
သို့ဖြစ်၍ ကောင်းကင်နှင့်ဆိုင်သော ခေါ်ယူတော်မူခြင်း၌ပါဝင်သည့် သန့်ရှင်းသောညီအစ်ကိုတို့၊ ငါတို့ယုံကြည်ဝန်ခံသည့် တမန်တော်နှင့်ယဇ်ပုရောဟိတ်မင်းတည်းဟူသော ယေရှုအကြောင်းကို ဆင်ခြင်အောက်မေ့ကြလော့။
ထိုမေလခိဇေဒက်နှင့်ပတ်သက်၍ ငါတို့တွင် ပြောစရာစကားများစွာရှိသော်လည်း သင်တို့သည် နားဝေးကြသောကြောင့် ရှင်းပြရန်ခက်၏။
ယေရှုသည် မေလခိဇေဒက်နှင့်အလားတူသော ထာဝရယဇ်ပုရောဟိတ်မင်းဖြစ်လာပြီး ထိုကန့်လန့်ကာအတွင်းသို့ ရှေ့ဆောင်လမ်းခင်းပေးသူအဖြစ် ငါတို့ကိုယ်စားဝင်တော်မူ၏။