ရှောလမုန်မင်းကြီးသည် အစ္စရေးအမျိုးသားတို့ အီဂျစ်ပြည်မှထွက်လာပြီး နှစ်ပေါင်းလေးရာရှစ်ဆယ်အကြာ၊ အစ္စရေးလူမျိုးတို့ကိုအုပ်ချုပ်သည့် လေးနှစ်မြောက်၊ ဇိဖဟုခေါ်သော ဒုတိယလတွင် ထာဝရဘုရားအဖို့ အိမ်တော်ကို စတင်တည်ဆောက်၏။
ဟေဗြဲ 4:7 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ဘုရားသခင်သည် နေ့တစ်နေ့ကို “ယနေ့”ဟူ၍ တစ်ဖန် ချမှတ်တော်မူပြီး နောင်နှစ်ပေါင်းများစွာကြာသောအခါ အထက်ကဖော်ပြခဲ့သည့်အတိုင်း “ယနေ့ သင်တို့သည် ကိုယ်တော်၏အသံကိုကြားလျှင် သင်တို့စိတ်နှလုံးကို မမာကျောစေကြနှင့်”ဟု ဒါဝိဒ်အားဖြင့် မိန့်တော်မူ၏။ Common Language Bible ယင်းသို့ရရှိကြကြောင်းကို``ယနေ့'' ဟု နာမည်တွင်သောနေ့ရက်တစ်ရက်ကို ဘုရား သခင်သတ်မှတ်ပေးတော်မူသည့်အချက်က သက်သေပြ၏။ ကိုယ်တော်သည်ကျမ်းစာတော် တွင်ဖော်ပြပြီးသည့်အတိုင်း နှစ်ပေါင်းများ စွာကြာသောအခါဒါဝိဒ်မင်းအားဖြင့် ထိုနေ့ရက်ကိုအကြောင်းပြု၍ ``သင်တို့သည်ဘုရားသခင်၏အသံတော်ကို ယနေ့ကြားရလျှင်ခေါင်းမမာကြနှင့်'' ဟုမိန့်တော်မူသည်။ Garrad Bible သင် တို့ စိတ် မ ခဲ ယဉ်း စေ ကြ နှင့် ဟု ဆို ခဲ့ သော ကျမ်း ချက် နှင့် အ ညီ ကာ လ အ တန် ကြာ ပြီး နောက် ဒါ ဝိဒ် မင်း အား ဖြင့် ယ နေ့ ဟူ သော ကာ လ ကို တစ် ဖန် ပိုင်း ခြား တော် မူ ပြန်၏။ Judson Bible တစ်ဖန်တုံ၊ ယနေ့တွင် သင်တို့သည် ဗျာဒိတ်တော်အသံကို ကြားလျက်ရှိသည်ဖြစ်၍ ခိုင်မာသော စိတ်နှလုံးမရှိကြနှင့်ဟု ဆိုသည်ဖြစ်၍၊ ဤမျှလောက် ကာလကြာပြီးမှ၊ ယနေ့ဟု ဒါဝိဒ်ကျမ်းစာ၌ လာသောအခါ၊ တစ်စုံတစ်ခုသော နေ့ရက်ကို သေချာစွာမှတ်သားသတည်း။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ကြောင့် ဘုရားသခင်သည် စံမြန်းနားခိုရာသို့ ဝင်ခွင့်ပေးရန်အတွက် နေ့တစ်နေ့အား “ယနေ့” ဟု ပြန်လည်သတ်မှတ်တော်မူခဲ့၏။ နှစ်ပေါင်းများစွာ ကြာပြီးနောက် ကျမ်းစာ၌ ဖော်ပြခဲ့သည့် အတိုင်း ဘုရားသခင်သည် ဒါဝိဒ်မင်းမှတစ်ဆင့် မိန့်တော်မူသည်မှာ “ယနေ့ ကိုယ်တော်၏အသံကိုကြားလျှင် သင်တို့သည် ခေါင်းမမာကြနှင့်” ဟူ၍ဖြစ်၏။ |
ရှောလမုန်မင်းကြီးသည် အစ္စရေးအမျိုးသားတို့ အီဂျစ်ပြည်မှထွက်လာပြီး နှစ်ပေါင်းလေးရာရှစ်ဆယ်အကြာ၊ အစ္စရေးလူမျိုးတို့ကိုအုပ်ချုပ်သည့် လေးနှစ်မြောက်၊ ဇိဖဟုခေါ်သော ဒုတိယလတွင် ထာဝရဘုရားအဖို့ အိမ်တော်ကို စတင်တည်ဆောက်၏။
အကြောင်းမူကား ကိုယ်တော်သည် ငါတို့၏ဘုရားသခင်ဖြစ်တော်မူ၏။ ငါတို့သည်လည်း ကိုယ်တော်၏စားကျက်၌ ကျက်စားသောသူ၊ ကိုယ်တော်၏လက်တော်ထဲမှ သိုးစုဖြစ်ကြ၏။ ယနေ့ သင်တို့သည် ကိုယ်တော်၏အသံကိုကြားလျှင်
ကိုယ်တော်ကလည်း“သို့ဖြစ်လျှင် ဒါဝိဒ်သည် သူ့ကို ဝိညာဉ်တော်အားဖြင့် ‘သခင်’ဟု ခေါ်လျက်
ဒါဝိဒ်ကိုယ်တိုင် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ‘ထာဝရဘုရားသည် ငါ၏သခင်အား သင်၏ရန်သူတို့ကို သင်၏ခြေဖဝါးအောက်၌ ငါချထားသည့်တိုင်အောင် ငါ၏လက်ယာဘက်၌ ထိုင်နေလော့ဟု မိန့်တော်မူ၏’ဟူ၍ ဆိုထား၏။
ညီအစ်ကိုတို့၊ မျိုးနွယ်စုဖခင်ဖြစ်သောဒါဝိဒ်နှင့်ပတ်သက်၍ သင်တို့အား ငါအတိအလင်းပြောဆိုနိုင်သည်မှာ သူသည်သေလွန်၍ သင်္ဂြိုဟ်ခြင်းကိုခံရပြီး သူ၏သင်္ချိုင်းဂူသည် ယနေ့တိုင်အောင် ငါတို့အရပ်၌ရှိ၏။
သူသည် ၎င်းကိုကြိုတင်သိမြင်လျက် ခရစ်တော်၏ရှင်ပြန်ထမြောက်ခြင်းအကြောင်းကို ဟောပြောကာ ‘ကိုယ်တော်သည် မရဏာနိုင်ငံ၌ စွန့်ပစ်ထားခြင်းခံရမည်မဟုတ်။ ခန္ဓာတော်ကိုလည်း ပုပ်ပျက်ခြင်းနှင့် ကြုံတွေ့ခွင့်ပေးတော်မူမည်မဟုတ်’ဟု ဆိုခဲ့၏။
ထိုအခါ အချင်းချင်းကြား၌ သဘောထားကွဲလွဲသဖြင့် ပြန်သွားကြစဉ်တွင် ပေါလုက “သန့်ရှင်းသောဝိညာဉ်တော်သည် ပရောဖက်ဟေရှာယအားဖြင့် သင်တို့ဘိုးဘေးတို့အား လျောက်ပတ်စွာဟောပြောခဲ့သည်ကား
ကျမ်းစာ၌ “ယနေ့ သင်တို့သည် ကိုယ်တော်၏အသံကိုကြားလျှင် ဆန့်ကျင်ဘက်ပြုကြစဉ်ကကဲ့သို့ သင်တို့စိတ်နှလုံးကို မမာကျောစေကြနှင့်”ဟု ဆိုထား၏။